အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

Monday, March 9, 2009 ·


အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

လျှပ်စစ်မီး မလာလို့  မနက်စောစော နေရောင်ခြည်အလာမှာ စာမေးပွဲအတွက် စာကျက်နေရတဲ့ ကျောင်းသားတစ်ဦးပါ။ ညဘက်မှာလည်း စားပွဲပေါ်မှာ ဖယောင်းတိုင်မီးလေးထွန်းပြီး စာကျက်ရပြန်တယ်။

နအဖအာဏာရှင်တွေ နေထိုင်တဲ့ အဆောက်အဦးတွေ၊ အိမ်တွေ လမ်းတွေမှာတော့ မီးတွေ အဆက်မပြတ် ထိန်ထိန်ညီးနေပြီး၊ ငွေရှင်ကြေးရှင် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေကလည်း မီးပြတ်ခဲ့ရင်တော့ ကိုယ်ပိုင်မီးစက်တွေနဲ့  မီးအမှောင်ဆိုတာ သူတို့ ဘ၀မှာ မရှိစေရဖူး။

ပြည်သူ့ ရင်သွေး သားသမီးတွေ စာမေးပွဲတွေ အောင်မြင်ပြီး ပညာတတ်ကြီးတွေ ဖြစ်မှာစိုးလို့  ဒုက္ခ အခက်အခဲတွေ အမျိုးမျိုးကြုံအောင် ဖန်တီးပေးထားတဲ့အနေနဲ့  စာမေးပွဲတွေ နီးချိန်မှာရော သာမန် အချိန်တွေမှာရော လျှပ်စစ်မီး မပေးဘဲ အမှောင်ချထားတဲ့ နအဖရဲ့  ယုတ်မာချက်ကတော့ ရိုင်းစိုင်းလွန်းပါတယ်။

ပြည်သူတွေ မှောင်မှောင်မဲမဲထဲမှာ နေနေချိန်မှာတော့ နအဖအာဏာရှင်တွေက မီးအလင်းရောင် ထိန်ထိန် လင်းနေတဲ့ အောက်မှာ ဇိမ်ခံမှုအမျိုးမျိုးနဲ့ နေနေကြတယ်။ သူတို့ ရဲ့  သားသမီးတွေ ပျော်ရွှင်မြူးတူး သောင်းကျန်းကြတဲ့ နေရာတွေမှာလည်း မီးအလင်းရောင်စုံနဲ့  သာယာမိန်းမောနေကြတယ်။

ပြည်သူတွေတော့ ညဘက်အမှောင်မှာရော ဘ၀ဒုက္ခအမှောင်မှာရော တစ်နေ့ ထက်တစ်နေ့  နက်ရှိုင်း နစ်မြုပ်နေကြရတယ်။

ဒီအမှောင်ကျနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ လျှပ်စစ်မီးတွေ ပေးပါလို့  တောင်းဆိုနေရုံနဲ့  အလင်းရောင် ပြည့်စုံမှာ မဟုတ်တဲ့အတွက်၊ အမှောင်ကိုခွင်းပြီး အလင်းဆောင်ဖို့  မီးမလာလို့ အမှောင်ထဲမှာ နေနေကြရတဲ့ မြို့ တိုင်း နယ်တိုင်းနဲ့  မီးမရှိတဲ့ဘ၀မှာ နေနေကြရတဲ့ ရွာတိုင်း ဒေသတိုင်းက ပြည်သူတွေအာလုံးက ဒီနအဖ အာဏာရှင်ကို စုပေါင်း တိုက်ထုတ်ပစ် ကြရမယ်။

အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */