မြ၀တီ ညဈေးတွင် ဗုံးပေါက်ကွဲ လူ သုံးဦးသေ၊ ၁၇ ဦး ဒဏ်ရာရUpdate

Saturday, August 7, 2010 ·

Freedom News Group | ဗုံးပေါက်ကွဲမှု ကြောင့် မြ၀တီ အခြေစိုက် တပ်ရင်းများ မှ မြို့လယ် လမ်းမ တလျှောက် ညတွင်းချင်း နေရာ ယူထားသလို ၉၉၉ ဂိတ်မှ တာဝန်ခံ အဆင့်ရှိ DKBA ဗိုလ်အောင်ကျော် နှင့် တပ်သား နှစ်ဦး အပါအ၀င် မြ၀တီမြို့ပေါ်နေ DKBA အရာရှိ အချို့ကိုလည်း ဖမ်းဆီး ထားသည်ဟု သိရသည်။

ယနေ့ည ကိုးနာရီ ဆယ့် ငါးမိနစ် အချိန် ခန့်တွင် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့၌ ဗုံးပေါက်ကွဲရာ လူနှစ် ဦးသေဆုံး ခဲ့သည်။ ဗုံးပေါက်ကွဲ မှုမှာ ညဈေးရှိ ပန်းသီးဆိုင် ရှေ့တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ဆိုင်ကယ် စီးလာသည့် ပြောက်ကျား အကျ ၀တ်ထားသည့် လူတစ်ဦး ထိုဆိုင် ရှေ့ တွင် ဆိုင်ကယ်ရပ်ပြီး မကြာခင် ဗုံးပေါက်သွားခြင်း ဖြစ်သည်။

ပေါက်ကွဲမှု အရှိန်ကြောင့် ထိုသူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားပြီး တစ်ပိုင်းမှာ ဓာတ်ကြိုးတန်းတွင် သွားချိတ် နေသည်ဟု မျက်မြင် တွေ့ရှိ သူများက Freedom News Group သို့ ပြောသည်။

မြ၀တီမြို့ခံ များကမူ ဗုံးပေါက်ကွဲမှုမှာ DKBA ၏ လက်ချက်ဟု ပြောဆို နေကြပြီး ယမန် နေ့က စ၍ မြန်မာ စစ်တပ်က DKBA တပ်များ အခြေစိုက်သည့် နယ်စပ်ဂိတ်များ ဖြစ်သည့် ၉၉၉ ဂိတ် အပါအ၀င် အခြားဂိတ်များ ကို သိမ်းပိုက် လိုက်ခြင်းကြောင့် DKBA အဖွဲ့ဝင်များ မကျေမနပ် ဖြစ်နေကြသည်ဟု ဆိုသည်။

ဗုံးပေါက် ကွဲမှုကြောင့် လူသုံးဦး သေဆုံး ပြီး ၁၇ ဦး ဒဏ်ရာ ရရှိသည် ဟု မြ၀တီ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန် နေ့က လည်း မြန်မာ စစ်ဗိုလ်ချုပ် အချို့ စီးလာသည့် ယာဉ်တန်းအား ကော့ကရိတ်မြို့ အနီးတွင် ချောင်းမြောင်း ပစ်ခတ်မှု ဖြစ်ခဲ့သည်။

source by : Freedom News Group

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */