မြန်မာ မိန်းကလေး နှစ်ဦး ရောင်းစားရန် စီစဉ်စင် ကယ်တင် နိုင်ခဲ့

Saturday, August 7, 2010 ·

ကိုဦး | ယမန်နေ့ ညပိုင်းက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာ မိန်းကလေး နှစ်ဦးအား ထိုင်း ဘတ်ငွေ တစ်သောင်း နှစ်ထောင်ဖြင့် ရောင်းရန် စီစဉ် နေစဉ်တွင် မဲဆောက် အခြေစိုက် ပြည်သူ့ စေတနာ့ ၀န်ထမ်း အသင်းမှ ကယ်တင် နိုင်ခဲ့သည်။

ရန်ကုန်တိုင်း၊ အင်းစိန် မြို့နယ်၊ ဈေးကုန်း အရှေ့ ရပ်ကွက် မီးရထားဝန်း အတွင်း နေထိုင်သော အဖအမည်- ဦးမျိုးမြင့်၊ ဒေါ်နန်းဦး တို့၏ သမီးများ ဖြစ်ကြသော မမျိုးမျိုးအေး အသက်(၂၄) နှစ် နှင့် မနှင်းနှင်းယု အသက်(၂၁) နှစ် တို့ နှစ်ဦးကို အတူ ဈေးရောင်း ခဲ့သော သူငယ်ချင်း၏ အမေ ဖြစ်သူ ဒေါ်သီတာ အင်းစိန် ကုန်းကျော် တံတား အနီး မီးရထားဝန်း အတွင်း နေထိုင်သူမှ ̏ မဲဆောက်တွင် အလုပ်လုပ်ချင်လျှင် ပိုက်ဆံ လုံးဝ ပေးစရာ မလိုကြောင်း စေတနာဖြင့် လိုက်ပို့ပေးမည်˝ ̏ သူတို့ အတွက် ဘာမှမရဘူး ˝ ဆိုလို့ ကျမတို့လဲ အမေ့ မျက်စေ့ခွဲရန် ဆေးဘိုး ကုန်ကျငွေကို ရှာရန် အတွက် မဲဆောက်မှာ အလုပ်သွားလုပ် မယ် ဆိုပြီး လိုက်လာ ခဲ့ကြောင်း ညီမ ဖြစ်သူ မနှင်းနှင်းယုက ( FNG ) သို့ပြောခဲ့ပါသည်။

မမျိုးမျိုးအေး ကလည်း ပြန်ရရင် ကောင်းမလား၊ အလုပ်ဘဲ ဆက်လုပ်ရင် ကောင်းမလား မသိ ဖြစ်နေတယ် အရမ်းလဲ စိတ်ညစ်တယ် အမေ့ အတွက်လဲ စိတ် အရမ်းပူတယ် ဒီမှာ နေရတာလဲ အရမ်း ကြောက်တယ် ဟုပြောသည်။

ကျမ တို့ကို ဒေါ်သီတာက ရန်ကုန် ကနေ ခေါ်လာခဲ့တယ် မြ၀တီကို ရောက်တော့ ဒေါ်သီတာက သူ့ရဲ့ သားမက် တော်သူ ကိုကျားကြီး နှင့် မဲဆောက်သို့ ဆက်လာ ခဲ့ရတယ် မဲဆောက် ဈေးအတွင်း လက်ဘက်ရည် ဆိုင်တန်းတွင် ရှိသော လက်ဘက်ရည်ဆိုင် တစ်ဆိုင် တွင် အမျိုးသမီးကြီး တစ်ဦးနှင့် တွေ့သော အခါ ထို အမျိုးသမီးကြီးက နင်တို့ နှစ်ယောက်ကို ဘတ်ငွေ တစ်သောင်း နှစ်ထောင် မြန်မာ ငွေနဲ့ ဆိုရင် ခြောက်သိန်းလောက် ရှိမယ် ဆိုတော့ သမီးလဲ အရမ်း ခံစား မိရတယ် ကြောက်လဲ ကြောက်တယ် သမီး အမ ဆိုရင် တစ်ချိန်လုံးငို နေတာဘဲ သမီးကတော့ မငိုဘဲ အနီးအနားမှာ အသိတွေ သူငယ်ချင်းတွေများ တွေ့မလားလို့ ရှာနေရင်း သူငယ်ချင်း တစ်ယောက် ကိုတွေ့ပြီး အကူအညီ တောင်းလိုက်လို့ လာပြီး ကူညီမဲ့ လူတွေနဲ့ တွေ့ပြီး လွတ်လာ ခဲ့ရတာပါ။

ကူညီ ကယ်တင် ခဲ့သူ ပြည်သူ့ စေတနာ့ ၀န်ထမ်း အသင်းမှ ကိုသိန်းဆန်းက ပြည်သူရဲ့ အရေး ကြုံလာတဲ့ အချိန်တိုင်းမှာ အမြဲ ကူညီနိုင်ရန် အတွက် လက်လှမ်း တမှီမှာ ရှိနေမှာ ဖြစ်ကြောင်း အခုလို လိမ်ညာ ရောင်းစား ခံရတာတွေ ကြုံတွေ့ ခံစား နေရတာတွေကို စိတ်မကောင်း ဖြစ်မိကြောင်း ပြောသည်။

ထိုင်း မြန်မာ နယ်စပ် မြို့များတွင် လူကုန်ကူးမှုများ အမြဲလို ဖြစ်ပေါ် နေသော်လည်း အောင်မြင်မှုမှာ မဆို သလောက်သာ ရှိခဲ့သည်။ လူကုန်ကူမှု တိုက်ဖျက်ရေး အဖွဲ့ မြ၀တီမြို့သို့ ( FNG ) က ဆက်သွယ် ခဲ့သော်လည်း တယ်လီဖုန်း ဖြေကြားခြင်း မရှိခဲ့ပါ။

source by : Freedom News Group

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */