ဆရာလွဏ်း ...
ဒီနေ့ ကျနော်တို့ မလေးရှားက ဆာဒန်းဆိုတဲ့ နယ်မြေမှာ လူဖမ်းပွဲ လုပ်တယ်ဗျ။ မနက် (၆) နာရီထဲက ဖမ်းတာ တနေ့လုံးပါပဲ ဆရာ။ အခု ကျနော် အင်တာနက်သုံးဖို့အလာ လမ်းမှာလည်း ဖမ်းဖို့ ကားတွေက စောင့်နေသဗျ။ အရင်ကဆိုရင် ရဲတွေက ရဲကားတွေနဲ့ပတ်ပြီး အခုတော့ အရပ်သုံးကားတွေနဲ့ (အော်ပရာစီဆိုတဲ့) အော်ပရေး ရှင်းလုပ်ကြသဗျ။ ကျနော့်အိမ်နဲ့ အင်တာနက်ဆိုင်ကြားမှာ တပြလောက်ဝေးသဗျ။ အဲဒီမှာ ကားအနက် ပါဂျဲရိုး လိုကားနဲ့ စားသောက်ဆိုင် တွေကို ပတ်ပြီး လိုက်ကြည့်နေသဗျ။
မနက်ပိုင်းက အဖမ်းခံရတဲ့ အမျိုးသမီး တယောက်ရဲ့အပြောပေါ့ (ဗျူးကြည့်တာ)၊ ဘာကြောင့် ပြန်လွတ်လာသ လဲမေးတော့ (UNHCR) ကတ်ရှိလို့ ပြန်လွှတ်ပေးလိုက်ပါသတဲ့။ ကျန်တဲ့လူများအားလုံး အဖမ်းခံရပါတယ်။ အင် ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် လူမျိုးတွေ ပါဝင်ပါတယ်။ ထူးခြားတာက ဖမ်းတဲ့ အဖွဲ့ထဲမှာ မြန်မာ လူမျိုး (နှုတ်ခမ်းမွေးရှိ) ပါနေတာပါ။ သူက ရောင်ပြန်ပါတဲ့ အင်္ကျီကို ဝတ်ပြီး (ရဲတွေဝတ်သော အင်္ကျီ) ဘာကိုင်ထားလဲ (ပတ်စပို့လား၊ UNHCR ကတ်လား) လို့ မေးတယ်လို့ သိရပါတယ်။
ဘာမှ မရှိတဲ့ လူကို မလေးရှားငွေ (၅၀၀) ပေးရင် ချက်ချင်း လွှတ်ပေးပါတယ်။ ကျနော် သံသယ ဖြစ်တာက မြန်မာ လူမျိုး တယောက် စကားပြန် လိုလို ပါနေတာပါ ဆရာ။
စံနေမင်း (မလေးရှား)
(၂၄-၁၁-၀၉)
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် မှ ရယူမျှဝေပါသည်။
0 ရဲ့ အမြင်:
Post a Comment