➼ ➼ မြန်မာပြည်တွင် မိုဘိုင်းဖုန်း(ဟမ်းဖုန်း) ကိုင် သူများ ဒုက္ခ တွေ့နေရပါတယ်။ ပိုက်ဆံ ရှိလို့ ကိုင်တယ် ဆိုပေမယ့် လိုအပ်လို့ ကိုင်ကြတာပါ အလုပ် အတွက်ပဲ ဖြစ်ဖြစ် လူမှု ဆက်သွယ်ရေး ကျန်းမာရေး လိုအပ်ချက်များကြောင့် ဟမ်းဖုန်း ကိုင်ကြခြင်း ဖြစ်ပါတယ်။ မောင်ခိုင် လမ်းရှိ အစိုးရ ဖုန်းရုံးရဲ့လုပ်စားချက်ကတော့ လက်လန် ပါတယ်။
နိုင်ငံခြားမှ ပြန်ရောက် လာသူ ၁ ယောက် ခံရပုံက ဒီလိုပါ... သူ့ဖုန်းက ပထမ ပိုက်ဆံ ဆောင်ဖို့ ကျန်တယ်ဆိုလို့ ဖုန်းကို ဖြတ်ထား ပါတယ် သူပြန်ရောက်ပြီး ပိုက်ဆံ ငါးသောင်း(၅၀၀၀၀) သွားသွင်း လိုက်ပါတယ် လက်ကျန်ငွေ ၆၀၀၀ ခြောက်ထောင်နဲ့ ဆို ၅၆၀၀၀ ပါ၊ ၁၀ ရက် လောက်ပဲ ပြောရ သေးတယ် ၂၇၀၀၀ ကုန်သွားလို့ ပိုက်ဆံ ၅၀၀၀၀ မကျန်တဲ့ အတွက် ဖုန်းလိုင်းဖြတ်မယ်လို့ massage ပို့ပါတယ် ၁၀ ရက် အတွင်း သူ ဒီလောက် မသုံးတဲ့ အတွက် ဒီလောက် ကျစရာ မရှိဘူးလို့ ပြောပြီး ဖုန်းဘေလ် အသေးစိတ် တွက်ခိုင်း ပါတယ် ယနေ့ ထိ ( ၃ ရက် ရှိပါပြီ) မတွက်ပေးပဲ ယောင်ဝါးဝါး လုပ်နေပါတယ်။ ဖုန်းလိုင်းဖြတ်မည် ဆိုးသောကြောင့် နောက်ထပ် ၅ သောင်း သွားသွင်း လိုက်ရ ပါတယ်။ အနိမ့်ဆုံး လက်ကျန် ၅ သောင်းရှိ ရမည်ဟု ပြောပါတယ် မရှိရင် ဖုန်းလိုင်းဖျက်မယ်လို့ ပြောပါတယ်။ ဖုန်းဘေလ်ကို သက်သက် ဆောင်ရပါတယ် ၅ သောင်းထဲက မလျှော့ပါဘူး စပေါ်တင်သလို ဖြစ်သွား ပါတယ် ကိုယ့်ဖုန်းကိုကိုယ် စပေါ်တင်ပြီး ကိုင်သလို ဖြစ်နေ ပါတယ်။ သူက မသိလို့ လိုက်စုံစမ်း ကြည့်တော့ တခြား သူတွေလည်း သူ့လိုပဲ ဆိုတာ သိရပါတယ်။ ကားပွဲစား ၁ ယောက်ဆိုရင် အသားတင် ၁ သိန်း သွင်းခိုင်း ပါတယ် ဖုန်းဘေလ် ကျသလောက် သက်သက်ဆောင် ရပါတယ်။ ဟိုတယ် လုပ်ငန်းရှင် အမျိုးသမီး တဦးကိုလည်း ၁ သိန်းခွဲ ဆောင်ခိုင်းပြီး ဖုန်းဘေလ်ကို ကျသလောက် သက်သက် ဆောင်ရပါတယ်။
နောက်စပေါ် သဘောမျိုး သွင်းထား ရသော ၅ သောင်း ၊ ၁ သိန်း ကိုလည်း ဖုန်းမကိုင်တော့လျှင် ပြန်ပေး မပေးကိုတော့ သူလည်း ရှင်းရှင်း လင်းလင်း မသိဘူးဟု ပြောဆိုပါတယ်။ ဒီမြန်မာပြည် ဥပဒေ ကိုတော့ သူ နားမလည်တော့ဘူး ဒီအစိုးရ လုပ်ပုံကိုတော့ နားမလည် နိုင်အောင် ဖြစ်မိကြောင်း ပြောပါတယ်။ တီဗီထဲ သတင်းစာထဲတွင် အကောင်းများ ပြနေ သလောက် အပြင်တွင် တကယ် ဖြစ်ပျက် နေတာကိုတော့ စိတ်ပျက်မိကြောင်း ပြောဆို ပါတယ်။ ဒီလို ခံရတဲ့ လူတွေ အများကြီး ရှိကြောင်း ပြောဆိုပါတယ်။ ပြည်သူ လူထုကို အနုနည်းနှင့် နှိပ်စက် နေတာတော့ အမှန်ပင် ဖြစ်သည်။ ခံလိုက်ရသော ပြည်သူ လူထုမှ မကျေမနပ် ဖြစ်နေကြပြီး ဘယ်ကို ဘယ်လို မေးမြန်း တိုင်းတမ်း ရမှန်း မသိ ဖြစ်နေ ပါတယ်။ ဖုန်းလိုင်း ဖြတ်လိုက်လျှင်လည်း ဒုက္ခ ရောက်မည် ဆိုး၍ သည်းခံ နေကြ ရပါတယ်။
➼ ➼ နောက်ထပ် ကြားရသည့် သတင်းကတော့ နောက်နှစ် (၂၀၁၀) တွင် အိမ်ဖုန်းများပါ ယခု ကဲ့သို့ စပေါ် သဘောမျိုး သွင်းရမည်ဟု ကြားသိ နေရလို့ စိတ်အတော် ညစ်မိသည်ဟု ပြောဆို ပါတယ်။
ပေးပို့သူ မိတ်ဆွေ အား အထူး ကျေးဇူးတင် ရှိပါသည်။
0 ရဲ့ အမြင်:
Post a Comment