တိုင်လို့ရတယ်တဲ့ဗျို့...........

Sunday, May 17, 2009 ·

ဟုတ်မဟုတ်တော့ မသိဘူးနော်……….မဟုတ်တာကတော့ များပါတယ်…အဲလိုမဟုတ်လည်း တိုင်တဲ့သူကို စောင့်ကြည့်မယ် …ပြီးရင် အပြစ်မရှိအပြစ်ရှာမယ်။ ဒါမှ မဟုတ် ဆေးခြောက်ပစ်ဖမ်းမယ် … ထင်တာမဟုတ်ဘူးနော် ဖြစ်နေတာကို ပြောတာ……. ဟုတ် မဟုတ်တော့ မသိဘူးနော်…………သန်းရွှေနဲ့ လက်ကိုင်ဒုတ် တွေရဲ့ေ--ာက်ကျင့်တွေကို သိလို့ကြိုပြောတာ ဟ ဟ ဟ….

မြန်မာနိုင်ငံ တစ်ဝန်လုံးရှိ အခြေခံ ပညာကျောင်းများတွင် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြမည့် ကျောင်းသူ ကျောင်းသား များကို ကျောင်းအပ်နှံကြေးမှအပ အလှူငွေနှင့် အပိုငွေကြေး တစ်စုံတစ်ရာ ပေးရန် မလိုအပ်ဘဲ

ပညာရေး ၀န်ထမ်းများက အလှူငွေနှင့် အပို ငွေကြေးတောင်းခံပါက နေပြည်တော် ပညာရေးဝန်ကြီးဌာနသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီး ပြင်းပြင်း ထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာန၏ရုံးအဖွဲ့မှူးဦးသန်းထွန်း က ပြောကြားသည်။ ၂၀၀၉ ခုနှစ် အခြေခံ ပညာကျောင်းအပ် ရာသီတွင် ကျောင်း အပ်နှံကြေးအပြင် အလှူငွေနှင့် အပိုငွေကြေး တောင်းခံမှုများရှိပါက တိုင်ကြားနိုင်ပြီး အမှန်တကယ် ငွေကြေးမသမာနိုင်မှု ပြုလုပ် တောင်းခံမှုများကို စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

“ကျောင်း အပ်နှံကြေးများအပြင် အခြားအပိုငွေ၊ အလှူငွေ တောင်းတာမျိုးရှိရင် တောင်းတဲ့ကျောင်းနာမည်၊ တောင်းတဲ့ ပညာရေး ၀န်ထမ်း နာမည်၊ ရာထူး၊ တောင်းခံတဲ့ အလှူငွေ ပမာဏ၊ နေ့ရက် အချိန်နဲ့ တိုင်ကြားမယ့် သူရဲ့ မှတ်ပုံတင် အမှတ်၊ နာမည်၊ ကျောင်းသား အမည်တွေ အပါအဝင် အချက်အလက် ပြည့်ပြည့်စုံစုံ မှတ်သားပြီး သတင်းပို့ပေးပါ။ ကျွန်တော်တို့ အရေးယူပါ့မယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။ ထိုသို့ တိုင်းကြားရာတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာဦးစီးဌာနသို့ တိုင်ကြားနိုင်သကဲ့သို့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများမှ တစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြူ၏ ကိုယ်ရေး အရာရှိကဆိုသည်။

အလှူငွေနှင့် အပိုကြေး တောင်းခံခြင်း ဆိုင်ရာတွင် ဗလာစာအုပ်နှင့် အခြား စာအုပ်စာတမ်းများ အပါအဝင် ကျောင်းသုံး ပစ္စည်းများကို မဝယ်မနေရ ရောင်းချခြင်းများလည်း အကျုံးဝင်သည်ဟု နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီး တစ်ဦးက ရှင်းပြသည်။ “အရေးယူတယ် ဆိုတဲ့ နေရာမှာ ဘယ်လောက် အတိုင်းအတာ ငွေကြေး ပမာဏ တောင်းခံသလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ဘယ်လိုအရေးယူမှုလုပ် မလဲဆိုတာ စီစဉ်မှာပါ” ဟု ဦးသန်းထွန်းက ဆိုသည်။

ကျောင်းအပ်ရာသီချိန်ငွေကြေးတောင်းခံမှုများကိုတိုင်ကြားလိုပါက စာတိုက်မှ လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း၊ လူကိုင်တိုင်သော် လည်းကောင်း တိုင်ကြားနိုင်ပြီး ရုံးအဖွဲ့မှူး၊ ပညာရေး ၀န်ကြီးဌာန၊ နေပြည်တော် နှင့် ညွှန်ကြားရေးမှူးချုပ်၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန အမှတ် - ၅၉(ခ) အောက် ကြည့်မြင်တိုင်လမ်း ကြည့်မြင်တိုင် မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူတိုင်ကြား နိုင်ကြောင်း၊

ဦးသန်းထွန်း
ရုံးအဖွဲ့မှူး၊
ပညာရေးဝန်ကြီးဌာန၊
နေပြည်တော်၏ ဖုန်းအမှတ်-၀၆၇- ၄၀၇၁၁၆ သို့ လည်းကောင်း၊

ဦးအေးကြူ
ညွှန်ကြားရေးမှူးချုပ်၊
အမှတ်(၃) အခြေခံပညာ ဦးစီးဌာန၏ ဖုန်းအမှတ်- ၀၁-၂၁၁၀၀၇ သို့လည်းကောင်း

သတင်းပေးပို့နိုင်ကြောင်းဖေါ်ပြနေတာကို သိရပါတယ် ဟုတ်မဟုတ်တော့ မသိဘူးနော် .......... ဟုတ် ဟုတ် မဟုတ်ဟုတ် မင်းတို့ ဇာတ်တွေ ပြုတ်ဖို့ပြင်ထားတော့လို့ မှာလိုက် ပါရစေ.....

အကောင်းဆုံးမြေသြဇာ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */