မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။
ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ် ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာ ရင်ကြပ် ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။
ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစ ကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။
နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူ တစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။
ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။
မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင် ပေးခဲ့ရတယ် ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့ အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။
အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက် နောက်ပိုင်း တွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသော သက်သေ တစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့ သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။
သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေး အစောင့် တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။
အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား အမှုဆင် ထိန်းသိမ်းထားမှု အပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်း တင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။
ကိုနစ်နေမန်း
နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment