စစ်ကိုင်းတံတားအနီးရှိ ရတနာပုံ တံတားသစ် ကြံ့ခိုင်မှု အားနည်းနေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိသည်ကို သတင်းထုတ်ပြန်မှုမပြု

Wednesday, April 1, 2009 ·


မန္တလေး ရတနာပုံတံတားသစ်ကြီး ကို
မန္တလေး ဖက်ကမ်းမှတွေ့ ရစဉ်
၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ကမှ ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ပင် မပြည့်သေးသည့် မန္တလေး စစ်ကိုင်း မြစ်ကူး တံတား ရတနာပုံ ၏ ရေလည် တိုင် တစ်ခုမှာ ရေအောက် သို့ အနည်းငယ် နိမ့်ဆင်းဝင်မှု ဖြစ်ပေါ်နေပြီး တံတား ခန်းဖွဲ့ တစ်ခုနှင့် တစ်ခု ဆက်သည့် အားဖြည့် သံပေါင် များမှာ အနည်းငယ်လွဲ သွားသည် ဟု သတင်းရရှိသည်။

လေတိုက်မှုနှုန်း၊ မြေအောက် ပြတ်ရွေ့များနှင့် တံတား၏ ခံနိုင်ရည်ဝန်အားတို့ ကြောင့်ထိုသို့ ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ရေလည်တိုင် မြေအောက်သို့ နိမ့်ဆင်းမှုသည် ဖေဖေါ်ဝါရီလ ကတည်းက စတင် ဖြစ်ပေါ်နေသည် ဟုသိရသည်။ထိုသို့ နိမ့်ဆင်းမှုသည် လတ်တလော တွင်ဆိုးဆိုး ရွားရွား မဖြစ်သေးသော် လည်း ပြုပြင်မှု နောက်ကျပါက တံတားကြိုးကျ သွားသည် ထိဖြစ်ပေါ် နိုင်သော်လည်း တံတားကို ပိတ်ထားခြင်း မရှိဘဲ ဖြတ်သန်း သွားလာ နိုင်သည်။

မန္တလေး ဆောက်လုပ်ရေး မှ အင်ဂျင်နီယာမှုးကြီး အပြင် စစ်အင်ဂျင်နီယာ တပ်မှ တိုးတိုးတိတ်တိတ် လာရောက်၍ မတ်လ ၂၆ ရက် နေ့ မှ စကာရတနာပုံတံတားသစ် ကိုပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ပြည်သူများကို မူ လုံးဝ အသိပေးမှု မပြုသေးချေ။

မတ်လ ၂၉ ရက်နေ့ က တံတား ပြင်ဆင်ရာသို့  မန္တလေးတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် တင်ငွေ နှင့် အတူ နေပြည်တော် မှ ဗိုလ်မှုးချုပ် တစ်ဦး ပါဝင်သည်ဆို သည့် အထူးအဖွဲ့ ရောက်လာ ကာမှ ပင် မန္တလေးသား အချို့လည်း တံတားကြီး အခြေအနေ ကိုသိရသည် ဟုဆိုသည်။

တံတားကြီး၏ ခွင့်ပြုတန်ချိန်မှာ တန် ၆၀ အထိသာ ဖြစ်သော်လည်း မြန်မာ-အိန္ဒိယ နယ်စပ် ဖက်သို့ စစ်လက် နက်ကြီး (အမြှောက်) များကို ကားဖြင့် ဖြတ်၍ တင်ပို့ မှုများကြောင့် လည်း တံတားကြီးမှာ ထိုသို့ ဖြစ်ရသည် ဟု တံတားအနီး နေသူတစ်ဦး ကFreedom News Group သို့ ပြောသည်။

ရတနာပုံ တံတားသစ်ကြီးမှာ မူလ စစ်ကိုင်းတံတား သစ်ကြီး၏ မြောက်ဘက် တွင်ရှိပြီး ၂၀၀၂ ခုနှစ်တံတားကြီးကို စတင် တည်ဆောက်စဉ် အချိန် က ထိုနေရာမှာ လေတိုက် နှုန်းပြင်းထန်၍ မဆောက်သင့် ဟု ကျွမ်းကျင်သူ များက အကြံပြုခဲ့သော် လည်း စစ်ခေါင်းဆောင် များက ပယ်ချခဲ့သည် ။တံတား တည်ဆောက်စဉ်အချိန်က အင်ဂျင်နီယာ တစ်ဦးအပါ အ၀င် အလုပ်သမား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */