ဥပဒေမဲ့ ထင်ရာစိုင်း ရမ်းကားနေသော ဖိုးလပြည့်၏ အပေါင်းအသင်းများ

Wednesday, April 1, 2009 ·

ဒီနေ့ ကားတိုက်မှုတစ်ခုဖြစ်ပါတယ်။ တိုက်တာက ရှေ့က ရှေးဟောင်းသုတေသနက အရာရှိမောင်းလာတဲ့ကားကို အနောက်ကနေ ၁၈၊ ၁၉ နှစ်အရွယ်လောက်ရှိတဲ့ ချာတိတ်သုံးယောက် မောင်းလာတဲ့ကားက ၀င်တိုက်တာပါ။

ကားတိုက်တဲ့အသံက အတော်ပြင်းတော့ ကျမတို့ ထွက်ကြည့်ကြတယ်။ အတိုက်ခံရတဲ့ကားကို မောင်းတဲ့ အရာရှိအမက ကျမတို့အသိမို့ အကူအညီပေးရအောင် သွားမေးကြတယ်။

အနောက်ကနေ ၀င်တိုက်တဲ့ကားကို မောင်းလာတဲ့ ချာတိတ်သုံးယောက်မှာ မောင်းလာတာက ကောင်မလေးဖြစ်ပါတယ်။ သူတို့  သုံးယောက်စလုံး ဆေးရွဲနေကြတယ်။ ၀တ်ထားစားထားကြတာလဲ မြင်မကောင်းဘူးပေါ့နော်။

မောင်းလာတဲ့ ချာတိတ်မက ဖုန်းတွေကောက်ဆက်ပြီး english လို broken တွေနဲ့ လှမ်းပြောတယ်။ တိုက်မိသွားတဲ့ကားကို တစ်ချက်တောင် မတောင်းပန်ဘူး။ အတိုက်ခံရတဲ့ကား မောင်းလာတဲ့ အမကြီးက လန့်သွားလို့ ကားပေါ်ကတောင် မဆင်းနိုင်ဘူး။ ကျမတို့ကပဲ ရုံးက လူလွှတ်ပြီး သူ့ရုံးက လူတွေခေါ်ခိုင်းရတယ်။

စိတ်ထဲမှာ ဟိုဖက်ကားက ခလေးတွေ ရိုင်းလိုက်တာလို့တော့ စိတ်ထဲမှာ ဖြစ်တာပေါ့နော်။ ဒါပေမဲ့ ဒီခေတ်ခလေးတွေ ဒီလိုပဲလို့ထင်မိတယ်။

ယာဉ်ထိန်းရဲလာတော့မှ မောင်းတဲ့လူနာမည်မေးတော့ တစ်ယောက်က ပြောတယ်။ ကျနော့်နာမည် ထူးမြတ်။ ကျနော်က ဖိုးလပြည့်ရဲ့ သူငယ်ချင်းပါ။ ဒီကားကို အကောင်းတိုင်း ပြန်ပြင်ပေးဖို့ တာဝန်ယူတယ်။ အမှုတွေ ဘာတွေလည်း လုပ်မနေပါနဲ့တဲ့။ ဆေးက အတော်ရွဲပြီး မျက်စိတောင် ကောင်းကောင်း မဖွင့်နိုင်ဘူး။

အဲဒါနဲ့ ကားထိသွားတဲ့ အရာရှိအမကြီးက စစ်ဒေသမှူးကို ဖုန်းဆက်တယ်။ သူက အမှုတွေ ဘာတွေလုပ်ချင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီခလေးတွေ ဆေးမူးပြီး ရမ်းနေလို့ ခဏဆွဲထားရင် ကောင်းမယ်ပေါ့။ စစ်ဒေသကလည်း ခုလိုက်လာမယ်ဆိုပြီးကာမှ ဖိုးလပြည့် သူငယ်ချင်းဆိုတာနဲ့ သူလိုက်မလာတော့ဘူး။ သူ့လူတစ်ယောက်ပဲလွှတ်ပေးမယ်တဲ့။

ခဏလည်းကြာရော ကောင်လေးတွေဖက်က ကားတွေ ၄ စီးလောက် လိုက်လာတယ်။ လာတဲ့ကားတွေက အကောင်းစားတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ အကုန် မှန်အမဲနဲ့ ကားနံပါတ်ကိုလည်း English လိုရေးတဲ့လူကရေး။ ကားနံပါတ် မပါတဲ့ကားက မပါနဲ့ ရှိနေတဲ့ ယာဉ်ထိန်းရဲတွေကို လုံးဝဂရုမစိုက်ဘူး။

ပြီးတော့ ပြောတယ် သူတို့ထဲက တစ်ယောက်က နိုင်ငံခြားရေးဝန်ကြီးရဲ့ သားပါ။ ကားကလည်း ဗိုလ်ချုပ်စိုးဝင်းနာမည်ပေါက်နဲ့ ဒါကြောင့် လူကြီးတွေလည်း အကြောင်းမကြားနဲ့ သူတို့ကားကို အကောင်းအတိုင်း ပြင်ပေးမယ်။ ဘာမှ ထပ်ဇတ်လမ်းမရှည်ချင်ဘူးလို့ပြောတယ်။

ရဲတွေကလည်းလေ အဲဒီလောက် မိုက်ရိုင်းပြီး မူးရူးနေတဲ့ လက်တောက်လောက်လေးတွေကို ဘာမှအရေးမယူရဲဘူး။ သူတို့ကားကို တောင် ၃ပွင့်နဲ့ ငနဲ က ရွှေ့ပေးရသေးတယ်။
ဥပဒေမဲ့လိုက်ကြတာ။

ကျမ မျက်စိရှေ့မှာ ဖြစ်နေတာတွေလေ။ ဒေါသထွက်လွန်းလို့ အသားတွေတောင်တုန်တယ်။ ကျမ ဓါတ်ပုံတွေပါ ပို့ချင်ပေမဲ့ connection ကမကောင်းတော့ ပို့လို့မရဘူး။ တိုက်သွားတဲ့ ထူးမြတ်ရဲ့ ကားနံပါတ်က (သ/2388)။ လိုက်လာတဲ့ထဲက တစ်စီးက ကားနံပါတ်ကို English လို (4A/ 5371) လို့ရေးထားတယ်။

နောက်မှ ရုံးက ကောင်လေးတွေပြောတယ်။ အဲဒီ ထူးမြတ်ဆိုတဲ့ကောင်လေးက နာမည်ကြီး။ ဖိုးလပြည့်ရဲ့ သူငယ်ချင်းဆိုပြီး ရမ်းကားနေတာ။ စိမ်းလန်းစိုပြေ ပန်းခြံထဲမှာ သူတို စတည်း ချတတ်တယ်။ မျက်စိထဲကြည့်မရရင် ပြဿနာရှာပြီးလိုက်ရိုက်လို့ ခံရတဲ့လူတွေလည်း မနည်းဘူးပြောတယ်။ ဥပဒေမဲ့တဲ့ မင်းမဲ့တိုင်းပြည်မှာ ဖြစ်နေတာတွေကို သိအောင်ပြောပြတာပါ။

(တာဝန်သိ ပြည်သူတစ်ဦး)။

ကိုနစ်နေမန်း ဘလော့ဂ်မှ ရယူပါသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */