Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk

Saturday, March 7, 2009 ·

ပလက်နက် | မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

“ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့ သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုး အကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာ ဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက် ဂျာနယ်သို့ပြောသည်။

လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏ အမည်နောက် တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ် ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။ လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက် ဂျာနယ်သို့ပြောသည်။

ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။ Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် www.Myanmartalk.net တွင် ၀င်ရောက် လေ့လာနိုင် သလို Mtalk Application Software ကိုလည်း အခမဲ့ Download လုပ်ခွင့်ပေးထားကြောင်း သိရသည်။



source by : http://www.planet.com.mm/news/read.cfm/id/12031

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */