အကျဉ်းသားများကိုမတရားဆက်ဆံနေခြင်း

Sunday, March 8, 2009 ·

ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မတရားဖမ်းဆီးအရေးယူခံထားရသော ပြည်တွင်းအဖွဲ့ငယ် တစ်ခုဖြစ် သည့် မတသဖ (မြန်မာ့ တပ်မတော်သစ်ဖွဲ့ စည်း ဖြစ်မြောက်ရေးအဖွဲ့) မှ ကိုနေ အား ယနေ့ ထိတိုင် မည်သည့် နေရာတွင် ထားရှိမှန်း ရေရေရာရာ မသိရသေးသည့်အပြင် ၎င်း၏အခြေအနေ နှင့်ပတ်သက်၍ သတင်း အမျိုးမျိုးလည်း ထွက်ပေါ်နေသည်။ နီးစပ်ရပ်သတင်း ရပ်ကွက်များမှ ခိုင်လုံသောသတင်းတစ်ခုအရ ကိုနေ အား လုံးဝရုံးထုတ် စစ်ဆေးမည် မဟုတ်ကြောင်း ကြားသိရသဖြင့် သူ့ အတွက် စိုးရိမ်စရာ အခြေအနေ ရှိကြောင်း။ ဥပဒေအရ သာမညအားဖြင့် နိုင်ငံရေးသမားများအားဖမ်းဆီးရာတွင် ထောင်ဒဏ်ချမှတ်ရန် ရုံးထုတ်လေ့ရှိသည်။

လက်နက်ကိုင် တော်လှန်ရေး သမားများ၊ ပုန်ကန်သူများ၊ပုန်ကန်ရာ ကြံစည်သူများ၊ တော်လှန်ပုန်ကန်မှု နှင့် ဆက်စပ်နေသူများကို မူ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူနိုင်ရုံတင်မက စစ်ဆေးမေးမြန်းရာတွင် ဖြေကြားခြင်း မရှိပါက ခက်ထန် နေပါက စစ်ဥပဒေအရ ရုံးမထုတ်ပဲ နှစ်သက်သလိုစီရင်ပိုင်ခွင့်ရှိသည်။ သမိုင်းတွင် အချို့ ယူဂျီများသည် တောတွင်း လက်နက်ကိုင်များ နှင့် အဆက်အသွယ် ရှိနေသဖြင့် စစ်တပ်မှ ကွပ်မျက်ခြင်း ခံရသည့် သာဓက ရှိသည်။

ယမန်နေ့က ကိုနေ့ မိဘများ အင်းစိန်ထောင်သို့ မေးမြန်းခဲ့ရာ ထောင် အာဏာ ပိုင်များက ၎င်းသည် အင်းစိန်ထောင်တွင် မရှိကြောင်းဖြေကြားခဲ့သည်။ ကိုနေ ၏ အခြေအနေသည် အင်မတန် စိုးရိမ်ဖွယ်ရှိသည်။ မကြာသေးမီက ဖမ်းဆီး အရေးယူ ခံထားရသည့် ကိုနေ၏ မိတ်ဆွေဖြစ်သော ကိုသန်းမြင့်အောင်(ဘလော့ဂါ မျိုးမြင့်အောင်) ကိုလည်း မည်သို့ စီရင်မည် မသိရသေးပါကြောင်း။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */