အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး၏ သတင်းစာ ရှင်းလင်းပွဲ ဗီဒီယို

Wednesday, November 11, 2009 · 0 ရဲ့ အမြင်

အာအက်ဖ်အေ | မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သော အမေရိကန်အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်လ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ်တွင် နိုဝင်ဘာ ၅ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံခရီး အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုသတင်း ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

လူမှောင်ခိုကူး ကျွန်ပြုခံရသော မြန်မာများ၏ ဘဝ

· 0 ရဲ့ အမြင်

RFA | ထိုင်းနိုင်ငံ၊ ဆာထာဟစ် ပင်လယ်ဆိပ်ကမ်းမြို့မှာ မသမာသူများက လူမှောင်ခိုကူး ကျွန်ပြုခံရတဲ့ မြန်မာ လူမျိုး ၁၈ ဦးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာ ၁၃ ရက်က ကယ်တင်လိုက်ပြီးနောက် သူတို့ရဲ့ ဘဝ အခြေအနေကို RFA မှ ဗီဒီယိုသတင်း တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

GAB=TBM=FBF အဖွဲများမှ လှုပ်ရှားမှု

Tuesday, November 10, 2009 · 0 ရဲ့ အမြင်

လက်ရှိ နအဖ စစ်အာဏာရှင် ကျဆုံး ဖယ်ရှားဖို့ အတွက် တော်လှန် နေသော တော်လှန်ရေး ညီကို မောင်နှမများ ခင်ဗျား-

၈-၁၁-၀၉ ရက်နေ့ ည ၁၂ နာရိခန့်တွင် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့နှင့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရေဥက္ကံ ကျေးရွာ ရှိ ရဲကင်း ၊ ကျန်စစ်သား အိမ်ရာ ဆိုင်းဘုတ်၊ ဗစ်တိုးရီးယား စတိုး ဆိုင်းဘုတ် များနှင့် ပန်းလှိုင် ဂေါက်ကွင်း ခြံစည်းရိုး အုပ်ရိုး တို့တွင် ပို့စကဒ်များ ကပ်ခြင်း၊ ကြေငြာချက်များ ကပ်ခြင်းနှင့် GAB=TBM=FBF စာသားများ ရေးသားခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထပ်မံပြီး -9.11.2009 ရက်နေ့ည ကြည့်မြင်တိုင် မြို့နယ် သီရိမင်္ဂလာဈေး အတွင်း လှုပ်ရှားမှု အဖြစ် ပို့စကဒ် များအား ပြည်သူလူထု အတွင်း ဖြန့်ဝေခြင်း ဈေးအတွင်းရှိ နံရံများ ဈေးတာဝန်ခံ ရုံးနံရံများ တံခါးများ ဆိုင်းဘုတ်များတွင် မြေသြဇာ အဖွဲ့ဝင်များမှ လှုပ်ရှားမှုများပြုလုပ် ခဲ့ကြပါသည်။

ဖတ်ကြည့်ချင်သေးလား....

စည်းလုံးညီညွတ်သော အာဆီယံမှ ကြိုဆိုပါ၏

Monday, November 9, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

အကြားအမြင် ရသူများထံ တမလွန် ဘ၀ ရောက်ရှိ သူများအား မေးမြန်းမှု ရန်ကုန်တွင် ခေတ်စားလာ

· 0 ရဲ့ အမြင်

ဟိန်းခိုင်ထွန်း | ကွယ်လွန်ပြီးသားလူ ပုဂ္ဂိုလ် အား သေပြီးနောက် မည်သည့် တမလွန် ဘုံဘ၀ တွင် ရောက်ရှိ နေကြောင်း မေးမြန်းမှုများသည် ရန်ကုန် နှင့် အနီးတ၀ိုက် ရှိမြို့ရွာများတွင် တွင်ကျယ် နေကြောင်း Freedom News Group မှ စုံစမ်း သိရှိရသည်။

လူတစ်ဦး တစ်ယောက် သေဆုံးပြီးလျှင် အထူးသဖြင့် မိသားစုဝင်များက သေဆုံးသူ မည်သည့် ဘုံဘ၀ ရောက်ရှိ နေကြောင်းကို နတ်ဆရာ အမည် ခံထားသူ များနှင့် အကြားအမြင် ရသူများထံတွင် မေးမြန်းမှုများ ပိုမို တွင်ကျယ်လာကြောင်း သိရသည်။

ထိုကဲ့သို့ တမလွန် ဘုံဘ၀ မေးမြန်းမှုများ နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ကွယ်လွန် ပြီးနောက် မည်သည့် ဘုံဘ၀ ရောက်ရှိ နေကြောင်း သန်လျှင်ရှိ ဘိုးတော် တစ်ဦးထံ သွားရောက် မေးမြန်းခဲ့သည့် ဒုတိယနှစ် ဂျီတီစီ ကျောင်းသူ တစ်ဦးက “သမီး အဖေ က သြဂုတ်လက ဆုံးသွားတာ အဲဒါနေ့တိုင်း ၀မ်းနည်း ရတယ်၊ ဒါနဲ့ အိမ်နီး နားချင်း တစ်ယောက်က ပြောတယ် သန်လျှင်က နတ်ဆရာက တမလွန် ဘ၀ ဟောတာ မှန်တယ် ဆိုတာနဲ့ သွားမေး ဖြစ်တယ်။ မေးကြတဲ့ သူတွေတော့ ရှိတယ်။သူကတော့ အဖေ့ ကို နတ်ပြည် ရောက်နေပြီလို့ ပြောတယ်။ တချို့ ကတော့ ဂျပန်မှာ လူပြန် ဖြစ်နေတယ်တို့၊ နောက် ဘ၀ မကူးသေးဘူး တောင်ကြီး ဘက်မှာ ခဏ နေနေ တယ်တို့ ဟောတယ် ။ သူကတော့ နတ်ပူး သလို လုပ်ပြီး ယုံအောင် ပြောတယ် ။ ယုံကြတဲ့ သူတွေ လဲ ရှိတယ် သမီးတော့ သိပ်မယုံဘူး ဟု Freedom News Group သို့ ပြောသည်။

နတ်ဆရာများ နှင့် အကြားအမြင် ရသူများထံ တွင် ကျန်ရစ်သူ မိသားစု ၀င်များက တမလွန် ဘ၀ မေးမြန်းမှုများမှာ လူတစ်သိန်း လေးသောင်းကျော် သေကြေ ပျက်စီး ခဲ့ရသည့် နာဂစ် မုန်တိုင်း တိုက်ခတ် ပြီးချိန်မှ စတင်၍ လူထုကြားတွင် တွင်ကျယ်လာခြင်း ဖြစ်သည်။

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ရန်ကုန် အနီး တ၀ိုက် ရှိ မြို့ရွာများ ဖြစ်သည့် ကွမ်းခြံကုန်း ၊ ခရမ်း ၊သုံးခွ ၊လှည်းကူး ၊ စစ်ပင် စသည့် ဒေသများ တွင် သေဆုံး သွားသည့် မိသားစုဝင်များ မည်သည့် ဘုံဘ၀ရောက် ရှိနေကြောင်း နီးစပ်ရာ အကြားအမြင် ရသူများမှ တစ်ဆင့် မေးမြန်းရာမှ တစ်စတစ်စ တွင်ကျယ် လာခြင်း ဖြစ်သည်။

ဆိပ်ကြီး မြို့နယ်တွင် နေပြီး မင်္ဂလာတောင်ညွန့်တွင် အကြားအမြင် ဟောသူ တစ်ဦးက “ဆရာကတော့ ကြားတာ မြင်တာပဲ ဟောတာပါ မကြားတာ မမြင်တာ မဟောပါဘူး ။ သမထ ပိုင်းကို အလေးထားတယ်။ အဓိက ဗေဒင် လက္ခဏာရပ် တွေ ဟောပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကားမှောက် လို့ သေသွားတဲ့ မိသားစု ၀င်တွေကို သူတို့ ရောက်နေတဲ့ တမလွန် ဘုံတွေ ဟောပေး လိုက်လို့ ဆရာ့ ဆီမှာ လူဝင်များတာပါ။“ ဟု ပြောသည်။

အချို့ အကြားအမြင်ဟော ဆရာများမှာ ကနားစီး သူများနှင့် ဘိုးတော်များ မှ တစ်ဆင့် နတ်ပူးသည် ဟု အမည်ခံကာ ဟောပြောကြခြင်း ဖြစ်သည်။ ရန်ကုန်မြို့ ၃၈ လမ်းဈေးရှိ ဈေးသည် တစ်ဦးကမူ “မမှန်တာတွေ လည်း ရှိတယ် တချို့က လုပ်စားတာ အသံတုနဲ့ လူတွေ ကတော့ သူတို့ကို စိတ်ချမ်းသာ အောင် လုပ်ပေးကြတယ် ဆိုပြီး အလှူငွေတွေ ဘာတွေ အများကြီးထည့် တယ် ဟု ပြောသည်။

အကြားအမြင်ရ ဆရာများ ထံတွင် မေးမြန်းသူ အများစုမှာ မိသားစုဝင်များ တမလွန် ဘ၀ နှင့် ပတ်သက်ပြီး မေးမြန်း သကဲ့သို့ အချို့မှာလည်း စီးပွားရေး ၊ မိသားစု ရေး များနှင့် ပတ်သက်ပြီး မေးမြန်းသည်ဟု သိရသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများမှာ ရိုးရာဓလေ့ အရ ထိုသို့ သော အယူများကို သက်ဝင် ယုံကြည်များရှိ သကဲ့ သို့  လက်ရှိအုပ်ချုပ်နေ သည့် စစ်အစိုးရ ခေါင်းဆောင် ပိုင်းများတွင်လည်း ဘိုးတော် ၊ နတ်ဆရာ စသည် တို့ ကို အားကိုး မှုကြောင့် ပြည်သူ များတွင် ထို အယူအဆ များမှာ သက်ဝင်လျှက် ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က နာမည်ကြီး ခဲ့သည် ကြို့ပင်ကောက် လေချွန်နတ် မှာ တမလွန် ဘ၀ရောက်ရှိ နေသူများ ဘ၀ မကူးသေးပါ က မိသားစုဝင်များနှင့်ပါ ဆက်သွယ် ပေးသည်။

သေဆုံးသူ သွားသူများ နှင့် ပတ်သက်ပြီး တမလွန် ဘ၀ အဟော မှာ မြန်မာ နိုင်ငံတွင် သာမက ဒေသတွင်း နိုင်ငံများ အပါအ၀င် အမေရိကန် ၊ ဥရောပ နှင့် ဂျပန် နိုင်ငံများတွင် ပါ ယခုထက် တိုင် ယုံကြည် သက်ဝင်မှု များရှိသေးသည်။

source by : FREEDOM NEWS GROUP

ဖတ်ကြည့်ချင်သေးလား....

ဂျပန်ရောက် သိန်းစိန် ကို ဒီလို ရှုတ်ချတယ်

Sunday, November 8, 2009 · 0 ရဲ့ အမြင်


ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */