နိုင်ငံတော် အလံသစ် တသိန်းခွဲ အမြန်ချုပ် လုပ်ရန် ညွှန်ကြား

Saturday, October 16, 2010 ·

အာအက်ဖ်အေ | မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော် အလံသစ်ကို ပြောင်းလဲ အသုံးပြုမယ် ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်း နေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ထံမှ သိရပါတယ်။


(RFA image)
ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ယခုအချိန်ထိ အသုံးပြုနေသော အလံ (နောက်) နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော လက်ရှိ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အဆိုပြုထားသော အလံသစ် (ရှေ့) တို့ ဖြစ်ပါသည်။

ပထမ အသုတ် အနေနဲ့ အလျား ၆ ပေ၊ အနံ ၄ ပေ ရှိတဲ့ နိုင်ငံတော် အလံ တသိန်းခွဲချုပ်ဖို့ ညွှန်ကြားထားပြီး အဲဒီလို ချုပ်လုပ်ရမဲ့ ပိတ်စတွေကို မြောက်ဥက္ကလာပရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ် လုပ်ငန်း အမှတ် (၁၇) မှာ ထုတ်ယူ ရတယ်လို့ ရန်ကုန် အထည်ချုပ်စက်ရုံတွေဆီက သိရှိရပါတယ်။

အလံတခုကို ချုပ်ခ ကျပ် - ၆၀၀ ပေးပြီး အောက်တိုဘာလ ၂၁ ရက်နေ့အမီ အပ်ရမယ်လို့ အသင်းဝင် စက်ရုံတွေကို စက်မှု (၁) ဝန်ကြီးဌာနက ညွှန်ကြား ထားပါတယ်။ ရန်ကုန် အထည်ချုပ် စက်ရုံတွေကို ချုပ်ခိုင်း ထားတဲ့ နိုင်ငံတော် အလံသစ် အဝါ၊ အနီနဲ့ အစိမ်း သုံးရောင်ခြယ် အလံ (ပုံ) ဖြစ်ပြီး အလယ်မှာ ကြယ်ဖြူ အသစ်တလုံး ပါရှိပါတယ်။

မြန်မာ စစ်အစိုးရ အသုံးပြုနေတဲ့ လက်ရှိ အလံ ကတော့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ အရ ပြောင်းလဲ အသုံး ပြုခဲ့တာ ဖြစ်ပါတယ်။

source by : အာအက်ဖ်အေ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */