ရွေးကောက်ပွဲ ကန့်ကွက်သူ မည်သူ့ကို မဆို အရေးယူရန် မီးစိမ်းပြ

Monday, October 11, 2010 ·

မိုးမခအထောက်တော် | ရှေ့လဆန်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြက်ရယ်ပြု၊ ထိပါး၊ နှောင့်ယှက်သည့် မည်သူ့ကို မဆို ဖမ်းဆီးပြီး အဆင်ပြေသည့် ပုဒ်မဖြင့် အရေးယူရန် ဗိုလ်ချုပ်ကြီးတို့က အမိန့် ပေးထားသည်ဟု နေပြည်တော်မှ လာသော သတင်းများက ဆိုသည်။

`အခု ထွက်နေတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခိုင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်လာပြီးတော့ ထုတ်ပြန် လိုက်တာနေမှာပါ။ ဒါကတော့ အတွင်းစကားတွေ အရပါ။ အထက်က နှုတ်မိန့်နဲ့ ထုတ်ထားတဲ့ သဘောပဲ´ ဟု နေပြည်တော်မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရိုက်နှိပ်ထားသော စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟု ဆိုသော မွန်ပြည်နယ်မှ သံဃာတပါး၊ ရန်ကုန်မှ ကျောင်းသား ၁၀ ဦးထက်မနည်း တို့ ထိန်းသိမ်းခံခဲ့ရသည်ဟု ပြီးခဲ့သည့် လအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးတို့၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ “မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့် အရေး” ရှိသဖြင့် မဲပေးခြင်း မပြုရန် နိုင်ငံရေးသမား အများအပြားက နိုင်ငံတ၀န်း လှုံ့ဆော်လျက် ရှိသည်။ အထူးသဖြင့် NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနယ်နယ်သို့ သွားရောက် လှုံ့ဆော်နေသည်။ သို့သော်လည်း ထိုသို့ လှုံ့ဆော်သည့် NLD အဖွဲ့ဝင်တို့ကို ဖမ်းဆီးသည့် သတင်းများ ထွက်ပေါ်မလာသေးပေ။

ဤအခြေအနေတွင် လှုံ့ဆော်သူများကို ရည်ရွယ်သည်ဟု ယူဆရသည့် အထက်ပါ နှုတ်မိန့် သတင်း ထွက်လာခြင်း ဖြစ်သည်။

မြန်မာပြည်တွင် ဖိနှိပ်သော ဥပဒေ အများအပြား ရှိသော်လည်း ဗိုလ်ချုပ်ကြီးတို့ထံမှ လာသော နှုတ်မိန့် များလည်း မနည်းလှကြောင်း သိရသည်။

ထိုနှုတ်မိန့်များကြောင့် အောက်ခြေ အာဏာပိုင် အဆင့်ဆင့်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ထောင်ပေါင်း များစွာကို ပုဒ်မမျိုးစုံတပ်ပြီး လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း အကျဉ်းထောင်များသို့ ပို့ခဲ့သည်ဟု ရန်ကုန်မှ နိုင်ငံရေးသမား တချို့က ပြောသည်။

source by : မိုးမခ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */