ရွေးကောက်ပွဲ ကိုယ်စလှယ်လောင်းများ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြပြီ

Wednesday, October 20, 2010 ·

ရန်ကုန်မြို့၊ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၀ ခုနှစ်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်း စုအဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစုများ၊ SAFFRON GENERATION၊ NEW GENERATION၊ မြေလတ် ကျောင်းသားများ အဖွဲ့ တို့ဖြင့် သြဂုတ် - စက်တင်ဘာလ တို့တွင် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါသည်။

သံဃာ၊ ကျောင်းသား လူငယ် အင်အားစုများ တပ်ပေါင်းစုဖွဲ့၍ ၂၀၁၀ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့ နေရာ အနှံ့အပြင်၊ မြန်မာနိုင်ငံ အတွင်းရှိ တချို့မြို့များတွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ယခုလည်း တပ်ပေါင်းစု(ဗဒတ)သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နှင့် ၁၇ ရက်(စနေ၊ တနင်္ဂနွေ) နေ့များတွင် ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့သည့် “ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အခွင့် အရေးရှိသလို မဲမပေးပဲ နေနိုင်တဲ့ အခွင့်ရေးလည်း ရှိတယ်” စာသား ပါရှိသော ပို့စကဒ်များကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်(၂၀) မြို့ နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှု တရပ် အဖြစ် ပြုလုပ်ခဲ့ကြ ကြောင်း သိရပါသည်။ အဓိက ဖြန့်ချိခဲ့ သည့် မြို့နယ်များမှာ မရမ်းကုန်းမြို့နယ်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ ဒဂုံ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ တာမွေ၊ တောင်ဥက္က လာပ၊ သန်လျင်၊ ကျောက်တန်းနှင့် သုံးခွ စသည့်မြို့နယ်များဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဗဒတ တပ်ပေါင်းစုတွင် ပါဝင်ကြသော လူငယ်၊ ကျောင်းသား အင်အားစုများသည် အဆိုပါ ပို့စကဒ်ပေါင်း တစ်သောင်း ခြောက်ထောင် ကျော်ကို ရန်ကုန်မြို့ရှိ လူနေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းမများ၊ ရုပ်ရှင် ရုံများတွင် နည်းအမျိုးမျိုးဖြင့် ပြည်သူများထံ ဖြန့်ကြဲ ဝေငှ ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ယခုကဲ့သို့ ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)အနေနဲ့ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲမှာ မဲလုံးဝ မပေးရေး ပို့စကဒ် ဖြန့်ဝေတဲ့ လှုပ်ရှားမှု လုပ်ရသည့် ရည်ရွယ်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ တွင် ပယ်မဲပေးတာနဲ့ လုံးဝ မဲသွားမပေးသည့် ကွာခြားချက် တို့ကို ဗကသများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) သတင်းနှင့် ပြန်ကြားရေး လုပ်ငန်းအဖွဲ့မှ ဆက်သွယ် မေးမြန်းခဲ့ရာ တပ်ပေါင်းစု ပြောရေး ဆိုခွင့်ရှိသူ ကိုရန်နိုင်က ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။

“ကျနော်တို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမထည့်ဖို့ နှိုးဆော်တဲ့ အနေနဲ့ ဒီပို့စကဒ်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ အဲဒီ လှုပ်ရှားမှု လုပ်ရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ခုချိန်မှာ ပြည်သူတွေက ၀ိုးဝါးနေတယ်ဗျာ။ ဘယ်ပါတီကို မဲထည့်ရမှန်း မသိဘူး၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘယ်လို ဆောင်ရွက်ရမှန်း မသိဘူး ဖြစ်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုအနေနဲ့ မဲလည်း ပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နဲ့လည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ အသိ၊ ပြည်သူတွေ တဦးတယောက်ချင်းစီမှာ အခွင့်အရေး ရှိတယ် ဆိုတဲ့ အသိကို ပြည်သူတွေ အထဲမှာ ပြန့်နှံ့သွား အောင် သိရှိသွားအောင် အဲဒါကို နှိုးဆော်တဲ့အနေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့တာပါ။”

“တချို့ နေရာတွေ မှာတော့ ကြံ့ဖွတ်တွေရဲ့ စည်းရုံးမှုက တကြောင်း၊ နအဖ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုက တကြောင်း၊ တဖက်ကလည်း ရယက တွေ မယကတွေ စစ်အာဏာရှင်တွေရဲ့ ဖိအားပေးမှုကတကြောင်း ပြည်သူ လူထုက မဲမပေးပဲ မနေရဲလို့ မဲရုံကိုသွားမယ်၊ သွားပြီးတော့ အဲဒီမဲတွေကို ပေးတဲ့အခါမှာလည်း ပယ်မဲဖြစ်အောင် ပေးလိုက်မယ် ဆိုပြီးတော့ ပြောတာဆိုတာတွေ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ကျနော် ပြောချင်တာ ဘာအဓိကလည်း ဆိုတော့ အဲဒီလို မဲရုံကို သွားလိုက်ပြီးဆိုတာနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကနေ အသိအမှတ် ပြုတယ် ဆိုပြီတော့ စစ်အာဏာရှင်တွေက ပြောမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုက အသိအမှတ်ပြုတယ်၊ ပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီးတော့ အသိအမှတ်ပြုရာ ရောက်တယ်။ သူတို့မှာ အဲဒီလို ဖြစ်စေချင်တဲ့ဆနတွေ ရှိတယ်။ အဲဒီလို ရှိတဲ့အခါကျတော့ အဲဒီလို အဖြစ်မခံနိုင်လို့ ပြည်သူလူထု အနေနဲ့ မဲရုံကို လုံးဝမသွားပဲနဲ့ တတ်နိုင် သလောက်နေမယ်၊ မဲမပေးပဲနဲ့ တတ်နိုင် သလောက် နေမယ်၊ နေပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အတွက်ကို ပြည်သူကို မဲမပေးဖို့ အတွက်ကို ကျနော်တို့က နှိုးဆော်တာ။ နောက်တခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့၊ မြန်မာနိုင်ငံ ပြည်သူ လူထုကြီးရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း ပြည်သူတိုင်းဟာ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုပြီးတော့ ပြောဆိုတယ်။ ဒီစကားကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲနဲ့ တခြားလူ ပြောသွားလည်း ကျနော်တို့ က လက်ခံရမှာပဲ။ ဒါဟာ မှန်တယ်၊ မျှတတယ်။ ဒါကြောင့် ဒါကို လက်ခံရမယ်။ လက်ခံပြီးတော့ ကျနော်တို့အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ လုံးဝမဲမပေးပဲနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက် သွားဖို့ကို ပြည်သူလူထု အနေနဲ့က လုပ်ပိုင်ခွင့် ရှိတယ်။ ဒါ ပြည်သူ တဦး တယောက်ချင်းစီရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီလုပ်ပိုင်ခွင့်ကို ပြည်သူတွေ အနေနဲ့ အကျိုးရှိရှိနဲ့ ဒီအချိန်မှာ အသုံးချဖို့ လိုအပ်တယ်လို့ ပြောချင်တယ်

သတင်းနှင့် ပြန်ကြားရေး လုပ်ငန်းအဖွဲ့မှ လူငယ် ကျောင်းသား အင်အားစုများသည် ယခုကဲ့သို့ ညီညီ ညွတ်ညွတ်နှင့် တပ်ပေါင်းစုဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို မဲမပေးဘဲ သပိတ်မှောက်ရေး ဆန့်ကျင် လှုပ်ရှားမှုတွေ လုပ်လာကြသည့် အခြေအနေနှင့် ပတ်သက်၍ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂမှ ပြောရေး ဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။

“ကျနော်တို့က အရင်ကတည်းက ကျောင်းသားထု ခေတ်အဆက်ဆက်က စစ်အစိုးရကို ဆန့်ကျင်ခဲ့တာလေ။ မတရားတာ တွေ့ရင်တော့ ဂရုကို မစိုက်ပဲ ဆန့်ကျင်ခဲ့တာ။ ကျနော်တို့ ကျောင်းမဖွင့်ခင်ကတည်းက ကျောင်သား အဖွဲ့တွေက သူဟာနဲ့သူ ဒီ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို လုပ်နေကြတယ်။ ခု တပ်ပေါင်းစု ဖွဲ့လိုက်တဲ့ အချိန်မှာ ဘယ်လို ဖြစ်လာကြလဲဆိုတော့ ကျနော်တို့ လူငယ် အင်အားတွေ ကျောင်းသား အင်အားတွေ စုစုစည်းစည်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ လုပ်ငန်းတွေ အများကြီး ပိုပြီး လုပ်လာ နိုင်တယ်။ ပိုပြီး အားရကျေနပ်မှု ရှိလာတယ်။ ပိုပြီးလည်း ထိရောက် လာတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ၂၀၁၀ ရွေးကောက်ပွဲ တခုတည်းမှ မဟုတ်ဘူး။ ကျနော်တို့ တပ်ပေါင်းစု ဖွဲ့လိုက်တာက၊ လူငယ် ကျောင်းသား အင်အားစုတွေက ကျနော်တို့ ရည်မှန်းချက်က ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားပြီ၊ ၂၀၁၀ ရွေးကောက်ပွဲ အလွန် ကာလမှာလည်း ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြည်သူ မကြိုက်တဲ့ အချက်တွေကို ပြင်လို့ ရအောင် လုပ်မယ်။ ကျနော်တို့ မကြိုက်တဲ့ အချက်တွေ ပြင်ပေးပါ ဆိုပြီးတော့ ဆက်ပြီးတော့ လှုပ်ရှားမှုတွေ လုပ်မယ်။ ဥပမာ အားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် အမိန့်နဲ့ သူရဲ့ နာမည်စာရင်း တင်လိုက်တဲ့ သူတွေ လွှတ်တော်ထဲမှာ စစ်တပ် ကိုယ်စားလှယ် ၂၅% ပါတယ် ဆိုတဲ့ အဲဒီလိုမျိုး အချက်တွေကို ၂၀၁၀ ရွေးကောက်ပွဲ အလွန်ကာလ တွေမှာလည်း တပ်ပေါင်းစု ကျောင်းသား လူငယ်တွေ အနေနဲ့ ဒီဟာကို ဆက်ပြီး ဆန့်ကျင်သွားဖို့ အစီအစဉ်တွေ ရှိတယ်။ ပိုပြီးလည်း ထိထိ ရောက်ရောက် လုပ်လာ နိုင်မယ်။”

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */