ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
![]() | ![]() | ![]() | ![]() |
အထူးအားဖြင့် နာရေး ကူညီမှု ပြုလုပ်ရာ၌ စည်းကမ်းရှိရှိ၊ စနစ်တကျ၊ ကျန်းမာရေးနှင့် ကိုက်ညီ ရန် ရုပ်အလောင်းများကို သယ်ဆောင်ရာ၌ အများအမြင်တွင် တင့်တယ်မှု ရှိစေရန် အတွက်၎င်း၊ အယူ သည်းမှု မိစ္ဆာဒိဋ္ဌိ အယူဝါဒ အစွဲများ ပပျောက်စေရန် အတွက်၎င်း၊ ၀န်ထမ်းများ၊ အသင်းသူ/သားများကို သင်တန်းများ ပို့ချ ပေးလျှက် ရှိပါသည်။
ယနေ့ ၃၀.၉.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၈း၀၀) နာရီတွင် နာရေး ကူညီမှု အသင်း (ရန်ကုန်)ရှိ ဘုရား ခန်းမဆောင်တွင် ၀န်ထမ်းများ အားလုံးအား အသင်းအုပ်ချုပ်သူ မန်နေဂျာမှ ၀န်ထမ်း စည်းကမ်း စည်းမျဉ်းများ၊ ထမ်းဆောင် ရမည့် တာဝန်များကို တိကျစွာ လိုက်နာ ဆောင်ရွက် ပေးဆပ်ရန်၊ သီလလုံရန်၊ ဗြဟ္မစိုရ် တရား လက်ကိုင် ထားရန် စသည်တို့ကို ပြောကြား မှာကြားခဲ့သည်။
ထို့အပြင် ရုပ်အလောင်းများကို အထပ်မြင့် အဆောက်အဦးတို့မှ သယ်ချရာတွင် အသုံးပြုသော ရေလုံဇစ်အိတ်၊ ထမ်းစဉ်တို့ကို အသုံးပြုပုံ အဆင့်ဆင့်တို့အား၎င်း၊ မှားယွင်းစွာ အသုံးပြုခဲ့သော နာရေး လမ်းကြောင်း၏ မှတ်တမ်း ဓါတ်ပုံများကို ယှဉ်တွဲ၍ Slide Projector ဖြင့် ပြသပြီးနောက် ရုပ်အလောင်း များအား သယ်ဆောင်ရာ၌ လူသေ/ရှင် ဟူ၍ မခွဲခြားဘဲ ကြင်နာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်များ မွေး၍ ကိုင်တွယ်ပုံ၊ ကိုင်တွယ် နည်းများ ပါဝင်သော ဂျပန်ရုပ်ရှင် (DEPARTURES) ဇာတ်ကားမှ မိမိတို့နှင့် အကျုံးဝင်သော ဇာတ်ဝင်ခန်း များအား အဓိကထား၍ ပြသကာ သင်တန်းပို့ချခဲ့သည်။
ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လူမှုရေး ၀န်ထမ်းများသည် အသင်းသူ/သားများ ကော်မတီဝင် များနှင့် အတူပူးပေါင်း၍ အများ ပြည်သူ အတွက် စနစ်သစ်ဖြင့် လူမှုရေး တိုက်ပွဲ ၀င်တော့မည် ဖြစ်ပါသည်။
source by : ကိုကျော်သူ (facebook)













0 ရဲ့ အမြင်:
Post a Comment