ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု မှ ထုတ်ပြန် ကြေငြာချက်

Saturday, September 25, 2010 ·



ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု
ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အတွက် ပြည်သူ များမှ ပေါက်ဖွား လာသော အလုပ်သမား၊ လယ်သမား အင်အားစုများ ကျောင်းသား များနှင့် ဒီမိုကရေစီရေး လှုပ်ရှားနေ သောအင်အားစုများ ပေါင်းစည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့ တပ်ပေါင်းစုသည် ဗမာ့ နိုင်ငံရေးတွင် အမြစ် တွယ်နေသော စစ်အာဏာရှင် စနစ်ပြုတ်ကျရေး အတွက်၊ အင်အားစု အားလုံး စည်းလုံး စုစည်း ညီညွှတ်စွာ ဆန့်ကျင် တိုက်ဖျက်နိုင်ရန် အတွက် မြန်မာပြည်တွင်းတစ်နေရာတွင် အထက်ပါ အင်အားစုများမှ တစ်စိတ် တစ်ဝမ်းတည်း အောင်မြင် စွာ စုပေါင်းဖွဲ့ စည်းခဲ့သည့် အဖွဲ့ အစည်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် အောက်ပါ အချက်များကိုအများပြည်သူသိရှိစေရန် ကြေညာလိုက်သည်။

၁။ ကျွန်ုပ်တို့ တပ်ပေါင်းစုသည် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် အတိုင်း ပြည်သူ့ အစိုးရ တရပ် ပေါ်ပေါက်လာ စေရေး အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး တို့နှင့် တပ်မတော် အစိုးရတို့ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် နိုင်စေရန် နည်းလမ်း ပေါင်းစုံဖြင့် တွန်းအားပေး ဆောင်ရွက် သွားရန်။

၂။ အမျိုးသားရင်ကြားစေ့ရေးကို သွေဖယ်စေပြီး။ ပြည်တွင်းပြည်ပမှ လေးစားကြည်ညိုသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျဉ်းကျခံနေရသော ကျောင်းသား ထုတရပ်လုံး၏ ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ မပါဝင်နိုင်အောင် စနစ်တကျ ချုပ်ချယ်ကန့်သတ်ထားသော ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက် ဥပဒေများအရ ပြုလုပ်သော ၂၀၁၀ရွေးကောက်ပွဲအား သပိတ်မှောက် ဆန့်ကျင်ရန်။

၃။ ၂၀၁၀ရွေးကောက်ပွဲဝင် ပါတီများသည် မြန်မာပြည် သူတရပ်လုံး၏ အကျိုးစီးပွားထက် စစ်အာဏာ ရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသည့် အချယ်လှယ်ခံ ရုပ်သေးပါတီများဖြစ်သည့်အတွက် ရွေးကောက်ပွဲဝင် ပါတီတိုင်းကို သပိတ်မှောက် ဆန့်ကျင်သွားရန်။

၎။ ၄င်းရုပ်သေး ပါတီများကို နားလည်မှု လွဲမှားစွာဖြင့် ကူညီ ထောက်ပံ့ ပေးနေသော ဥရောပ သမဂ္ဂ အပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံကြီးအချို့အား ရှုံ့ချ ကန့်ကွက်ကြောင်းနှင့် ၄င်းတို့၏ ထောက်ပံ့မှု များကို ချက်ခြင်းရပ်ဆိုင်းရေး တောင်းဆို သွားရန်။

၅။ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ၀န်ထမ်းများအနေနှင့် ကျွန်ုပ်တို့ တပ်ပေါင်းစုနှင့် ပူးပေါင်း ဆောင်ရွက် သွားကြရန် ။

၆။ ကျွန်ုပ်တို့ တိုင်းပြည်၏ ပြဿနာ အသီးသီးကို ဖြေရှင်းပေးနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ် သည့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာ စေရေး အတွက် ရဟန်း ရှင်လူ ပြည်သူများ၊ ကျောင်းသား၊ ၀န်ထမ်းနှင့် တပ်မတော်သားများအား ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစုနှင့် အတူလက်တွဲ အကောင် အထည် ဖော်သွားကြရန် အလေးအနက် တိုက်တွန်း လိုက်သည်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */