ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် အမှတ် (၂)။
ရက်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ စီပွားရေး လုပ်ငန်းရှင်များကို ညှိုနှိုင်း ဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံ ခဲ့ကြောင်းကို ထိုရပ်ကွက်နေ လုပ်ငန်းကြီး တစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြ လာပါသည်။
မည်သည့် အကြောင်းအရာ နှင့် အစည်းအဝေး ခေါ်သည်ကို မသိ ခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံ အများကြီး မပါလာပါ ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံ ထည့်ခဲ့ ရပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှူးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေ ထည့်လိုက်သော ပိုက်ဆံနှင့် ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်း လေးတောင် ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင် တွေကို လွတ်လိုက်ဟု ဆိုပါသည်။ ကျွန်တော် တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံ ပြန်ယူကာ ထို့ထက် မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင် လာရပါသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတော်မှ ကျခံ သုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များ ထံမှ အလှူငွေများ ကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကို ဆန္ဒ အမှန်ကိုလည်း ထုတ်ဖော် ပြသ၍လည်း မရသလို မိမိတို့၏ ပိုက်ဆံများ ကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း အဓမ္မ ကောက်ခံ နေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြ အပ်ပါသည်။
(ပြည်သူတစ်ဦး)။









0 ရဲ့ အမြင်:
Post a Comment