ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင် ရသော်လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ၏ အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို

Thursday, September 2, 2010 ·


မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ်အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးက ပြင်သစ်နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်
ဟိန်းခိုင်ထွန်း | ဗိုလ်ချုပ်မှူးကြီး ဘ၀ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုးထုတ် သွားမည့် မြန်မာ စစ် ခေါင်းဆောင်၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာ လွှဲပေးရန် အကြောင်းဖန် ပါလာ ပါကလည်း သူ့အနေဖြင့် လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်းက သူငယ်ချင်း ဖြစ်သူများအား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့သည်။


ရန်ကုန် မော်တော်ကား ပြပွဲ တစ်ခုတွင် ဖိုးလပြည့်အား တွေ့ ရစဉ်
အသက် ၇၈ နှစ် အရွယ်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသက် ၂၀ အရွယ် အရွယ် မြေးအား အာဏာလွှဲပေး နိုင်သည်ဟု သတင်းများ ထွက်ပေါ် နေချိန်တွင် ဖိုးလပြည့် က ထိုကဲ့သို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီဟု သတင်း ထွက်ပေါ် နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြ မောင်းနှင် ပြသသည့် ပွဲတွင် သူ့အား ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိပြီး သူ၏ သူငယ်ချင်း အချို့ကိုလည်း အလှည့်ကျစီ နောက်ခုံတွင် လိုက်ပါ စီးနင်း စေသည်ဟု သိရသည်။


အဘွားဖြစ်သူနှင့် အတူ
အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ၏ မွေးနေ့ လက်ဆောင် ဖြစ်သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲတွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊ မော်တော်ဘုတ် မောင်းနှင်ခြင်းနှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်း တို့ကိုသာ စိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုင်ပွဲများကို ၀င်ခြင်သည်ဟု သိရသည်။

ဖိုးလပြည့်သည် ရဟတ်ယာဉ်ကို အတော်အသင့် မောင်းနှင်တတ်နေပြီး ယခု မွေးနေ့ လက်ဆောက် ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင်ခြင်သောလည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။

၎င်းသည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မောဟုလည်း ထိုနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင် ၀ယ်ပေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူ အများစုမှာ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */