ဝန်ကြီးချုပ် ရာထူးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရပ်နားခံရ

Thursday, August 5, 2010 ·

FNG | မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ တွင် ကြံဖွတ် ပါတီကို ဦးဆောင်ကာ ပါဝင် ယှဉ်ပြိုင်မည့် ၀န်ကြီးချုပ် ဦးသိန်းစိန် သည် သြဂုတ် လ ဆန်းကတည်းက ၀န်ကြီးချုပ် ရာထူး တာဝန်မှ ရပ်နား ခံရပြီး သူ့နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ (သို့မဟုတ်) ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဖြင့် အစား ထိုးမည်ဟု နေပြည်တော် သတင်း ရပ်ကွက်မှ သတင်း ရရှိသည်။

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သည် လွန်ခဲ့သည့် နှစ်လခန့် ကတည်းက စစ်ဘက် ရာထူးကို စွန့်လွှတ် ခဲ့ရပြီး ယခု အရပ်ဘက် ၀န်ကြီးချုပ် ရာထူး ကိုပါ စွန့်လွှတ် ခဲ့ရခြင်း ဖြစ်သည်။ ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူး စွန့်ရသည့် သတင်း ကို Freedom News Group မှ လတ်တလောတွင် အတည် မပြုနိုင် သေးသော်လည်း ထပ်မံ ကြားသိရသည့် သတင်းများ အရ မြန်မာ စစ်အစိုးရက ၀န်ကြီးချုပ် ရာထူး နေရာကို အစိုးရ အဖွဲ့မှ ဖယ်ရှား လိုက်ခြင်းကြောင့် ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် လည်း အလိုလိုပါသွားခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ ၁၉၈၈ ခုနှစ် စစ်အာဏာ သိမ်း ပြီး ကတည်းက ၂၀၀၁ ခုနှစ်ထိ မြန်မာ နိုင်ငံတွင် ၀န်ကြီးချုပ် ရာထူး မရှိခဲ့ချေ ။ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သည် ၂၀၀၇ ခုနှစ် အောက်တိုဘာ လတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် ပြီးနောက် ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။


ဦးသိန်းစိန် မတိုင်ခင် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး
ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူးမှ အနား ယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် မြို့မှ စစ်အရာရှိဟောင်း တစ်ဦးက တခြား ၀န်ကြီး တွေလည်း အကုန် ထွက်ရမယ် ထင်တယ်။ တကယ်လို့ ကြံ့ဖွတ် နိုင်ရင်တောင် ဗိုလ်ချုပ်ကြီး သိန်းစိန်က ၀န်ကြီးချုပ် ပြန်ဖြစ် နိုင်ပါ့ မလား ဆိုတာ ပြောဖို့ မလွယ်ဘူး ဟု ပြောသည်။

ဦးသိန်းစိန် သည် ၀န်ကြီးချုပ် ဘ၀ တွင် နောက်ဆုံး အကြိမ် အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယ သွားစဉ်က နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို့ဆောင် နှုတ်ဆက် သူများတွင် ခမ်းနားခြင်း ကင်းမဲ့စွာဖြင့် မထင်မရှား ပါဝင်ခဲ့သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်အား ရာထူးမှ ဖယ်ရှားသည့် သတင်းအား မြန်မာ စစ်အစိုးရ က တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိ သေးဟု သိရသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */