အမေ့ စိတ်ဓါတ်ကို အလေးအမြတ် ပြုရင်း ကျောင်းသားများ ဂုဏ်ပြု သွေးလှူ

Friday, July 9, 2010 ·


ဂုဏ်ပြုလွှာပါ ကဗျာ

တိုင်းပြည်ကို အမေက
ဘ၀နဲ့ အသက် ပေးထားတယ်။
ကျတော်တို့ မှာ ပြန်ပေးစရာ

ကျတော်တို့ မှာပြန်ပေးစရာ
လက်ထဲ မှာရော ဘ၀ထဲမှာပါ
ဘာမှ မရှိဘူး။
ရင်ထဲမှာတော့ အများကြီး
စုန်နေဆန်နေတဲ့ သွေးကြော တွေထဲမှာ
အများကြီး။
ဘယ်တော့ မှမကုန်ခမ်းနိုင်တဲ့
သွေးတွေ...
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် သွေးလှူဒါန်း ခဲ့ကြသော ကျောင်းသား လူငယ်နှင့် ဒီမိုကရေစီ အင်အားစု (၆၅) ယောက်အား အဖွဲ့ချုပ် ခေါင်းဆောင် သတင်းစာ ဆရာကြီး အဘ ဦးဝင်းတင် ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ် ခဲ့ပါတယ်။ အဆိုပါ သွေးလှူဒါန်း ခဲ့ကြသော ကျောင်းသား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည်မှ မိမိ မွေးနေ့ အထိမ်းအမှတ် အဖြစ် ယခုလို သွေးလှူဒါန်း ခဲ့ကြသော အလှူရှင်များ အားလုံးကို မိမိအနေဖြင့် အထူး ကျေးဇူးတင်ကြောင်းနှင့် သူတပါး အသက်ရှင်သန် ရပ်တည် နိုင်ရေး အတွက် မိမိသွေးကို ဖောက်ထုတ် လှူဒါန်းခြင်းသည် မွန်မြတ်သော အလုပ် ဖြစ်ပါကြောင်း အမှာ စကား ပါးလိုက် ပါတယ်။ ယခုလို လူထု ခေါင်းဆောင်မှ အရေးတယူ အမှာ စကား ပါးခဲ့ခြင်းကြောင့် သွေးလှူရှင် ကျောင်းသားများက အလွန်တရာ ဂုဏ်ယူ ၀မ်းမြောက် နေကြတယ် ဆိုတာ အမေ ဒေါ်အောင်ဆန်း စုကြည်ကို သိစေချင် ပါတယ်။ အမေ ချစ်တဲ့ မြန်မာပြည်ကို အမေ့သားတွေ ကလည်း အလွန် ချစ်ကြောင်းနဲ့ လိုအပ် လာပါက အသက်ကိုပင် ပေးဆပ်ဖို့ ၀န်မလေး ကြကြောင်း အမေ့ စိတ်ဓါတ်ကို အလေးအမြတ် ပြုရင်း သွေးလှူရှင် ကျောင်းသား အားလုံးရဲ့ ကိုယ်စား အမေ သိပါစေကြောင်း ပြောကြား လိုပါတယ်။

မင်းသွေးသစ် (၂၀၀၇)
၂၀၀၇ မျိုးဆက် ကျောင်းသား သမဂ္ဂ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */