အင်းအားပြင်း ထန်ခြင်း မရှိသော်လည်း ခြောက်ခြား စရာ တော်လဲသံကြီး နှင့် အတူ လှုပ်ခတ်ခဲ့သည့် ငလျှင်ကြောင့် မန္တလေး မြို့ခံ အချို့မှာ သဘာဝဘေး အတွက် စိုးရိမ် နေကြသည်။
မန္တလေးမြို့သည် မြန်မာ နိုင်ငံ၏ အကြီးဆုံး ငလျှင်ကြော တစ်ခု ဖြစ်ပြီး အရှေ့တောင် အာရှ၏ သက်တမ်းရင့် ငလျှင်ကြော ဖြစ်သည့် စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် အနီးဆုံး ဖြစ်သည်။ ငလျင်၏ ပြင်းအားမှာ ၄.၆ အဆင့် ရှိသည်ဟု အမေရိကန် အမျိုးသား ဘူမိ လေ့လာရေး အဖွဲ့က သတင်း ထုတ်ပြန်သည်။
လွန်ခဲ့သည့် သုံးလခန့် က စစ်ကိုင်းတိုင်း မုံရွာ နှင့် ရေဦး တို့တွင် လည်း ငလျင် လှုပ်ခတ်ခဲ့သည်။
source by : FREEDOM NEWS GROUP









0 ရဲ့ အမြင်:
Post a Comment