2018 World Cup အိမ်ရှင် မြန်မာ နိုင်ငံ

Sunday, July 11, 2010 ·

2018 Word Cup ကျင်းပ ခွင့်အား အိမ်ရှင် နိုင်ငံ အဖြစ် မြန်မာ နိုင်ငံကို ရွေးချယ် လိုက်ကြောင်း FIFA မှ ဇူလိုင်လ ၁၁ , ၂၀၁၀ ရက်နေ့က တရားဝင် ထုတ်ပြန် ကြေငြာ လိုက်သည်။ ၂၀၁၄ ပြိုင်ပွဲကို တောင်အမေရိက တိုက်မှ ဘရာဇီး နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် အာရှတိုက်မှ လက်ခံ ကျင်းပရမည် ဖြစ်သောကြောင့် အိမ်ရှင် အဖြစ် လျှောက်ထားသော အာဖဂန် နစ္စတန် ၊ အီရတ် ၊ အရှေ့ တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည့် နိုင်ငံများထဲမှ အသင့်တော်ဆုံး မြန်မာ နိုင်ငံကို မဲအများဆုံးနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဘောလုံး အဆင့်အတန်း မြင့်မားမှု ၊ ပြည်တွင်း ကလပ် အသင်းများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ကင်းရှင်းမှု ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ပရိတ်သတ်များ အတွက် လုံခြုံရေး စိတ်ချရမှု ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဘောလုံး အခြေခံ အဆောက်အအုံများ ကောင်းမွန် ပြည့်စုံမှု တို့ကြောင့် ရွေးချယ် ရခြင်း ဖြစ်ကြောင်း FIFA ပြန်ကြားရေး အရာရှိ Mr. Doberman က ထုတ်ဖော် ပြောဆို ခဲ့သည်။

ဇူလိုင်လ ၁၂ ရက်နေ့၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ ချုပ် မှ President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီ ဖင်ပြောင် ၊ Media Officer ဦးဆိုးမိုး ( ABC) ( IBC မဟုတ်ပါ ABC beer ) တို့က ပြိုင်ပွဲ အစီအစဉ်များနှင့် ပက်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့သည် ။

President ဦးဂေါ်ဂေါ်က “မြန်မာ နိုင်ငံရဲ့ လက်ရှိ ဘောလုံး အဆင့်အတန်းမှာ အလွန် မြင့်မား နေပြီ ဖြစ်ကြောင်း ၊ ဘရှုနိုင်း ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော ၊ ဖီဂျီ ၊ မော်ဒိုက် ၊ နီပေါ ဘူတန် ၊ ဆိုမာလီယာ ၊ ဂ်ီနီ ၊ ဆူဒန် စသည့်နိုင်ငံ အသင်းများထက် သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီ လူမျိုး မောင်ရင်တို အား နည်းပြချုပ် အဖြစ် ခန့်အပ်ပြီး ၊ Assistant Coach များ အဖြစ် ဦးဖင်မြင့်တောင် နှင့် ဦးမျိုးလှိုင်ဂွင်း တို့အား တာဝန် ပေးအပ် ထားကြောင်း ၊ ထို့ပြင် Myanmar National League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမား ဂနွန် ဆီယန် နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန် ၊ ဘမ်ဘာ နှင့် ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိုင်ဂျီးရီးယား လူမျိုး စတန်လေ တို့ကို အမည် မဖေါ်လိုသူ မြန်မာ မင်းသမီး ၊ အဆိုတော် များဖြစ် ကြသော နံတာလှိုင် ၊ စုတ်ပြတ် နံတာ ၊ စန်နီ မျောက်လွင် ၊ တင်ဆာ ဝင့်ကျော်, ဖြဲဖြဲ ကျော်သိန်း ၊ ဂွင်းနီ တို့နှင့် လက်ထပ်စေပြီး နိုင်ငံသား ခံယူစေ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”

ထို့ အပြင် “ ဥရောပ တိုက်ရှိ ကလပ် အသင်းကြီးများ ဖြစ်သော Manchester United , Liverpool FC , West ham United, Post mouth FC , AC Milan, FC Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo La Caruna , FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao , FC de Olympic Lyonnis , FC de Bordourex စသည့် ကလပ် အသင်းကြီးများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ပြသာနာများ ရှတ်ထွေး နေချိန် Yadanabon FC , Yangon United FC , Delta United FC , Nay Pyi Taw FC , Southern Myanmar FC , Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin United FC စသည့် ပြည်တွင်း ကလပ် အသင်းများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ကင်းရှင်းမှုကို များစွာ ဂုဏ်ယူ မိကြောင်း” ရှင်းလင်း ပြောဆို သွားခဲ့သည်။

ထို့နောက် First Secretary ဦးဘန်နီ ဖင်ပြောင်က “ ပြိုင်ပွဲဝင် အသင်းများနှင့် ပရိတ်သတ်များ အတွက် လုံခြုံရေး စိတ်ချရ စေရန် 100% အာမခံ ပါကြောင်း ၊ 2007 ခုနှစ် စက်တင်ဘာလ အတွင်း ရဟန်းရှင်လူ အင်အား လေးသိန်းခန့် ပါဝင်သော လူထု လှုပ်ရှားမှု များကို နှစ်ရက်ခန့် အတွင်း ဖြိုခွင်း နိုင်သော အဖွဲ့ အစည်းများ ရှိကြောင်း ၊ ထို့ကြောင့် နိုင်ငံတကာမှ ဘောလုံး လူရမ်းကားများကို အေးအေး သက်သာ ထိန်းသိမ်း နိုင်ကြောင်း ပြောဆို ခဲ့သည် ။

ထို့ အပြင် “ ကွင်းအတွင်း ပရိတ်သတ် ရမ်းကားမှုများလည်း မရှိကြောင်း ၊ MNL ပြိုင်ပွဲများတွင် ကွင်း လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များပါ အရက်သောက်၊ ကွမ်းစား ၊ ဘောလုံးပွဲ လောင်းပြီး ဘောလုံးပွဲ များကို အေးအေး ဆေးဆေး ကြည့်ရှု နိုင်ကြောင်း ၊ ရုပ်သံကြည့် ပရိတ်သတ်များ အငြင်းအခုံများ မဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက် ထုတ်လွှင့် နေချိန် ကွင်းအတွင်း ကစားသမားများ ခိုက်ရန် ဖြစ်ပွားခြင်း ၊ ထိခိုက် ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပွားပါက မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်းထားရှိကြောင်း” ပြောဆိုသွားသည်။

ထို့အပြင် ဆက်လက်ပြီး “ ပွဲစဉ်များကို ရန်ကုန်မြို့ အောင်ဆန်ကွင်း ၊ Y T C ကွင်း နှင့်  မန္တလေးမြို့ ဗထူးကွင်း များတွင် ကျင်းပမည် ဖြစ်ကြောင်း ၊ သယ်ယူ ပို့ဆောင်ရေး အတွက် ပြိုင်ပွဲ ကျင်းပချိန်တွင် ယာဉ်ကြော ပိတ်ဆို့မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည် မဟုတ်ပဲ ခြေလျှင်သာ သွားကြရမည် ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် Celebrities များအတွက်မူ ဆိုက်ကား နှင့် ဂါလီများ အလုံအလောက် ထားရှိ ပေးသွားမည်” ဟု အကျယ်တဝင့် ပြောဆို သွားသည်။

ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ ပြိုင်ပွဲ Logo အဖြစ် “ “ ဆင်ဖြူတော် လေးကောင် ဘောလုံးကန်သည့်ပုံ ” ” အား ရွေးချယ် အတည်ပြုပြီး ဖြစ်ကြောင်း လာဘ်ကောင် အရုပ် အဖြစ် ခြင်္သေ့ စောင့်ကြောင့်ထိုင် နေသည့် အရုပ်ကို သတ်မှတ် ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ် Jabulani , Teamgrist , Roteiro စသည့် ဘောလုံးများ ၊ Nike Co. ထုတ် Arrow 90 + , Arrow Final 50+ , Arrow Orange 90+ စသည့် ဘောလုံးများ အသုံးပြုမည် မဟုတ်ပဲ မှော်ဘီ စက်ရုံထွက် ဘောလုံးများကို အသုံးပြုမည် ဖြစ်ကြောင်း ၊ ပြိုင်ပွဲ အဖွင့်သီချင်း အဖြစ် နာမည်ကျော် တေးရေး ဆရာ X ခိုင် ရေးသား သီကုံး ကော်ပီ ကူးချ ထားသော ““ ဟေးလား ဝါးလား မြန်မာကွ ”” (waka waka africa မဟုတ်ပါ ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က Sexy Dance , Nature of Wild Sexual Life n Environmental Friendly Performance တို့ဖြင့် သီဆို ဖျော်ဖြေ ကပြ သွားမည် ဖြစ်ကြောင်း

““လက်မှတ် မရရှိသော နိုင်ငံတကာ ပရိတ်သတ်များ အတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှု နိင်ရန် Fan Fests များ အဖြစ် ရန်ကုန် နှင့် မန္တလေး မြို့များရှိ K T V lounge များ ၊ Massage Centers များ ၊ Beer Stations များနှင့် လက်ဖက်ရည် ဆိုင်များ တွင် ဈေနှုန်း ချိုသာစွာဖြင့် ပြသ ပေးသွားမည် ဖြစ်ကြောင်း””

ထို့ အပြင် “ ပရိတ်သတ်များ တီးမှုတ် အားပေးနိုင်ရန် မြန်မာ့ ရိုးရာ ဝါးပုလွေ များ၊ ဝါး လက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ ၊ မိမိ နိုင်ငံ အသင်းများကို ထိရောက်စွာ အားပေး နိုင်ရန် မြန်မာ့ ရိုးရာ လောက်လေးဂွ ၊ လောက်စာလုံး နှင့် ဂျင်ကလိ များကို ဈေးနှုန်း ချိုသာစွာဖြင့် အများအပြား ထုတ်လုပ် ရောင်းချသွားမည် ဖြစ်ကြောင်း ”” ရှင်းလင်း တင်ပြသွားသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */