![]() ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု ဗိုလ်ချုပ်မှူးကြီးက အကြိမ်ကြိမ် ပြောနေသည်။ (ဓာတ်ပုံ-Reuters) |
ဒီတော့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အရ
၁။ တည်ထောင်ခွင့်ပြုရန် ပြန်ကြားခြင်း (ပုံ စံ-ခ) နဲ့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခြင်း (ပုံ စံ - င) အဆင့် (၂) ဆင့် ကြားထဲ မှာ နည်းဥပဒေ ပုဒ်မ (၇) အရ ရက် ၃ဝ အချိန် ပေးထားပါတယ်။
၂။ မှတ်ပုံတင်ခွင့် ပြုရန် ကော်မရှင်က နည်းဥပဒေ (၉) (၁ဝ) (၁၁)နဲ့ (၁၂) တို့ အရ ဆောင်ရွက်ဖို့ အမြန်ဆုံး လုပ်ရင်တောင်မှ ၇ ရက် ခန့်မှန်းရပါတယ်။
၃။ မှတ်ပုံတင်ခွင့် ရပြီး ပါတီကို ပါတီဝင် အင်အား ၅ဝဝ (သို့မဟုတ်) ၁ဝဝဝ ရအောင် ခွင့်ပြုချိန် ရက်(၉ဝ) ကို နည်းဥပဒေ ၁၃(က) အရ ခွင့် ပြုရပါမယ်။
နောက် ရွေးကောက်ပွဲ နည်းဥပဒေများ အရ-
၎။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အမည် တင်သွင်းရန် နည်းဥပဒေ ၁၆ (ခ) နောက်ဆုံး နေ့ရက် နဲ့ အချိန် (ကိုယ်စားလှယ်လောင်းများ ပြင်ဆင်ရန် အချိန်ပါ) အနည်းဆုံး ၁၅ ရက်။
၅။ နည်းဥပဒေ (၂၆) အရ ကိုယ်စားလှယ် လောင်းများ၏ တင်သွင်းလွှာများကို စီစစ်ခြင်း နှင့် ( ကန့်ကွက်သူ ရှိပါက ၇ ရက် အတွင်း ပြီးပြတ်အောင် စုံစမ်း စစ်ဆေးခြင်း အပါအဝင်) လက်ခံခြင်း လက်မခံခြင်း အမိန့် ထုတ်ပြန်ရန် အနည်းဆုံး ၁၅ ရက်။
၆။ နည်းဥပဒေ ပုဒ်မ ၃၁ (က) အရ အထက်ပါ ကော်မရှင်ခွဲ၏ အမိန့်အား မကြေနပ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင်ခွဲများသို့ အယူခံခြင်း ၁၅ ရက်။
၇။ နည်းဥပဒေ ပုဒ်မ (၃၂) အရ တိုင်းဒေသကြီး နှင့် ပြည်နယ် ကော်မရှင်ခွဲများက ဆောင်ရွက်ရန် (၇) ရက်နှင့် အယူခံသူထံ ပြန်ကြားရန် ၃ ရက်။ နှစ်ခုပေါင်း ၁ဝ ရက်။
၈။ နည်းဥပဒေ ပုဒ် မ (၃၃) အရ ကိုယ်စားလှယ်လောင်း တစ်ဦးအား တင်သွင်းလွှာ ရုပ်သိမ်းလိုကြောင်း ရုပ်သိမ်းလွှာ တင်ရန် ကန့်သတ်ရက်။ (အတိအကျ ဖော်ပြခြင်း မရှိသဖြင့် ခန့်မှန်းရက် ၇ ရက် )
ဒီတော့ ဒီရက်တွေ ကျော်ပြီးမှ ရွေးကောက်ပွဲဟာ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒီတော့ ဒီရက်တွေကို ပေါင်းကြည့်ရအောင်။
| အဆင့်(၁) က | ၃ဝ ရက် |
| အဆင့်(၂) က | ၇ ရက် |
| အဆင့်(၃) က | ၉ဝ ရက် |
| အဆင့်(၄) က | ၁၅ ရက် |
| အဆင့်(၅) က | ၁၅ ရက် |
| အဆင့်(၆) က | ၁၅ ရက် |
| အဆင့်(၇) က | ၁ဝ ရက် |
| အဆင့်(၈) က | ၇ ရက် |
| ပေါင်း | ၁၈၉ ရက် |
| ဟိုကြား ဒီကြား လေလွင့်ရက် | ၁၁ ရက် |
| စုစုပေါင်း ရက် ၂ဝဝ = | ၆ လ နှင့် ရက် ၂ဝ |
၂ဝ၁ဝ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စကား တည်အောင် ဆိုရင်တော့ ပါတီ တည်ထောင်ခွင့် ပြုရန် လျှောက်ထားဖို့ နောက်ဆုံးရက်ကိုလည်း အမြန်ဆုံး ကြေညာ၊ ဟိုကြားသည်ကြား လေလွှင့်ရက်တွေလည်း နည်းနိုင်သမျှ နည်းအောင် လုပ်ပါမှ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့သာပဲ အစောဆုံး ရွေး ကောက်ပွဲ ကျင်းပမယ့် နေ့ရက် ဖြစ်နိုင်ပါတယ်။ ။
source by : မိုးမခ










0 ရဲ့ အမြင်:
Post a Comment