ရန်ကုန် အတာ သင်္ကြန် အကျနေ့ ငါးနှစ် အတွင်း အစည်ကား ဆုံးဖြစ်၊ နေပြည်တော် သင်္ကြန် မစည်

Tuesday, April 13, 2010 ·


မြန်မာ နှစ်သစ်ကူး အတာသင်္ကြန်တွင် ရန်ကုန်မြို့၌ လည်ပတ်နေသူအချို့
FNG | မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အား နိုင်ငံတ၀ှမ်းတွင် ယမန်နေ့ မှ စ၍ ဆင်နွှဲကြရာ ယခင် မြို့ တော်ဟောင်း ရန်ကုန် သည် အစည်ကားဆုံး ဖြစ်သည်ဟု နာမည်ကျော် ရက်(ပ) အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။

လွန်ခဲ့သည့် နှစ်တွေ ထက် ယခုနှစ် သည် ထင်မှတ်ထားခြင်း မရှိ လောက်အောင် ပိုမိုစည်ကားမှုရှိကြောင်း ရန်ကုန် မြို့မှ သတင်းထောက် တစ်ဦးကလည်း ပြောသည်။ သူက ထိုကဲ့သို့ စည်ကားရခြင်း မှာ ရေ၊မီး ပြတ်လပ်နေသော ရန်ကုန်မြို့ခံတို့ အတွက် စိတ်ထွက်ပေါက် ဖြစ်သည် ဟု သုံးသပ်သည်။

ယနေ့ အကျနေ့တွင် လည်ပတ်ကျသူ များ မှာ ကန်တော် ကြီး ကန်ပတ် လမ်း နှင့် ကန်တော်လေး ဘက်တွင် တိုးမပေါက်အောင် ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့က ရန်ကုန် မြို့တွင် ရေကစား နေသူများဖြင့် စည်ကားနေသည် ကို ဤသို့ တွေ့ရစဉ် (AP Photo)

မဟာ သင်္ကြန် အကျနေ့က ရန်ကုန် မြို့တွင် လည်ပတ်နေသူများ (AP Photo)

သင်္ကြန် အကြိုနေ့က ရန်ကုန် မြို့တွင်ရေပက်ခံ ထွက်နေသူများ (AP Photo/Khin Maung Win)

စီးပွားရေး လုပ်ငန်းရှင်များအား မဏ္ဍပ် များ အတင်းအကျပ် ဆောက်လုပ်ခိုင်းသည့် နေပြည်တော်သင်္ကြန်သည် ထင်သလောက် စည်ကားမှုမရှိဟု သိရသည်။

ဒုတိယနေ့ သင်္ကြန် အကျနေ့ထိ ရန်ကုန် မြို့ တွင် ယာဉ်တိုက်မှုများ နည်းပါး၍ အသေအပျောက် မရှိဟု သိရသည်။ သင်္ကြန်ကာ လအတွင်း အဆိုတော် သားစိုး၏ ဘူးသီး နုနု မခူးရ သီချင်း သည် လည်း အလွန်ပေါက်၍ မဏ္ဍပ်များက ထို သီချင်းဖွင့်ချိန် တွင် လူငယ်များက ဘူးသီး ဘူးသီးဖြင့် လိုက်လံ အော်ဟစ်ကြသည် ဟု သိရသည်။

သင်္ကြန် ကာလအတွင်း ခရီးသည်တင် ကားများ ဈေးနှုန်း အပြောင်းအလဲ ရှိသော်လည်း မြို့ စွန်များ မှ ပြည်သူများမှာ လမ်းလျှောက်၍ လည်ကြသည်။

မဏ္ဍပ် နှင့် ရေပက်ခံ ထွက်သူများမှာ စစ်အစိုးရ ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၃၉ ချက် အား တစ်ခုမှ လိုက်နာမှု မရှိဟု သိရသည်။

ပြည်လမ်း နေရွှေသွေးအောင် မဏ္ဍပ်ရှိရာတွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး ရေပက်ခံ လာသော မော်တော်ယာဉ်များသည် အယောက် လေးဆယ်ခန့် ရှိသည့် ယဉ်ထိန်းရဲတို့ ပြသသည့် လမ်းအတိုင်း စည်ကမ်းရှိစွာဖြင့် ၀င်ရောက်ရသည် ဟု သိရသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */