ထိုသို့ ရဲက ဖမ်းဆီးခြင်းသည် မြဖက်ရှင် အထည်ချုပ် စက်ရုံက ရဲစခန်းတွင် အမှုဖွင့်၍ တိုင်တန်း ထားခြင်းကြောင့် ဖြစ်သည် ဟု သတင်း ရရှိသည်။ ဆန္ဒပြမှု များဖြစ်ပွားခဲ့သော ကြောင့် လှိုင်သာယာတွင် စက်ရုံ အလုပ်ရုံများ ပိတ်ထားပြီး ရန်ကုန်- ညောင်တုန်း လမ်းနှင့် ဘုရင့်နောင် မြစ်ကူး တံတား အနီးတွင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများချ ထားသည် ကို တွေ့ရှိရသည်။
မီးခွက်ဈေးမှ ဈေးသည် တစ်ဦးက ညဘက်လည်း အပြင်ကို သိပ်မထွက် ရဲတော့ဘူး လမ်းမှာ ရဲတွေက အပြည့်ပဲဟု ပြောသည်။
ပြီးခဲ့သည့် ရဲပိုင်း အတွင်း တိုက်ပွဲဝင် အလုပ်သမား ရဲဘော် တစ်ဦးကမူ ဒီညနေ မှ ပြန်မလွှတ်မပေး သေးရင် ကျွန်မတို့ ရဲစခန်းကို သွားမယ် ဟု Freedom News Group သို့ ပြောသည်။
Freedom News Group မှ အလုပ်သမား အရေး ဦးဆောင်သူများ နှင့် ပတ်သက်၍ လှိုင်သာယာ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း သော်လည်း လတ်တလော အချိန် တွင် ဖြေကြားခြင်း မပြုနိုင်သေးဟု အကြောင်း ပြန်ခဲ့သည်။
အလုပ်သမား ဆန္ဒပြမှု အား ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီး တင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်နှင့် ရန်ကုန် တိုင်းရဲ တပ်ဖွဲ့ မှူး ရဲမှူးအောင်နိုင်သူ တို့ သွားရောက် ဖြေရှင်းပေးပြီး အလုပ်သမားများ၏ နေရပ် နှင့် နာမည် များကို သပိတ်လှန်ရာတွင် တစ်ဦးစီ အသေးစိတ် မေးမြန်းခဲ့သည် ဟု သိရှိရသည်။
ယနေ့ လှိုင်သာယာတွင် အဓိကရုဏ်း နှိမ်နှင်းရဲ ၂၀၀ ထက်မနည်း အသင့် အနေအထား ပြင်ဆင်ထားသည်။
source by : Freedom News Group









0 ရဲ့ အမြင်:
Post a Comment