မင်္ဂလာ မွေးနေ့ပါ ကိုကျော်သူ

Thursday, February 11, 2010 ·

သူငယ်ချင်းရေ...
အသက်နံပါတ်ကြီးတိုင်း..ရင့်ကျက်တာမဟုတ်ဘူး.
၇၀ ကျော် သေခါနီးပေမဲ့ မိုက်နေတဲ့ လူတွေရှိတယ်။

သူငယ်ချင်းရေ...
ပညာတွေတတ်တိုင်း… လူပီသတာ မဟုတ်ဘူး..
အာဏာရှင် အကြိုက် ခွေးလို အူနေသူတွေ ရှိတယ်..

သူငယ်ချင်းရေ...
စိန်တွေ ၀တ်နိုင်တိုင်း.. လူချီးမွမ်းတာ မဟုတ်ဘူး..
လူပေါင်းသန်းချီ.. အဖေကို ဆဲနေတာ နားထောင်ရဲတဲ့ သမီးတွေရှိတယ်…

သူငယ်ချင်းရေ...
ရုပ်ရှင်အကယ်ဒမီ.. ရတိုင်း ပြည်သူ ချစ်သော အနူပညာသည် မမည်ဘူး
သရုပ်မပီ..ပေမမှီ… အဖားကောင်း ရသူတွေလည်းရှိတယ်။

လူရဲ့ဘ၀..တိုတောင်းကာလမှာ..
ဝင်လာချိန် နတ္တိ.. ထွက်သွားချိန် နတ္တိ..
ကျန်ခဲ့ သမိုင်းသာ.. မှတ်ကျောက်ဖြစ်၏။
အတ္တ မောဟ ဒေါသမရှိသော..
သင်၏ သမိုင်းသည် ဖြူစင် အတိ..
ဝမ်းမြောက် သာဓု ခေါ်ပါ၏။
သင်သည်.. တုနှိုင်းမဲ့ မေတ္တာရှင်.

အနူပညာသည်… သင် သရုပ်ဆောင်မှ မဟုတ်…
အနုပညာသည် သင် ဒါရိုက်တာလုပ်မှ မဟုတ်
အနုပညာသည် သင် ကဗျာရေးမှ မဟုတ်
အနုပညာသည် သင် ပန်းချီဆွဲ မှ မဟုတ်
သုဿာန်မြေကို တူးသောလက်
အလောင်းစင်ကို ပြင်သောလက်…
ပူဆွေးသူကို ယုယစွာ ပွေ့ ဖက်
နာကြင်သူ သို့ ဆေးအလှူလက်
အသုဘကို ရှုသောမျက်လုံး.
စာနာတတ်သော နှလုံး
ကြင်နာပါ သော အပြုံး..
ဤအရာသည်… အနုပညာမြောက်ပါ၏။
သင်သည် ပြည်သူချစ်သော အနူပညာရှင်…

ပြောချင်သူ ပြောပစေ.. ကျော်သူ စဏ္ဍာလ..
ကဲ့ရဲ့ချင်သူ ကဲ့ရဲ့ပစေ.. ကျော်သူ လူမိုက်.
မခေါ်မပြောနေပစေ .. မှန်ရာကို ဦးစိုက်..
နှလုံးသား စေရာသာလိုက် သူငယ်ချင်း..
လူကောင်းသတင်း.. လူလူချင်းဘဲ သိတယ်။
လူမိုက်ကဲ့ရဲ့.. မှုစရာ မဟုတ်ဘူး။

အသက် (၅၁).. သင်ဘ၀ လူဖြစ် ကျိုးနပ်ခဲ့ပြီ…
သာဓု သာဓု သာဓု ကိုကျော်သူ..
သင်ပြုသော ကုသိုလ်ရေ တစ်စက်…
အာဏာရှင်ပေါ် ဖြန့်ကျက်တယ်..
အကျဉ်းချချင်ချ.. အသက်သတ်သော် မရ.
ရှင်းသန့် သော သင်၏ မည်နာမ…
စံတုနှိုင်းမရ ရှင်သန့် အသက်ဝင်..
သင်သည် ပြည်သူ့ ချစ်သော စေတနာရှင်…

သင်သေသော်ညား..
သင်၏ သင်္ချိုင်း.. ပန်းပွင့်များ ဝေလေမည်။
သင်၏ ကုသိုလ်… နတ်လူ သာဓု ခေါ်တော့သည်။
သင်၏ သားသမီး စိန်မစီလည်း တင့်တယ်သည်။
သင်၏ ဇနီး.. သင့်အတွက် ပီတိ လွှမ်းတော့သည်။
ဖြစ်လေရာ ဘုံဘ၀.. ကံသာလျှင် သင့်၏ နောက်လိုက် ဖြစ်တော့သည်။

သင်သည် မသေ..
သင်၏ စေတနာသည် မသေ…
သင်၏ မေတ္တာသည် မသေ..
သင်၏ အနုပညာသည် မသေ…
နှလုံးခုန်ခဲ့သော အသက် ၅၁…
သင်သည်..လူစင်စစ်ဖြစ်ခဲ့သည်..
ကောင်းသော မွေးနေ့ ပါ သူငယ်ချင်း
ယုံကြည်ရာလမ်းသာ ဆက်သာနင်း..
သုတိ မင်္ဂလာအဖြာဖြာ..ပြည်စုံဝေဖြာ
မင်းရဲ့ မွေးနေ့ မှာ

မသဒ္ဓါ (၂။၁၁။၂၀၁၀)
စေတနာရှင်.. အနုပညာရှင် ကိုကျော်သူ၏ ၅၁ နှစ်မြောက်မွေးနေ့ သို့ ..
ဂုဏ်ယူပါတယ် သူငယ်ချင်း.. မင်း၏ တုနှိုင်း မရ ဂရုဏာ.. စေတနာ နှင့် မေတ္တာ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */