ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

Monday, February 22, 2010 ·

မနေ့ ညက စစ်တွေ မှာ ကျောင်းသား သပိတ်ကြီးက ညကြီး သန်ခေါင်မှာ စတင် ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော် ဦးသုမင်္ဂလာ တရားပွဲ အပြီးမှာ တက်ရောက်လာတဲ့ လူထု ပရိသတ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒ ပြပွဲဖြစ်ပွား သွားရခြင်း ဖြစ်ပါတယ်။ ဆရာတော်က သန်းရွှေ မိသားစု နဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိုင်ငံလုံးက သံယံဇတတွေကို ဂုတ်သွေးစုတ် နေမှုတွေကို ထုတ်ဖေါ် ပြောဆို သွားတယ်။ ရခိုင် ပြည်နယ်က သဘာဝ ဓါတ်ငွေ တွေထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြား သွားတယ်လို့ ဆိုပါတယ်။

ကျောင်းသား လူငယ်တွေ အနေနဲ့ ၈၈ တုန်းက ကျောင်းသားတွေ ကို အတုယူကြဖို့  ဟောကြား သွားတယ်။ တရားပွဲ အပြီးမှာ ကျောင်းသား ၁၀ ဦးနှင့် သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား ရွှေစေတီဘုရား အထိ ချီတက်တယ်။ ရဟန်းပျို သမဂ္ဂ နဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြ နေစဉ်မှာ ကျောင်းသားများက
လျှပ်စစ်မီး - ရရှိရေး ဒို့အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိ လို့ ကြွေးကြော် ဆန္ဒပြကြတယ်။


နအဖ ၊ ကြံ့ဖွတ်နှင့် ရဲ များက ဆန္ဒပြ သမားများကို နှိမ်နင်းရန် ရောက်လာ ကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့ မီးစက် ဂွ ဆုံတွေမှာ နေရာ ယူပြီး လူစု ခွဲခိုင်းတယ်။ ဆန္ဒပြ သမားများက သွေးထွက်သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင်သွေး နီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦး အချိန်း အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင် ပြည်နယ် လူထု ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင် ခေမာစာရ က '' ဒီ ဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီ၊ ဒီလို လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်လာလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေ ကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေ နေရတာ၊ ပြည်သူတွေ ကပ်တဲ့ ဆွမ်းပူ ကွမ်းပူ ကို ဒို့ ရဟန်းတွေ ဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့ ပိုင်းဖြတ်ထား ပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာ တပါး ဖြစ်ပြီး ၈၈ တုန်းက ထင်ရှားခဲ့တဲ့ အထွေထွေ သပိတ် ကော်မတီမှာ နယက ဆရာတော် တပါး ဖြစ်ခဲ့ပါတယ်။ မာနယ်ပုလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံး လက်တွဲ တိုက်ပွဲ ၀င်ခဲ့တဲ့ ဆရာတော် တပါး ဖြစ်ပါတယ်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */