အမေရိကန်လုပ် ယမ်းပျော့များဖြင့် ဖောက်ခွဲ ဖျက်ဆီးရေး သမား ၁၁ ဦးအား ဖမ်းဆီး ရမိဟု ဆို

Friday, January 29, 2010 ·

ယမန် နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ် ဗုံးပေါက်ကွဲမှု သတင်း
ဟိန်းခိုင်ထွန်း | ပြီးခဲ့သော ငါးလအတွင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ မြို့နယ်များရှိ စက်မှု ဇုန်များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များ၏ အဓိက တရားခံဖြစ်သူ ၁၁ ဦးအား မင်္ဂလာဒုံမြို့နယ် အတွင်း ဖမ်းဆီး ရမိထားပြီ ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရ သည် ယခု နှစ်အတွင်း ကျင်းပမည် ဟု မကြာခဏ ထုတ်ဖော် ပြောဆို ထားသည့် ရွေးကောက်ပွဲအား နှောင့်ယှက် ဖျက်ဆီးရန် ကြံရွယ် ထားသူများဟု ထိုလူငယ်များကို စွပ်စွဲ ပြောကြားခဲ့သည်။

ထိုအဖွဲ့ ၏ ခေါင်းဆောင်ဟု စွပ်စွဲထား ခံထားရသူ ကိုကျော်ဇေလင်းမှာ ရန်ကုန်မြို့ မင်္ဂလာဒုံ -ထောက်ကြံ အဝေးပြေး ကားလမ်းဘေး တိုကီဝါ ခဲတံ စက်ရုံရှေ့ရှိ ကုန်းတလပေါင် ကျေးရွာတွင် စာအုပ် အငှားဆိုင် ဖွင့်လှစ် ရောင်းချနေသူ တစ်ဦး ဖြစ်သည်။ကိုကျော်ဇေလင်း အား ဇန်န၀ါရီလ ၂၂ ရက်နေ့ က ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

လက်လုပ် ဗုံးများ၊ လျှပ်စစ် ဒီတို နေတာ ၄၃ ခု၊ အမေရိကန်လုပ် TNT နှင့် C4 အမျိုးအစား ဖောက်ခွဲရေး ပစ္စည်များ၊ ပစ္စတို ၃၂ လက်၊ ဂြိုဟ်တု ဖုန်း ၁ လုံး၊ အဝေးထိန်း ဖောက်ခွဲရေး ကိရိယာ တို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဖော်ပြထားသည်။

ယခု ဖမ်းဆီးထားသည့် ၁၁ ဦး မှာ ပြည်သူ့ ပြောက်ကျား စစ်တပ်ဦးမှ ဖြစ်ပြီး ထိုတပ်ဦးသည် ၁၉၉၉ ခုနှစ်က ဘန်ကောက်ရှိ မြန်မာ သံရုံးကို ၀င်ရောက် စီးနင်း ခဲ့သည့် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့နှင့် ဆက်စပ်မှု ရှိသည် ဟု ဖော်ပြ ထားသည်။

ယခုလ ၂၆ ရက်နေ့က ထုတ်ဝေသော သတင်းစာတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အတွင်း အင်္ဂါနေ့ မနက်က ငါးမိနစ်ခြားစီ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည့် သတင်းကို ဖော်ပြထားပြီး ထိုပေါက်ကွဲမှု သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏တပ်မဟာ
၅ လက်ချက်ဖြစ်သည် ဟု စွပ်ဆွဲထားက ယမန် နှစ် ဒီဇင်ဘာ ကရင် နှစ်သစ်ကူးနေ့က ဖာပွန်ရှိ ကရင် ရိုးရာ နှစ်သစ်ကူးနေ့တွင် ပေါက်ကွဲ ခဲ့သည့် ဗုံးမှာ တပ်မဟာ ၅ ၏ လက်ချက်ဖြစ်သည် ဟု ဆိုသည်။

ယမန်နေ့က ကျောက်ကြီးတွင် ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် မည်သူမှ ထိခိုက် ဒဏ်ရာမရ ဟု သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၀၇ ခုနှစ်မှ စ၍ နိုင်ငံရေးအရ သဘောထား ကွဲပြားသော အတိုက်အခံများအား ဖမ်းဆီးရာတွင် အကြမ်းဖက် သမား ဟု တံဆိပ် တပ်ကာ စွပ်ဆွဲ၍ ဖမ်းဆီးမှုများကို အရှိန် အဟုန်မြှင့် လုပ်ဆောင်လာသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */