၂၀၁၀ နှစ်သစ် နေကြတ်သည်ကို ရန်ကုန်မှလည်း မြင်တွေ့ခဲ့ရ

Saturday, January 16, 2010 ·


ရန်ကုန်မြို့တွင် နေကြတ်နေသည့် မြင်ကွင်း (ဓာတ်ပုံများ-မိုးမခ)
မိုးမခအထောက်တော် | ၂၀၁၀ နှစ်သစ်သို့ စတင် ၀င်ရောက်ပြီး ၁၅ ရက် အကြာတွင် နေကြတ်သည့် အဖြစ်အပျက်ကို ကမ္ဘာ့ နေရာ ဒေသ အတော်များများမှ မြင်တွေ့ရသည့် နည်းတူ ရန်ကုန်မြို့ နေသူများလည်း မြင်တွေ့ခဲ့ကြရသည်။


နေကြတ်ခြင်းကို အရောင်ပါသည့် မှန်ပြားကာပြီး ရိုက်ကူးထားသည့်ပုံ (နေ့လယ် ၂း ၅၅ နာရီ)
ရန်ကုန်မြို့တွင် မွန်းလွဲ ၂ နာရီ ကျော်ခါစက နေကြတ်သည်ကို စတင် မြင်တွေ့ခဲ့ကြရပြီး တနာရီခွဲ သာသာ ညနေ ၄နာရီ ၀န်းကျင်တွင် မူလ အနေအထားသို့ ပြန်ရောက်ရှိသွားသည်။ ရန်ကုန်မြို့တွင် နေထိုင်သူများ လမ်းများပေါ်ထွက်ပြီး အလင်းရောင်ကာသည့် ဓာတ်မှန်ကော်ပြား၊ ဂဟေဆော်သည့် မျက်နှာကာ နှင့် အရောင် ပါရှိသည့် မှန်များဖြင့် ကာကွယ်ကာ နေကြတ်သည်ကို ကြည့်ရှုခဲ့ကြသည်ကို တွေ့ရသည်။

မွန်းလွဲ ၃နာရီ ၀န်းကျင်တွင် ကြတ်နေသည့် နေလုံးအား လဆန်း သုံးလေးရက် လသဏ္ဌာန် မြင်တွေ့သည်။ ထို့နောက် တိမ်များ ဖုံးအုပ်ပြီး ပြန်ထွက်ပေါ်လာသည့် အခါ လခြမ်းကွေး သဏ္ဌာန်ဖြင့် မိနစ် အတန်ကြာ မြင်တွေ့ခဲ့ရသည်။

ရန်ကုန်မြို့မှ အစိုးရ ၀န်ထမ်းတဦးကို နေကြတ်သည့် အဖြစ်နှင့် မြန်မာ့နိုင်ငံရေး ဆက်စပ်မှုကို မေးမြန်းကြည့်ရာတွင် “နေကြတ်တာကြောင့် ၂၀၁၀ မြန်မာနိုင်ငံမှာ ဘာတွေကောင်းလာမယ် မကောင်းလာဘူးတော့ မသိဘူး၊ ရွေးကောက်ပွဲ လုပ်ကောလုပ်မှာလားလို့ သံသယရှိမိတယ်” ဟု ပြောဆိုသည်။

နေကြတ်ခြင်းအား နိမိတ်ကောင်းသည့် ဖြစ်ရပ်ဟု ရှုမြင်သူများ မတွေ့ရသလောက် ဖြစ်နေသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိမလာသေးသည့် အတွက် လူအများက နအဖ အစိုးရ၏ လုပ်ရပ်အပေါ် သံသယ ၀င်လျက်ရှိကြသည်။

ဗိုလ်တထောင်ဘုရားရင်ပြင်ပေါ်တွင် နေကြတ်ခြင်းကို စိတ်ဝင်တစား လေ့လာနေသူတဦး
source by : မိုးမခ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */