ယူကွန် | အသစ် ဖွင့်လှစ် လိုက်သည့် အင်တာနက် ဆားဗစ် ပရိုဗိုက်ဒါ(ISP) တစ်ခုဖြစ်သည့် ရတနာ ပုံ ဆိုက်ဘာ စီတီး တွင် အသုံးပြုသော Apache Server ကို တပ်ဆင်ပေးနေသည့် ရုရှား ကုမ္ပဏီ တစ်ခု ဖြစ်သော CBOSS ကုမ္ပဏီ မှ နည်းပညာ ဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဆာဆင် ဖြတ်တောက် နိုင်သော ဆော့ဖ်ဝဲ များ အလုပ် မလုပ်ကာ ပြည်တွင်းမှ နေ၍ ပြည်ပရှိ ၀ဘ်ဆိုက် နှင့် ဘလောက်များ အကုန် ကြည့်ရှု နိုင်သည် ဟု ဆိုသည်။

ရတနာပုံဆိုက်ဘာစီးတီး |
ယခင်က ပိတ်ပင်ထားရှိသော blogspot ဆိုက်များကို ပြန်လည် ကြည့်ရှုနိုင်သည့် အကြောင်း နှင့် ပတ်သက်၍ KMD ကွန်ပျုတာ သင်တန်းကျောင်းမှ သင်တန်းဆရာ တစ်ဦးက “အခု ဘလောက်စပေါ့ တွေ ပြည်ကြည့်လို့ ရပြီ ယူတုဘ် ရောပဲ မြန်မာ တယ်လီပို့ က ဂြိုလ်တု ရီဆီဗာ ကို ရတနာပုံ ရွှေ့နေတဲ့ အချိန် မှာ တစ်ချို့ ဆော့ဖ်ဝဲ တွေက ရပ်ထားရတယ် ကြားတယ်။ ဒါပေမယ့် ခဏပဲ ဖြစ်မယ် ထင်တယ် “ဟုပြောသည်။
ကျင်းပ ပြီးစီး ခဲ့သည့် ရှစ် ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ် ပွဲတော်သို့ သွားရောက် ခဲ့သည့် ကွန်ပျူတာ ကုမ္ပဏီ တစ်ခုမှ ၀န်ထမ်း တစ်ဦးက “ ရတနာပုံ ဆိုင်ဘာ စီတီးက ရုရှားက သင်တန်း ဆင်းလာတဲ့ ဗိုလ်လောင်းတွေပဲ နည်းပညာ ပိုင်းကို ခန့်ခွဲတာ အပြင်လူ လုံးဝ မပါဘူး ဒီလ နောက် ဆုံးထားပြီး တစ်နိုင်ငံလုံး အင်တာနက် ပေးတာကို ဒီက ဖြန့်မယ်။
အခု ဘလောက်စပေါ့တော့ ကြည့်လို့ ရတယ် ဒါပေမယ့် ကွန်နက်ရှင်က ပိုတောင် နှေးနေသေးတယ် “ဟု ပြောသည်။
မြန်မာ စစ်အစိုးရသည် ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများ နိုင်ငံ တကာရှိ မည်သည့် ၀ဘ်ဆိုက်များကို ကြည့်ရှုမှု အများဆုံး ဖြစ်သည်ကို ဆာဗေး လုပ်ချင်သည့် အခါတွင် အင်တာနက် သုံးစွဲခွင့် ကို သီတင်း တစ်ပတ်ခန့် အကြာ လွှတ်ပေးထားတတ်သည့် အကျင့်မျိုး ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ရှိစဉ် ကတည်းက အသုံးပြုသည်။
source by :
Freedom News Group
0 ရဲ့ အမြင်:
Post a Comment