ရုရှားလုပ် MIG-29 တိုက်လေယာဉ်များ အကြောင်း သိကောင်းစရာ

Tuesday, December 29, 2009 ·

ကျော်သိင်္ခ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရုရှား နိုင်ငံက မြန်မာ စစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိ MiG-29 Fulcrum-D အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ နှင့် ဒေါ်လာ ၇၁ သန်းဖိုးရှိ MI-5 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ရောင်းချထားသည်။

Mikoyan MiG-29 K/KUB ဖြစ်ပြီး နေတိုး၏ သတ်မှတ်ချက်အရ Fulcrum-D ဟု နာမည်ပေးထားသည်။ MiG-29 K သည် ပိုင်းလော့ တဦးတည်းမောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး MiG-29 KUB သည် ပိုင်းလော့ ၂ ယောက်ထိုင် ဘက်စုံသုံး တိုက်လေယာဉ်သို့ အမောင်းသင် လေယာဉ် ဖြစ်သည်။ ကျန်သည့် ဝန်ဆောင်နိုင်သည့် အနေအထားများမှာ တူညီသည်။

မျိုးဆက် လေးခုမြောက် စီးရီးဖြစ်ပြီး ဆီပေးစနစ် ပိုကောင်းအောင် ပြုပြင်ထားပြီး ဝန်ဆောင်နိုင်မှုအား ပိုလာသည်။ ထို့ပြင် Zhuk-ME အဆင့်မြင့် ရေဒါ တပ်ဆင်ထားပြီး ပစ်မှတ်ကို ရှာဖွေရာနှင့် ပစ်ခွင်းရာတွင် ပိုမို တိကျမှု အား ကောင်းအောင် မွမ်းမံထားသည်။

MIG-29 K/KUB လေယာဉ်၏ အရွယ်အစားနှင့် ဝန်တင်ဆောင်နိုင်မှု ပမာဏ
  • လေယာဉ်မောင်း တဦး (MiG-29 K)
  • လေယာဉ်မောင်းနှင့် အပိုတဦး၊ ပေါင်း ၂ ဦး (MiG-29 KUB)
  • စတင်ပျံသန်းစဉ် အလေးချိန် (ပုံမှန်အခြေအနေ) - ၁၈၅၅ဝ ကီလိုဂရမ် (၄ဝ ၈၉၅ ပေါင်)
  • စတင်ပျံသန်းစဉ် အလေးချိန် (အမြင့်ဆုံးဝန်) ၂၂ ၄ဝဝ ကီလိုဂရမ် (၄၉ ၃၈၃ ပေါင်)
  • အများဆုံး သယ်ဆောင်နိုင်သည့် ဝန်ချိန် - ၅၅ဝဝ ကီလိုဂရမ် (၁၂၁၂၅ ပေါင်)
  • အများဆုံးပျံသန်းနိုင်မှုနှုန်း - တနာရီလျှင် ၂၄ဝဝ ကီလိုမီတာ ( တနာရီလျှင် ၁၄၉၁ မိုင်)
  • အမြင့်ဆုံး ပျံတက်နိုင်မှုနှုန်း - ပင်လယ်ရေမျက်နှာပြင်မှ တမိနစ်လျှင် ၁၇ ၇၆ဝ မီတာ (တမိနစ်လျှင် ၅၈၂၆ဝ ပေ)
  • တိုက်ပွဲ၌ အမြင့်ဆုံး ပျံတက်နိုင်သည့် အကွာအဝေး - ၁၈ ၀၀၀ မီတာ (၅၉ ဝ၅၅ ပေ)
  • လောင်စာဆီ တင်ဆောင်နိုင်မှု အများဆုံးပမာဏ - ၅၂၄ဝ ကီလိုဂရမ် (၁၁ ၅၅၂ ပေါင်)
  • လေယာဉ်အတွင်း ဆီလှောင်ကန်မှ ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၈၅ဝ ကီလိုမီတာ (၅၂၈ မိုင်)
  • အပိုဆီလှောင်ကန်အတွင်း ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၁၃ဝဝ ကီလိုမီတာ (၈ဝ၇ မိုင်)
  • ဆီပြန်ဖြည့်ပြီး တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၃၅ဝဝ ကီလိုမီတာ (၂၁၇၄ မိုင်)
MiG – 29 တိုက်လေယာဉ် တစင်းတွင် ပါဝင်သော လက်နက်အမျိုးအစားများ (အကြမ်းဖျဉ်း)
  • ၁ X ၃ဝ မီလီမီတာ GSh-30-1 cannon အလုံး (၁၅ဝ)
  • ဒုံးပျံများနှင့် ချိန်ကိုက်ဗုံး ထိန်းချုပ်စနစ် (Semi-active Radar Homing – SARH) ပါသော လေထဲပစ် ဒုံးကျည် အပါအဝင် ၃၅ဝဝ ကီလိုဂရမ် (၇၇၂ဝ ပေါင်) အထိ အလေးချိန်ရှိသော လက်နက်များ
(SARH စနစ်သည် AA-8 "Aphid", ", AA-11 "Archer", AA-12 "Adder စသည့် လေထဲပစ်ဒုံးကျည်များနှင့် FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 စသည့် ပေါက်ကွဲအားမြင့်သော ဗုံးများကို ထိန်းချုပ်နိုင်သော စနစ် ဖြစ်သည်။)
  • လေဆာစနစ် ပဲ့ထိန်း ဗုံးအမျိုးအစားများ - KAB-500KR, KAB-1000KR, KAB-1500KR ၊
  • တီဗီစနစ်ဖြင့် ထိန်းချုပ်သော ဗုံးအမျိုးအစားများ - FAB-250, FAB-500, FAB-1000, FAB-1500၊
  • အလွတ်ပစ် ဗုံးအမျိုးအစားများ - BetAB-250, BetAB-500၊
  • ကွန်ကရစ် ထိုးဖောက်နိုင်သော ဗုံးအမျိုးအစားများ RBK-250, RBK-500
  • ၃ဝ ကီလိုတန် (Kiloton – Kt) နူကလီးယားဗုံး တလုံး - S-8, S-13
  • အလွတ်ပစ်ဒုံးကျည် - ZAB-500
  • မီးလောင်ဗုံး - KMGU-2
  • လက်နက်ခဲယမ်းမီးကျောက်ထည့်သည့် အပိုခန်းများ
  • ၁၁၃၇ လီတာ (၃ဝဝ ဂါလံ) သို့မဟုတ် ၁၄ဝဝ လီတာ (၃၇ဝ ဂါလံ) ဆန့် ဆီလှောင်ကန် နှစ်ခုနှင့် ၂၂၇၄ လီတာ (၆ဝဝ ဂါလံ) ဆန့် ဆီလှောင်ကန် တခု (စုစုပေါင်း ဆီလှောင်ကန် သုံးခု)
ရေဒါတပ်ဆင်ထားမှု
  • Phazotron N019 နှင့် N010 ရေဒါစနစ်
MIG-29 တိုက်လေယာဉ်အမျိုးအစား ၈ မျိုး ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
MIG-29B: (ပထမဦးဆုံး ထုတ်လုပ်ခဲ့သော အမျိုးအစားဖြစ်ပြီး ပိုင်းလော့ တယောက်စာ ထိုင်ခုံပါသည့် အမျိုးအစား)
MIG-29UB: (စစ်ပွဲသုံး နှစ်ယောက်ထိုင်ခုံပါ၊ ရေဒါစနစ် မပါသည့် အမျိုးအစား)
MIG-29SD: (အီလက်ထရွန်းနစ် စနစ်အပိုင်းကို ပြန်လည်အဆင့်မြှင့်ထား (upgrade လုပ်ထား) သော အမျိုးအစား)
MIG-29S: (အီလက်ထရွန်းနစ်နှင့် ရေဒါစနစ်ကို ပြန်လည် upgrade လုပ်ထားသော အမျိုးအစား)
MIG-29SE: (ဘက်စုံသုံး အပေါ့စား ပြည်ပတင်ပို့သည့် အမျိုးအစား)
MIG-29TVK: (အမောင်းသင် အမျိုးအစား)
MIG-29K: (တိုက်ခိုက်ရေး သို့မဟုတ် အမောင်းသင် အမျိုးအစား)
MIG-29M/ME: (လေယာဉ် စနစ်အားလုံးကို မြှင့်တင် (upgrade) လုပ်ထားပြီး, လက်နက်ထိန်းချုပ်ရေး စနစ်ပါသော အမျိုးအစား)

ပီရူးလေတပ်၏ စာရင်းဇယားများအရ MiG-29 လေယာဉ်ကို အသုံးပြုသော နိုင်ငံများ နှင့် အသုံးပြုသော လေယာဉ် အရေအတွက်

နိုင်ငံအမည် MiG-29အမျိုးအစား အရေအတွက်

အယ်လ်ဂျီးရီးယား MiG-29                                            51
ဘင်္ဂလားဒေ့ရှ် MiG-29SE/MiG-29UB                          14/2
ဘဲလားရပ်စ် (အရေအတွက် မသိရ)
ဘူးလ်ဂေးရီးယား MiG-29S/MiG-29UB                        16/4
ကျူးဘား
အရစ်ထရီးယားဟန်ဂေရီ                                              (၂ဝ၁ဝ တွင် ဝယ်ရန် ကမ်းလှမ်းထား)

အိန္ဒိယ MiG-29/MiG-29K                                               69/12

(အိန္ဒိယလေတပ်တွင် ယခုလက်ရှိအသုံးပြုနေသော MiG-29 ၆၉ စီးရှိသည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းဇယားအရ အိန္ဒိယရေတပ်တွင် အသုံးပြုရန် MiG-29K အမျိုးအစား တိုက်လေယာဉ် ၁၂ စီးကို မှာယူခဲ့သည်။)

အီရန် (အရေအတွက် မသိရ)

ကာဇစ္စတန် (အရေအတွက် မသိရ)
ကာဂျစ်စတန် (အရေအတွက် မသိရ)
မလေးရှား (အရေအတွက် မသိရ)
လက်ဘနွန် ၁ဝ စီးပို့ရန် ရှိ
မြန်မာ ၁၂ စီး (ယခု ဝယ်ယူသော အရေအတွက် မပါ)
ပီရူး ၁၉ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)
မြောက်ကိုရီးယား ၄ဝ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)

(မြောက်ကိုရီးယားက ဘဲလားရပ်စ် နိုင်ငံမှ အစဦးပိုင်က MiG-29 ၁၂ စီးဝယ်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရုရှနိုင်ငံမှ MiG-29SE အမျိုးအစား ၁၈ စီးအပြင်၊ နောက်ထပ် အသစ် ၃ စီး မှာယူခဲ့သည်။)

ပိုလန် ၃၆ စင်း
ရုရှ ၄ဝ၆ စင်း (၂ဝဝ၈၊ နိုဝင်ဘာ စာရင်းအရ)

(MiG-29SE အမျိုးအစား တိုက်လေယာဉ်အစီး ၁ဝဝ ကို နိုင်ငံခြားသို့ရောင်းချရန် စီစဉ်ထားသည်။ အယ်လ်ဂျီးရီးယားက MiG-29SMT အမျိုးအစား အသစ် ၃၄ စီးကို ဝယ်ယူရန် မှာခဲ့သော်လည်း နောက်ပိုင်းတွင် ဝယ်ယူရန် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။)

ဆိုက်ဘေးရီးယား ၄ စီး
စလိုဗာကီးယား ၂၁ စီး
ဆူဒန် ၁၁ စီး (နောက်ထပ် ၁၂ စီး မှာယူထား)
ဆီးရီးယား (အရေအတွက် မသိရ)
ယူကရိန်း ၂၂ဝ စီး (၂ဝဝ၈ နိုဝင်ဘာလ စာရင်းအရ)
အမေရိကား (အရေအတွက် မသိရ)
ဥဇဘက်ကစ္စတန် (အရေအတွက်မသိရ)
ရီမင် (အရေအတွက် မသိရ)

source by : မဇ္ဈိမ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */