သူတို့ရဲ့ backup က ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေ ပါတယ်။ ကြားထဲက ပွဲစား လုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။
အစီအစဉ်တွေ အားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ mizzima သတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင် သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။
အောက်ပါ အချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။
(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။
(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့ နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစား လာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)
(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက် နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ် နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ် နေပါတယ်။ သူ့ ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။
(၄) တင်မောင်အေးက အမည် မထင်မရှား နေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။
(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖို့  ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။
(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။
ပေးပို့သော မိတ်ဆွေ အား အထူကျေးဇူးတင်ရှိပါသည်။









0 ရဲ့ အမြင်:
Post a Comment