အလုပ်သင် ဆရာဝန် တစ်ဦးလည်း ဖြစ်သူ မြန်မာပြည်က Neutron ( ကိုအောင်ရဲကျော် ) က ပထမ ဆုငွေ အဖြစ် အမေရိကန် ဒေါ်လာ (၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို ဆွတ်ခူး ခဲ့တာ ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့ ခက်ခဲလှတဲ့ အင်တာနက် ကွန်နက်ရှင် ကြားထဲ ကနေ ဒီ animation လေးကို ဖန်တီးပြီး ကြိုးစားပေးပို့ကာ ပြိုင်ပွဲဝင် ခဲ့ရတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁) ရက်နေ့ - World AIDS Day အထိမ်းအမှတ် အဖြစ် ယခုလို နိုင်ငံတကာ ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှု အတွက် ကျွန်တော်တို့ မြန်မာ ပြည်သူ ပြည်သားတွေ အနေနဲ့ အလုပ်သင် ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ကို ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါတယ်။
ပြိုင်ပွဲ သတ်မှတ်ချက် အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင် ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ရဲ့ 3D Animation လေးကို ကြည့်ရှူအားပေး ရအောင်ပါ။
ကိုနစ်နေမန်း မှ ရယူမျှဝေပါသည်။
0 ရဲ့ အမြင်:
Post a Comment