ရောင်းစားခံ လှေသမား နှစ်ဦး ထွက်ပြေး၊ ပွဲစား ပြန်မိ၍ သေလောက်အောင် ရိုက်နှက်ခံရ

Friday, November 27, 2009 ·

GHRE | ထိုင်းနိုင်ငံ တောင်ပိုင်း၊ လှေဆိပ် တစ်ခုတွင် ရောင်းစား ခံထားရာမှ ယမန်နေ့ နံနက်ပိုင်းက လှေလုပ်သားနှစ်ဦး ထွက်ပြေးစဉ် ပွဲစားများ ပြန်ဖမ်းမိသဖြင့် သေလောက်အောင် ထိုးနှက်နှိပ်စက်မှုကို ခံရကြောင်း မျက်မြင် တွေ့ရသူ အသက်(၁၉)နှစ် အရွယ် လှေအလုပ်သမား ကိုလေးက ပြောပြသည်။

“ဒီနေ့ မနက် စောစောကပါ။ ကျိုက်ထိုက ကိုဇင်သော် အသက်(၂၀)၀န်းကျင်နဲ့ နောက်တစ်ယောက်ပါ။ သူတို့ ထွက်ပြေးတာကို မွန်ပွဲစားတွေ မိသွားတယ်။ ရိုက်လိုက်တာဗျာ၊ မကြည့်ရက် စရာပဲ၊ သေလား ရှင်လားတော့ မသိဘူး။ ၀ိုင်းရိုက်ကြတာ။ တစ်ကိုယ်လုံး သွေးတွေ နီရဲနေတာပဲ။ အကြွေး ကျေပေမယ့်လည်း သွားမရဘူး။ ပုလိပ်ကို ဖမ်းခိုင်းပြီး ပြန်ရောင်းစားတယ်။ မသေမချင်း ခံရမယ့် သဘောပဲ”

ယင်းဖြစ်စဉ်နှင့် ထိုလှေဆိပ်၏ အနေအထားများကို ကိုလေးက ဖုန်းဖြင့် ပြောပြနေစဉ် “ဟုတ်ကဲ့ ဦးလေးနဲ့  မတွေ့ရသေးဘူး။ အဆင်ပြေပါတယ်။ နေကောင်းပါတယ်။ ဟုတ်ကဲ့၊ ကျနော်ရှာကြည့်လိုက်ပါမယ်။ ဟုတ်ကဲ့” ဟူသော စကားများကို ပြောဆိုနေပြီးနောက် “ကျနော် အခုစကားပြောနေတာကို ပွဲစားတွေမြင်သွားပြီ။ အဲဒါကြောင့် ကျနော်အိမ်နဲ့ စကားပြောနေသလိုမျိုး ပြောနေတာပါ။ ကျနော် ဖုန်းချ လိုက်တော့မယ်” ဟူ၍ စိုးရိမ်သော လေသံဖြင့် ပြောဆို နှုတ်ဆက်ပြီး လက်ကိုင်ဖုန်းကို ချသွားခဲ့သည်။

အဆိုပါ လှေဆိပ်တွင် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ရောင်းစား ခံထားနေရသည်။ မြ၀တီ၊ ၀ါးတော ရပ်ကွက်တွင်နေသည့် ဒီကေဘီအေမှ ဗိုလ်အဆင့်ရှိသူတစ်ဦးက ဒိုင်ခံပြီး မြန်မာပြည် အနှံ့မှ ရောက်ရှိလာ သော မြန်မာနိုင်ငံသားများကို လူကုန်ကူးသူများနှင့် ဆက်သွယ်ရောင်းစားလေ့ရှိသည်။

မကြာသေးမီက ထွက်ပြေးလွတ်မြောက်လာသော ပဲခူးမြို့မှ ကိုသန့်ဇင်က “ကျနော်တို့ ၂၀၀၈ ဧပြီလ (၁၈)ရက်နေ့က မြ၀တီ၊ ၀ါးတောမှာ နေတဲ့ ဒီကေဘီအေက ဗိုလ်ကြီး အဆင့်ရှိသူက ကယ်ရီခဘတ် (၁၂၀၀၀)ဆိုပြီး ဈေးဖြတ်ပြီး ခေါ်လာခဲ့တာ။ မိန်းကလေး (၆)ယောက်အပါအ၀င် အားလုံးကျနော်တို့ လူနှစ်ဆယ်ကျော်တယ်။ လမ်းမှာ ငှက်ပျောသီးစားပြီး လာရတယ်။ ကောင်မလေးတွေကိုတော့ ဘန်ကောက်မှာ ရောင်းစားခဲ့တယ်။ ယောက်ျားတွေကိုတော့ ဒီလှေဆိပ်ကို ခေါ်လာပြီး ဘတ်(၂၂၀၀၀)နဲ့ လာရောင်းစားခဲ့တယ်”ဟု ပြောသည်။

လှေပေါ်တွင် ရောင်းစားခံထားရသော မြန်မာအလုပ်သမားများသည် နံနက်(၆)နာရီခန့်မှ စတင်ပြီး ပင်လယ်ပြင်သို့ ငါးဖမ်းလှေများဖြင့် ထွက်သွားရပြီး တစ်နေကုန် ငါးပိုက် လေကြိမ် ချကြရသည်။ မ၀ရေစာကိုသာ စားရပြီး မွန်လူမျိုး ငါးဆရာနှင့် ပိုက်ဆရာများကို နင်းနှိပ်ပေးရသည်။ ရောက်ခါစတွင် လှေမူး၍ အလုပ်မလုပ်နိုင်သော မြန်မာ အလုပ်သမားများအား ငါးများရေခဲစိမ်ရာတွင် အသုံးပြုသည့် ရေခဲခြင်းများ သုံးလေးခြင်းကုန်အောင် ခေါင်းပေါ်မှ ဆားငန်ရေများဖြင့် လောင်းချစေသည်။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးပြီး ကမ်းသို့ ပြန်ကပ်သည့်အခါ ၀ယ်ယူထားသည့် ထိုင်းလှေပိုင်ရှင်များက ရောင်းစား ခံထားရသည့် မြန်မာလှေ လုပ်သားများကို သုံးဘီး ဆိုင်ကယ် ယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ပြီး အခန်းတွင်း၌ လှောင်ပိတ် ထားကြသည်။

ထိုင်းလုပ်ငန်းရှင်များအား ရောင်းချထားသည့် ဘတ် (၂၂၀၀၀)ကျေပြီး ပြန်သွားလိုကြသော်လည်း သွားခွင့်မပြုပဲ ဒေသခံ ထိုင်းရဲများကို ပြန်လည်ဖမ်းဆီးစေလျှက် လှေများပေါ်သို့ ပြန်လည်ရောင်းချကြောင်း လွတ်မြောက်လာသူ ကိုသန့်ဇင်က ပြောသည်။

အဆိုပါ လှေဆိပ်မှ ပြန်လည် လွတ်မြောက် လာသူ အချို့ ရှိသော်လည်း အများစုမှာ ထွက်ပြေးလွတ် မြောက်နိုင်ခြင်း မရှိပေ။ အကြောင်းမှာ လူကုန်ကူးသည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ ပတ်သက် ဆက်နွယ်မှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း လွတ်မြောက်လာသူများက ပြောသည်။ ငါးဖမ်းလှေပေါ်မှ ပစ်ချခံရသော မြန်မာ အလုပ်သမားများ၏ ရုပ်အလောင်းများကို ပင်လယ်ပြင်တွင် မကြာမကြာ တွေ့ရလေ့ ရှိကြောင်း သိရသည်။

source by : ghre

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */