ဗိုလ်သန်းရွှေရဲ့ ဂို့စ်လမ်းပြ မြေပုံ၊ ကုပ်ချောင်းချောင်း စိတ္တဇနဲ့ ဘုရင်ရူး ရောဂါ

Thursday, November 19, 2009 ·

ဗိုလ်သန်းရွှေရဲ့ ဂို့စ်လမ်းပြ မြေပုံ၊ ကုပ်ချောင်းချောင်း စိတ္တဇနဲ့ ဘုရင်ရူး ရောဂါ

ဒေါက်တာ လွဏ်းဆွေ | အာဏာသိမ်း အုပ်ချုပ်သက် (၂၁) နှစ် ကျော်လာပြီ ဖြစ်တဲ့ န၀တ/နအဖ စစ်အုပ်စုရဲ့ မကောင်းဆိုးဝါး သက္ကရာဇ် ဖလင်တွေကို နောက်ကြောင်း ပြန်ရစ်ကြည့်တဲ့ အခါမှာ အခု နအဖ စစ်အုပ်စု ပြောနေတဲ့ လမ်းပြ မြေပုံ (Road Map) မဟုတ်ဘဲ ထူးခြားတဲ့ နောက်ထပ် လမ်းပြမြေပုံ တခု ဆက်စပ် ပုံပေါ်လာတာကို တွေ့ရပါတယ်။ အဲဒီ လမ်းပြ မြေပုံဟာ နအဖရဲ့ လမ်းပြ မြေပုံလို ပေါ်ပေါ် ထင်ထင် ခေါင်းပြူ နေတာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ နောက်ကွယ်မှာ တစ္ဆေသရဲ (Ghost) တကောင်လို တရိပ်ရိပ် ကပ်ပါလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂို့စ် လမ်းပြ မြေပုံရဲ့ ထူးခြားချက်က နအဖလို အုပ်စုတစုက စုပေါင်း အကောင်အထည်ဖော် နေခြင်းမျိုး မဟုတ်ဘဲ လူတဦး တယောက်တည်းက တိတ်တဆိတ် ကျိတ်ကြံပြီး ဉာဏ်နီ ဉာဏ်နက်ထုတ် လုပ်ဆောင် နေခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီဂို့စ် လမ်းပြ မြေပုံ အတိုင်း စိတ်ကူးယဉ် လျှောက်လှမ်း နေခဲ့သူကတော့ န၀တ/နအဖစစ်အုပ်စု ဖိနှိပ် အုပ်ချုပ်ခဲ့ချိန် တလျှောက် နှစ်အတော်ကြာ ကုပ်ချောင်းချောင်း နေခဲ့ပြီး နောက်ဆုံးမှာ အာဏာကို ကောင်းကောင်း ချုပ်ကိုင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့၊ အိုမင်းရွတ်တွပြီး (သိရီလင်္ကာ အရောက် လေယာဉ်ပေါ်က တုန်ချိတုန်ချိ ဆင်းလာတာကို တွေ့လိုက်ရလို့ပါ) အခုအချိန်အထိ အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့ ဗိုလ်သန်းရွှေပဲ ဖြစ်ပါတယ်။

တကယ်တော့ နအဖစစ်အုပ်စုက အကောင်အထည် ဖော်မယ်လို့ ကြွေးကြော်နေတဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက အချက်တချက်သာဖြစ်တာကို အခုအခါမှာ ထင်ထင်ရှားရှား တွေ့လာရပြီ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူတဦးတည်းရဲ့ ကိုယ်ပိုင် လမ်းပြမြေပုံ (ဂို့စ်လမ်းပြမြေပုံ) အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာဖို့ အတွက် ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ တိတ်တိတ် ဆိတ်ဆိတ် နေထိုင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူ့ကို တခြား အာဏာသိမ်း စစ်အုပ်စုဝင် ဗိုလ်ချုပ် တွေက မခုတ်တတ်တဲ့ ကြောင်တကောင် (ငတုံးငအတယောက်) လို အမြင် ရောက်စေမယ့် ပုံစံမျိုးနဲ့ ကျင့်ကြံ နေထိုင်ရင်း သူ့ရဲ့ဂို့စ်လမ်းပြမြေပုံ ခရီးပေါက်အောင် ပါးပါးနပ်နပ် အားထုတ်နေခဲ့တာလို့ ပြောရင်လည်း မှားမယ် မဟုတ်ပါဘူး။

ဗိုလ်သန်းရွှေ တယောက် အဲသလို ကျင့်ကြံ အားထုတ် ခဲ့ရာမှာ ဂို့စ်လမ်းပြမြေပုံ ခရီး အတော် ပေါက်အောင် သူအသုံးချခဲ့တဲ့ သူတယောက် ရှိပါတယ်။ အဲဒီသူကတော့ အများသိကြပြီး ဖြစ်တဲ့ နေရာတကာ ကိုပါရာ လုပ်ခဲ့သူ ဗိုလ်ခင်ညွန့်ပဲ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့် အနေနဲ့ တမိုးလုံး ဖျောက်ဆိတ် လုပ်ခွင့် ရခဲ့တဲ့ အချိန်တုန်းက ကွေးနေအောင် နန်းစတော့ပ် ကနေခဲ့ရလို့ အသုံးချခံ ဖြစ်ခဲ့မှန်း သတိထား မိချင်မှ ထားမိမှာ ဖြစ်ပေမယ့် အခုလို ဆိုင်းငံ့ထောင်နန်းစံဘ၀မှာတော့ ဗိုလ်သန်းရွှေ အသုံးချတာကို ခံလိုက်ရမှန်း ရိပ်မိသိရှိပြီး သတိ သံဝေဂတွေ အတော် ရနေလောက်ပြီလို့ ထင်မိပါတယ် (တက်ကြွ ခဲ့တဲ့ ကြက်ဖ ဘ၀ကို ပြန်တွေး မိတိုင်း စိတ်အနာကြီးနာ၊ အရှက်ကြီး ရှက်ပြီး နံရံကို လက်သီးနဲ့ တနေ့ အချက် တရာလောက် ထိုးနေလေရော့ သလားတော့ မပြောတတ်)။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုလ်သန်းရွှေ ကတော့ ကျေးဇူးရှင် ဗိုလ်ခင်ညွန့်ရဲ့ ကောင်းမှုနဲ့ သူ့ရဲ့ ကိုယ်ပိုင် လမ်းပြ မြေပုံ (၇) ချက် ခရီး အတော် ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူ့ရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက …

အဆင့် (၁) - န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချကာ ဥက္ကဋ္ဌနေရာကို တက်ယူခြင်း။
အဆင့် (၂) - ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စီနီယာတိုင်းမှူးအုပ်စုနဲ့ ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ် သီဟသူရစစ်မောင်၊ ဗိုလ်ချုပ် ၀င်းမြင့်တို့လို့ ဂျူနီယာသမားများကို ဖြုတ်ထုတ်သတ်ခြင်း။
အဆင့် (၃) - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း။
အဆင့် (၄) - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံအင်အားစုများကို အမှည့်ခြွေခြွေခြင်း … ဆိုတဲ့ အဆင့်တွေကို အကောင်အထည်ဖော်ရာမှာ ဗိုလ်ခင်ညွန့်ကို ရှေ့တန်းတင်ပွဲထုတ်ပြီး နောက်ကွယ်ကနေ ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် ဗိုလ်ခင်ညွန့်ကို စိတ်ရှိလက်ရှိ ကွေးနေအောင် ကခွင့်ပေးထားပြီး မာန်တက်ပြီး မြောက်ကြွကြွဖြစ်နေတဲ့ အချိန်ကျမှ ကိုယ်ပိုင်လမ်းပြမြေပုံ အဆင့်တဆင့်အနေနဲ့ သူသတ်မှတ်ထားတဲ့ …

အဆင့် (၅) - ဗိုလ်ချုပ်ခင်ညွန့်ကို ကန်ထုတ်ခြင်း … ဆိုတဲ့အဆင့်မှာ ခြင်းလုံးတော့သလို တကယ့်ကို အသာအယာလေး ကန်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်ကို ကန့်လန့်ကာနောက်ကွယ် ပို့ပြီးတဲ့အခါမှာတော့ သူ့အတွက် ရန်စွယ်အတော်များများ ရှင်းလင်းသွားပြီမို့ ဗိုလ်သန်းရွှေဟာ သူ့ရဲ့အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဘုရင်ရူးရောဂါကို ပြေပျောက်စေမယ့် …

အဆင့် (၆) - နေပြည်တော်စီမံကိန်းနှင့် (ဗိုလ်ခင်ညွန့်ကို မသိမသာ အစပျိုးခိုင်းခဲ့တဲ့) နအဖရဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖော်ခြင်း … ဆိုတာတွေကို ဆက်လက်လုံးပန်းပါတော့တယ်။ အခုအခါမှာ နေပြည်တော်စီမံကိန်းကလည်း အတော်အတန် ခရီးပေါက်နေပြီမို့ ၂၀၁၀ မှာ အတုအယောင် ရွေးကောက်ပွဲကြီးကျင်းပပြီး သူ့ကိုယ်ပိုင်လမ်းပြမြေပုံရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ …

အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း … ဆီကို ချီတက်ဖို့ စိုင်းပြင်းလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်အောင်လည်း ညောင်နှစ်ပင်ဖွဲ့စည်းပုံဆိုတဲ့ အခြေခံဥပေဒတော်ကြီးကို အတိုက်အခံများ တုပ်တုပ်မျှမလှုပ်နိုင်အောင် သူ့စိတ်ကြိုက် ရေးဆွဲစေခဲ့ပါတယ်။

ဘုရင်ရူး ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ ဂို့စ်လမ်းပြမြေပုံကြီး ဖြစ်မြောက်အောင်မြင်သွားလို့ အတိုက်အခံတွေ အနားတောင် မသီနိုင်ဘူးပဲ ထားပါတော့ …။ အနို့ … အခြားအခြားသော စစ်တပ်က မောင်မင်းကြီးသား ကိုယ်တော်ချောများရော ဗိုလ်သန်းရွှေရဲ့ ရာဇပလ္လင်မှာ ဆက်ခံနိုင်မယ့် အခွင့်အရေးများ ရှိရဲ့လားဆိုတာကို အခုတလော မြင်တွေ့ကြားသိနေရတဲ့ သတင်းပလင်းတွေကြောင့် စိတ်ဝင်တစားဖြစ်နေမိပါတယ်။

သိရီလင်္ကာခရီးစဉ်မှာ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ မြေးတော် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကို အတော်ပွဲထုတ်တာ တွေ့ရတဲ့အပြင် ပြည်တွင်းမှာလည်း မြေးတော်လေးရဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့ သတင်းတွေကို မကြာမကြာ ဖတ်နေရလေတော့ ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ “အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း” … ဆိုတာ ကျန်တဲ့ စစ်ဗိုလ်တွေအတွက် မဟုတ်ဘဲ သူ ပစားပေးထားတဲ့ မြေးတော် နေရွှေသွေးအောင်လေးနဲ့ ဆွေစဉ်မျိုးဆက် ထီးနန်းဆက်ခံဖို့ပဲ ရည်ရွယ်တာလားဆိုတာကို သံသယ၀င်လာမိပါတယ်။

ကုပ်ချောင်းချောင်း စိတ္တဇ ဝေဒနာသည် အဘိုး လက်ထက် မှာတောင် စီနီယာ ဗိုလ်ချုပ်တွေ၊ ဂျူနီယာ ဗိုလ်ချုပ်တွေကို ဖြုတ်ထုတ်သတ် ခဲ့တာမို့ အဘိုးထက် နှစ်ဆသာမယ့် အရူံးဘုံမြှောက်လေး လက်ထက်ကျရင်တော့ မဖွယ်မရာတွေ ကောက်စားပြီး (ပြည်သူတွေ၊ အတိုက်အခံတွေ မဆိုထားနဲ့) ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ် တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သိန်းစိန် …….စသူ စသူတို့ရဲ့ အမျိုးအဆွေ ကိုပါ ဖြုတ်ထုတ်သတ် တာတွေ မလုပ်လာဘူးလို့ ဘယ်သူ အာမခံနိုင် မလဲနော်။ အဲသလို တွေးပူနေမိတဲ့ အတွက်ကြောင့် နိုင်ငံနဲ့ ပြည်သူကို ချစ်စိတ်ရှိတဲ့ ဗိုလ်ချုပ်တွေများ ရှိနေသေးတယ်ဆိုရင်ဖြင့် ဗိုလ်ချုပ်များရဲ့ နောင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ် အတွက် ဘုရင်ရူး ရောဂါ အရှိန်တက် နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဆွေတော် မျိုးတော် အားလုံးကို (ဒီအတိုင်း လွှတ်မထားဘဲ) အမြန် လက်ဦးမှု ယူပါ။ ပြီးရင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး တိုင်းပြည်ကို ကယ်တင်ပါလို့ အကြံပြု တိုက်တွန်း လိုက်ရပါတယ်။

source by : ခေတ်ပြိုင်

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */