ရန်ကုန်မြို့ သတင်း အချက်အလက် နည်းပညာပြပွဲမှ မော်ဒယ် တစ်ဦးကို ယနေ့ တွေ့ရစဉ် ဓာတ်ပုံ-အေပီ |
နည်းပညာ ကုမ္ပဏီပေါင်း (၆ဝ) ကျော်မှ ပြခန်းပေါင်း (၁၅ဝ) ကျော်ဖြင့် ခင်းကျင်း ပြသထားပြီး ယခင်နှစ် ဒီဇင်ဘာလ က ရတနာပုံ တယ်လီပို့တွင် ကျင်းပသည့် ဆိုင်ခန်းခ များထက် ဈေးနှုန်း မြင့်မားသည် ဟု Lucky Bird ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောသည်။ အဆိုပါ ပြပွဲသည် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA)၏ ရံပုံငွေ ရရှိရန် အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး MCIA သည် မြန်မာနိုင်ငံ ကွန်ပျုတာ အသင်းချုပ် နှင့် ပူးပေါင်းကာ MISS ICT ပြိုင်ပွဲ ၂၀၀၉ ကို မကြာခင် ကျင်းပတော့မည် ဖြစ်သည်။
(အေစာကွန်ပျူတာ ပြခန်း)ဓါတ်ပုံ မိုးမခ |
ပရိုလင့်ခ်ကွန်ပျူတာ ပြခန်း(ဓါတ်ပုံ မိုးမခ) |
တိုရှိဘာ ကွန်ပျူတာ ပြခန်းမှာ အရောင်းမြှင့်တင်နေပုံ(ဓါတ်ပုံ မိုးမခ) |
ယခင် အင်ဗွိုင်း ခမ်းမ ဟု ခေါ်သော တပ်မတော် ခမ်းမ၊ ကွန်ပြူတာ ခမ်းမသို့ သွားရောက် ခဲ့သူ တစ်ဦးက “ကွန်ပျုတာပြပွဲ လို့ ဆိုပေမယ့် ဖက်ရှင်ပြပွဲ လုပ်နေတဲ့ အတိုင်းပဲ အရောင်း မြှင့်တင်ရေး ကောင်မလေးတွေက စကတ်တို လေးတွေ ဘောင်းဘီ တိုလေးတွေ ၀တ်ထားတာ ပေါင်လေးတွေ ဖွေးဖွေး ဖြူဖြူ နေတာပဲ ကြည့်လို့ ကောင်းတယ် “ဟု Freedom News Group သို့ ပြောသည်။
source by : Freedom News Group









0 ရဲ့ အမြင်:
Post a Comment