နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းအား ထိမှန် သွားသည့် အမေရိကန်လုပ် Akademiks အမျိုးအစား ဖိနပ် |
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မှာ မော်တော် ကားလမ်းကို ပြောင်းပြန် မောင်း၍ ထွက်ပြေး သွားသော ကား နောက်ပိုင်းကို သာ ရှူးဖိနပ် ထိမှန်ကြောင်း သိရသည်။
ဆန္ဒပြ ကန့်ကွက် ရှုံ့ချပွဲ သို့ ထိုဒေသ နှင့် အနီး တ၀ိုက်ရှိ မြန်မာ ဒီမိုကရေစီ လှုပ်ရှားသူများ နှင့် ရဟန်း သံဃာများ တက်ရောက် ခဲ့ကြသည်။
ဖိနပ်ဘေးမှ လွတ်မြောက် ပြီးနောက် ကုလ ရုံးချုပ်တွင် ဘန်ကီမွန်း နှင့် မချိပြုံး နှုတ်ဆက် နေသည့် ဗိုလ်ချုပ်ကြီး သိန်းစိန် |
နိုင်ငံ ၁၉၂ နိုင်ငံ တက်ရောက်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် စကား ပြောကြား ပြီးနောက် မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ် ခဲ့သည့် ဗာဂျီးနီးယား ပြည်နယ် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်ဝဘ် နှင့် တွေ့ဆုံ ရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည် ဟု ကတိ ပေးခဲ့သည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း တို့မှာ မြန်မာစစ် ခေါင်းဆောင် များတွင် ပထမ ဦးဆုံး အကြိမ် ဖိနပ်ဖြင့် အပေါက်ခံ ရသူများ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး သိန်းစိန် မှာမူ ဧပြီလ အတွင်းက ထိုင်းနိုင်ငံ တွင် အာဆီယံ အစည်းအဝေး တက်ရောက်စဉ်က အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ဦး၏ ဆန္ဒပြ ကန့်ကွက်မှု ကြောင့် ဟိုတယ် နောက်ဖေး ပေါက်မှ ထွက်ပြေး ရသည့် အတွေ့အကြုံ ရှိထားသူ တစ်ယောက် ဖြစ်သည်။
source by : FREEDOM NEWS GROUP









0 ရဲ့ အမြင်:
Post a Comment