ဆန္ဒပြပွဲများ ဖြစ်ပွားပါက ဓာတ်ပုံရိုက်သူ ကိုလည်း ဖမ်းရန် စွမ်းအားရှင် များကိုလည်း ညွှန်ကြားထား

Friday, May 29, 2009 ·


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်းစိန်ထောင်ရှေ့ ဆန္ဒပြသူကို စွမ်းအားရှင်နှင့် အရပ်ဝတ် ထောက်လှမ်းရေး များက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-ဒီဗွီဘီ)
ဟိန်းခိုင်ထွန်း | ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ဆန္ဒပြသူသာမက အနီးရှိ ဓာတ်ပုံ ၊ဗီဒီယို ကင်မရာ မှတ်တမ်းတင် သူများကို လည်းဖမ်းဆီးရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှုးက နေ့စားဖြင့် စောင့်ကြည့် ဖမ်းဆီးရေး တာဝန်ကို ယူထားသော စွမ်းအားရှင် များနှင့် ကြံဖွတ်များကို ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများတွင် ရဲလုံခြုံရေးများနှင့် အတူ အသင့်ချထားသော စွမ်းအားရှင်နှင့် ကြံ့ဖွတ်များကို ရဲတပ်ဖွဲ့ ၏ အမိန့်ပေးမှု အောက်တွင် ထားရှိ သည် ဟု ရန်ကင်း မြို့နယ်မှ ရ၀တအဖွဲ့ဝင် တစ်ဦးက Freedom News Group သို့ပြောသည်။

ထိုဆယ်အိမ်ခေါင်းက ဆက်၍ “ကျွန်တော် တို့ ရပ်ကွက် က နှစ်ယောက်ဒီနေ့ ထောင်ရှေ့ လုံခြုံရေးအတွက် နှစ်ယောက်ထည့် ရတယ် သူ တို့ကို ရဲမှုးတစ်ယောက်က ဆန္ဒပြတာတွေ ဘာတွေဖြစ်ရင် ဆန္ဒပြသူရော ဓာတ်ပုံရိုက်သူပါ ဖမ်းဖို့ အမိန့်ပေးထားတယ်လို့ သူတို့က ပြန်ပြောပြတယ် ”ဟုပြောသည်။

ဆန္ဒပြ သူများကို မိပါက ဖမ်းပေးသူများကို အပိုဆောင်း ဆုငွေ ထပ်ပေးအုံးမည် ဟု အဆိုပါ ရဲမှုးက တန်းဖြုတ် ချိန်တွင် ထီဆိုင်များ ကြော်ငြာသလို မက်လုံးပေး ပြောကြားသည်။

ဒေါ်စု အားထောင်ချလျှင်ရန်ကုန်မြို့ တွင် ဆန္ဒပြပွဲများဖြစ်ပွားလာ မည် ဆိုသည့် ဂယက်ကြောင့် လုံခြုံရေးများ တင်းကျပ်ထားသည်။

ယနေ့ အင်းစိန်ထောင် ဂိတ်ဝရှေ့တွင် ဆန္ဒပြမှု တစ်ခု ဖြစ်ပွားခဲ့သည်။ အငြိမ်းစား လေတပ်အရာရှိဟောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်ညွန့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ် ဟူသော စာသားကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် ပိတ်စ အဖြူရောင်ကို ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကြွေးကျော်ပြီး ဆန္ဒပြခြင်းဖြစ်သည် ။

ဆန္ဒပြသူ ဗိုလ်ကြီးဇော်ညွန့် အပါအ၀င် အခြား ဓာတ်ပုံ ရိုက်ကူးသူ တစ်ဦးလည်း တစ်ချိန်တည်းတွင် အဖမ်း ခံရသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်တွင်း ဖမ်းဆီးထားပြီးအမှု စတင် စစ်ဆေးသည့်နေ့မှစ၍ တက်ကြွသူ အနည်းဆုံး ငါးယောက် နှင့် ဓာတ်ပုံ ရိုက်ကူးသူ နှစ်ယောက် ထက်မနည်း ဖမ်းဆီးထားပြီး ဖြစ်သည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ ဓာတ်ပုံ ဆရာများကို ဖမ်းဆီး ခိုင်းခြင်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလက Citizen Journalists များ၏ ကြိုးပမ်းမှုကြောင့် စစ်အစိုးရ၏ လူမဆန်မှုများကို ကမ္ဘာက မျက်ဝါးထင်ထင် ဓာတ်ပုံ၊ဗီဒီယို များဖြင့်တွေ့ရှိ သွားသောကြောင့်ဟု ဆိုသည်။

source by : Freedom News Group

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */