အဖြေ

Saturday, May 23, 2009 ·

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာ၏ တစ်ခုတည်းသောအဖြေမှာ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာ့ နိုင်ငံရေး ပြဿနာသည် အနှစ်(၂၀) ကြာမြင့် ခဲ့ပါသော်လည်း တိုးတက်မှု တစ်စုံတစ်ရာ ဖြစ်မလာနိုင်သေး၊ အဘယ့်ကြောင့် ပါနည်း အမေးသာရှိပြီး အဖြေ မရှိသေးသည့် ပုစ္ဆာတစ်ခု၊ အဓိက ပြဿနာမှာ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း အားနည်းမှုကြောင့် အခုလို ပြဿနာတွေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပြဿနာတစ်ခုကို ပြဿနာတစ်ခုအဖြစ်ရှုမြင်သုံးသပ်နေပြီး ယင်းပြဿနာရဲ့ ဇစ်မြစ်ကို အဖြေ မရှာနိုင်သေး သမျှ မည်သည့် အဖြေမှ ထွက်လာနိုင်မည် မဟုတ်ပေ၊ ဟုတ်ပြီ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းလို့ စောစောက ပြောခဲ့ပြီးပါပြီ၊ ဘယ်နေရာမှာ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြမည်နည်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးပေါင်း ပါဝင် ဆောင်ရွက် ရမည် ၀န်းရံရမည်၊ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း တစ်ခုပေါ် ရောက်အောင် လုပ်ဆောင် နေသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာလျှင်ဖြစ်သည်၊ ဒါကိုဦးစွာ ပဌမ ရှင်းလင်း သေချာစွာ သဘောပေါက်ဖို့ လိုပေသည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထု ခေါင်းဆောင် အမျိုးသား ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သည်၊ဒေါ်စုသည် တိုင်းပြည်နှင့် လူမျိုးအပေါ်ဘယ်အခါမှ ကလိမ်ကကျစ်မလုပ်ဘူးခဲ့၊ ခုလည်း မလုပ်၊ နောင်လည်း လုပ်လိမ့်မည် မဟုတ်ပေ၊ ထိုအပေါ်မှာ မိမိတို့သည် ယုံယုံကြည်ကြည်ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့လိုပေသည်။

မည်သူတွေ ပူပေါင်း ပါဝင်ကြမည်နည်း

မြန်မာနိုင်ငံသည် လူတန်းစားပေါင်းစုံ ရောပြွမ်းစုဝေးနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်သည်၊ ထိုအထဲတွင် ရဟန်းသံဃာတော်များ၊ တိုင်းရင်းသားပေါင်းစုံ၊ အရပ်သူအရပ်သား၊ သူဋ္ဌေးသူကြွယ်၊ ဆင်းရဲသူ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသူ ကျောင်းသား ကုန်သည် စစ်တပ် စသည်တို့ ပါဝင်ပေသည်၊ အထက်ပါ လူတန်းစားအားလုံးတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရမည်ဖြစ်သည်။

NLD ၏ ပြတ်သားတဲ့ ဦးဆောင်မှု အောက်မှာ ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ပူးပေါင်း ပါဝင် ဆောင်ရွက်လာသော အခါ NLD သည် ပြတ်ပြတ်သားသား ဦးဆောင်မှု အမှန်တကယ်ပြုလုပ်ရမည်ဖြစ်ပေသည်၊ တွေဝေနေ၍မရ၊ နအဖ စစ်မိစ္ဆာ သန်းရွှေကို ပြတ်ပြတ် သားသား ဦးဆောင် တော်လှန်ဖို့ လိုပေသည်၊ သို့မှသာ မြန်မာနိုင်ငံ၏ အနှစ်(၂၀)ကြာ နိုင်ငံရေး ပြဿနာသည် အဖြေ တစ်ခု ထွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မျိုးချစ် ၀ံသာနု

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */