ရုံးထုတ်သည့် ဒုတိယနေ့

Tuesday, May 19, 2009 ·

အောင်သက်ဝိုင်း | အင်းစိန်ဈေးရှေ့ရှိ လူအများကြားတွင် “မနက် ၁၀ နာရီ ရုံးထုတ်မယ်တဲ့” ဟူသော အသံက ကျယ်ကျယ် လောင်လောင်ပင် ပေါ်ထွက်နေသည်။


အင်းစိန် မီးသတ်အနီး သံဆူးကြိုး အကာအရံများဖြင့် လမ်းပိတ်ထားစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မနက် ၈ နာရီ ခန့်ကပင် အင်းစိန်ဈေးရှေ့ မျိုးချစ်လမ်း အနီးရှိ လုံခြုံရေးတပ်ဖွဲ့က သံဆူးကြိုး ဘယ်ရီယာများ ချထားသော အနီးတ၀ိုက်တွင် လူအများ စုရုံးရုံး ဖြစ်နေသည်။

ယမန်နေ့ကထက် လူအင်အား မများသော်လည်း လူအများက သူတို့ချစ်သော ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုသာ တီးတိုးပြောဆိုနေကြသည်။

မနက် ၉ နာရီ ၅၀ မိနစ်အချိန် အမေရိကန်သံရုံးမှ သံ ၁/၄၃ အမှတ်တံဆိပ်အဖြူရောင် ဆလွန်း ကားတစီး အင်းစိန်မီးသတ်အနီး ပိတ်ဆို့ထားသော ဂိတ်ပေါက်မှတဆင့် ၀င်ရောက်သွားသည်ကိုလည်း တွေ့ရသည်။

အင်းစိန်ဈေးကြီးကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း ဆိုင်ခန်းအများစုမှာ ပိတ်ထားဆဲ။ အင်းစိန်ဈေးကြီး အပေါ်ထပ် တွင်လည်း ကင်မရာများ၊ ဗီဒီယို ကင်မရာ များဖြင့် မှတ်တမ်းတင် ရိုက်ကူး နေသော အရပ်ဝတ်ရဲများ က အပြည့်နေရာယူထားသည်။

အင်းစိန်ဈေးရှေ့တွင် စက်မှုဇုန်ထုတ် Light Truck ကားများပေါ်၌ ပေစုတ်စုတ်အ၀တ်အစား၊ အရက်ခိုးမပြယ် သေးသော မျက်နှာများဖြင့် အင်းစိန်ဈေးဘက်လာသော လူမှန်သမျှကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေ ကြသည့် စွမ်းအားရှင်များ၏ အင်အားကလည်း မနည်းလှ။ သူတို့မျက်နှာအားလုံးကား ရန်လိုသော ဟန်အပြည့်။ ကားအသွားအလာ ပိတ်ဆို့ထားသော အင်းစိန် ခုံးတံတားကြီးပေါ်မှ အင်းစိန်ဈေးရှေ့သို့ NLD အဖွဲ့ဝင်များ၊ ပြည်သူများကလည်းတဖွဲဖွဲ လာရောက်နေဆဲ။

အင်းစိန်ဈေးရှေ့မှ ပေါက်တောဝဘက်သို့ ထိုးဖောက်သွားနိုင်သော လမ်းသွယ်၊ လမ်းကျဉ်းများ အားလုံးတွင်လည်း လမ်းလျှောက် သွားလာ နေကြသော သူများကလည်း အပြည့်။

လူတွေအားလုံးစိတ်ဝင်စားသည်က“ဒီနေ့ဘာဖြစ်မလဲ” ၊ လမ်းသွယ်များတွင်လမ်းလျှောက်နေသူ၊ လက်ဖက်ရည် ဆိုင်များတွင် ထိုင်နေကြသူ၊ ပလက်ဖောင်းများပေါ်တွင် ငေးမောနေကြသူ အားလုံး၏မျက်နှာတွင် ပိတ်ဆို့ထား သောအင်းစိန်မီးသတ်ရှေ့ ငေးကြည့်နေပြီး တစုံတခုကို မျှော်လင့်နေကြသည်။

“နိုင်ငံခြား စစ်ကားရုပ်ရှင်တွေထဲကလို ဟတ်စကီးနဲ့ အမေရိကန်မရိန်းတပ်သားတွေ ရန်သူ့လက်ထဲရောက်နေတဲ့ သူတို့စစ်သားတွေကို ပြန်ကယ်သလို၊ အင်းစိန်ထောင်ထဲ ဟတ်စကီးနဲ့ ဆင်းပြီး အန်တီကို ကယ်ထုတ်သွားစေချင် တယ်”ဟု ပြောဆိုနေသည်က အသက် ၃၀ ကျော်အရွယ် အဖွဲ့ချူပ် အဖွဲ့ဝင်တဦး။

ကလေးတဦးလိုပင်တွေးတောပြောဆိုနေသော်လည်း သူ့ကို မည်သူမျှ မလှောင်ရက်။ ဒေါသဖြစ်နေသော စိတ်ကို ဖြေဖျောက်သည့်အနေဖြင့်ပြောဆိုနေသည်ကိုသိနေကြသည့်အတွက် သူ၏အတွေးကို အားလုံးကစာနာနားလည် ကြသည်။

“အမလေး လုပ်စမ်းပါစေ၊ သူတို့ ဘယ်လောက်လုပ်နိုင်မလဲ၊ ဘယ်သူက အမှား၊ ဘယ်သူကအမှန် ဆိုတာ လူတိုင်း သိတယ်၊ ခွေးတွေ”ဟု စူးစူးရဲရဲ ထအော်သည့် အသက် ၆၀ ကျော် အမယ်အို တဦး၏ အသံက အင်းစိန် မီးသတ်ရှေ့မှ ပေါက်တောဝ ဘက်သို့ ဖောက်ထွက်သည့် လမ်းသွယ်တခုတွင် ကျယ်လောင်စွာထွက်ပေါ်လာ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စတင်ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ပို့ဆောင်သည့် မေလ ၁၄ ရက်နေ့မှ စတင်ခဲ့သည့် လူထု၏ဒေါသက ယခုတိုင် မပြယ်သေး။ ပို၍သာ တိုးလာသည်။ ဦးဆောင်သူရှိလျှင် ဆန္ဒပြရန် ၀န်မလေးဟု ပြည်သူ တချို့က ဆိုကြသည်။

“ဒီကောင်တွေ ဒေါ်စုကို ထောင်ဒဏ်တွေ ဘာတွေမချလောက်ဘူးလို့တော့ ထင်တာပဲ၊ အခုဆိုရင် ရေဒီယိုတွေမှာ အီးယူတို့၊ အမေရိကန်တို့ နဲ့ နိုင်ငံတကာက အပြစ်တင်နေကြပြီဗျ”ဟု အင်းစိန် မဟာမြိုင် ရုပ်ရှင်ရုံအနီး လက်ဖက်
ရည်ဆိုင်တွင် အသက် ၇၀ နီးပါးရှိ အဘိုးအိုနှစ်ဦး ဆွေးနေကြသည်။

“ဟာဗျာ ကိုထွန်းကလည်း ထောင်ချချင်လို့ပဲ၊ အခုအင်းစိန်ထဲထိပို့ထားပြီးပြီ၊ နိုင်ငံတကာ မကလို့ နိုင်ငံတကာ့ အဖေပဲလာလာ ဒီကောင်တွေက သူတို့လုပ်ချင်ရာလုပ်မှာဗျ၊ ဘုရားသားပါဆိုတဲ့ ဘုန်းကြီးတောင်ရိုက်နေတာကို”
ဟု အခြားအဘိုးအိုက ပြန်လည်တုံ့ပြန်ပြောဆိုတော့ လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေသည့် သတင်းတပ်ဖွဲ့ သို့မဟုတ် စွမ်းအားရှင်အဖွဲ့ မှဖြစ်နိုင်သည့် လူနှစ်ဦးက အဘိုးကြီး နှစ်ဦးကို ကွက်ကြည့် ကွက်ကြည့် နှင့်လေ့လာ အကဲခတ်နေသည်။

အဘိုးနှစ်ဦးဆွေးနွေးနေသည့် အတိုင်းပင် မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ ဖိနှိပ်မှုများ၊ နှိမ်နင်းမှုများကြောင့် မမြင် ကွယ်ရာတွင် သေဆုံးခဲ့ရသူများ၊ လမ်းမပေါ်တွင်သော်လည်းကောင်း၊ အကျဉ်းထောင် တွင်သော် လည်းကောင်း ဝေဒနာ ခံစား နေရသူများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများ ၊ ကလေးစစ်သားများ၊ ကလေး ပြည့်တန်ဆာများ စသည့်စသည့်တို့ကို သန်း ၅၀ ကျော် ပြည်သူလူထုမှာ ဒုက္ခများခါးစည်းခံစားနေရသော်လည်း နိုင်ငံတကာဟု ခေါ်ဆိုသည့် ကုလသမဂ္ဂကြီးသော် လည်းကောင်း၊ အမေရိကန်ကြီးသော် လည်းကောင်း၊ အီးယူကြီးသော် လည်းကောင်း မကယ်နိုင်သေး။

“ရှုတ်ချပါသည်” “ပြစ်တင်ပါသည်” “အမြန်ဆုံးပြန်လွှတ်ပေးပါ” “ ဒါဟာလူမဆန်တဲ့လုပ်ရပ်” “အခြေအနေကို စိုးရိမ် ပါတယ်” “တိုးတက်တဲ့လက္ခဏာတွေမြင်တွေ့ချင်ပါတယ်” စသည့် စသည့် လေသေနတ် စကားလုံး များဖြင့်သာ နိုင်ငံတကာ အသိုင်းအ၀န်းက ပြောဆိုခြင်းဖြင့် အချိန်ကုန်ဆဲ။ သန်း ၅၀ကျော်သော လူထုမှာကား ငတ်သူ ငတ်၊ ပြတ်သူပြတ် ဖြင့် အကြောက်တရားအောက် ဒူးထောက်နေရဆဲ။

လူထု၏ မျှော်လင့်ချက်က ဒေါ်စု၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ သမီးပင်။

အင်းစိန်မီးသတ်ရှေ့တွင် နေ့လယ် ၁၂ နာရီတိတိရှိနေပြီ။ ပူပြင်းလှသောနေရောင်ကြောင့် သတင်းတပ်ဖွဲ့ရော၊ စွမ်းအားရှင်ရော၊ NLD လူတွေရော၊ သာမန်အရပ်သူအရပ်သားတွေရော လူမှန်သမျှ ချွေးတပြိုက်ပြိုက်။

အများစုသော လူအများက အင်းစိန်ထောင်ရှေ့ဆီသို့ လှမ်းမျှော်နေကြဆဲ။ ယခုအချိန်အထိ ဘာမှဖြစ်မလာ သေးသော်လည်း တစုံတခုကို မျှော်နေကြဆဲ။ နေ့တိုင်းလည်း မျှော်နေကြမည့် အရိပ်လက္ခဏာများက သူတို့ အားလုံး၏ မျက်နှာတွင် အထင်းသားပေါ်လွင်ဆဲ။

source by : ဧရာဝတီ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */