နအဖတွေ ဒေါ်အောင်ဆန်း စုကြည်ကို လုပ်ကြံဖို့ အပျောက်ရှင်းဖို့ လုပ်နေပါပြီ ဆိုတာ အထူးသတိပေး လိုက်ပါရစေ။

Thursday, May 7, 2009 ·

နအဖသတင်းစာပါ ရေးသားချက်တွေဟာ သံသယရှိဖွယ် အချက်တွေ တွေ့ ရှိရပါတယ်။

မေလ (၅) ရက်နေ့ ညပိုင်းချိန်မှာ ရေကူးပြီး ပြန်ထွက်လာတယ်လို့ ဆိုထားပြီး၊ မေလ (၆) ရက်နေ့  မနက်ပိုင်း ၅) နာရီခွဲမှာ ရေကူး ခပ်နေတုန်း တွေ့ရှိတယ် ဆိုတော့ အင်းလျားကန်လို ရေကန်မျိုးက တစ်ညလုံး ရေကူခပ်ရ လောက်အောင် အင်မတန် ကျယ်ဝန်းပါရဲ့ လားဆိုတာ အင်းလျားကန်မှာ ရေကူးဖူးကြသူတွေ သိကြပါတယ်။ အင်းလျား ကန်ထဲမှာ ရေထဲမှာ တစ်ညလုံးနေပြီး မနက်ရောက်မှ တွေ့ရတယ် ဆိုတာ နအဖတွေ လန်ကြုတ် ဆင်တဲ့ ဇာတ်လမ်း တစ်ပုဒ်လို့ သံသယရှိရပါတယ်။

နောက်တစ်ခုက ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ တိတ်တဆိတ် ၀င်ရောက် နေထိုင်ခဲ့တယ်လို့  ရေးသား ထားတာဟာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်လို အမျိုးသမီးကောင်း တစ်ဦးရဲ့ ဂုဏ်သိက္ခာကို စော်ကား လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို မိန်းမကောင်း မိန်းမမြတ်တစ်ဦးကလည်း ညအချိန်မတော်ကြီး ခိုးပြီးဝင်ရောက်လာတဲ့ လူစိမ်း ယောင်္ကျား တစ်ယောက်ကို လက်ခံ တွေ့ဆုံတာမျိုးဟာ ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်ပါဖူး။

ယခုလို ဇတ်လမ်းဆင်တဲ့ဟာမှာလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ် လုံခြုံရေးကို အပြည့်အ၀ တာဝန်မယူ ထားဖူးဆိုတာ ၀န်ခံသလို ဖြစ်နေပါတယ်။

နအဖရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပေါ် လုပ်ကြံမှုတွေဟာ တစ်မျိုးပြီး တစ်မျိုး လုပ်ဆောင် လာတာကို တွေ့ရ ပါတယ်။ အရင်ကတည်းက သတင်းစာတွေထဲမှာ စောင်းမြောင်းပုတ်ခတ်ရေးသားခဲ့ကြတယ်။ စောင်းမြောင်း ပုတ်ခတ်ရေးသားရာ ကနေ ဒီပဲယင်း မေ (၃၀) လိုမျိုးမှာ အကြမ်းဘက် တိုက်ခဲ့တယ်။

အခုလည်း ဇတ်လမ်းအကွက်ဆင်ပြီး ယုတ်မာပက်စက်တဲ့ ဥာဏ်နီဥာက်နက်နဲ့  လုပ်ကြံပြန်ပြီ။ တစ်ဘက်ကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂုဏ်သိက္ခာ အရှက်တရားကို ထိခိုက်အောင် လုပ်ကြံသလို၊ လုံခြုံရေးအတွက်လည်း စိတ်မချရဘူးဆိုပြီး ဒီထက်ပိုဆိုးတဲ့ တင်းကြပ် ချူပ်ချယ်မှုတွေနဲ့  ပြည်သူလူထု မြင်ကွင်းကနေ ပျောက်အောင် လုပ်လာနိုင်တယ်။

အလွန်ဆုံးပြောရရင် နေအိမ်ထဲကို လူစိမ်းဝင်ရောက်တယ်လို့  ဆိုထားပြီး တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ အမည်မသိလူတစ်ဦး (သို့ ) လူတစ်စုကနေ လုပ်ကြံ လိုက်တယ်လို့ ဆိုပြီး ကျွန်တော်တို့ ရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အစီအစဉ် ဖြစ်လာနိုင်တယ်။

နအဖတွေ ကြံစည်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့  အတုအယောင် အစိုးရကလည်း မကြာခင် ဖြစ်အောင် လုပ်နေတာဆိုတော့ နအဖတွေ အနေနဲ့ အန်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပျောက်ရှင်းဖို့  လုပ်လာနေတာ တွေ့ နေရပါတယ်။

ဒီအတွက် ကျွန်တော်တို့  အားလုံးကနေ ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ် လုံခြုံရေးနဲ့  လူသတ်ကောင် နအဖတွေ လက်က လွတ်မြောက်ရေးဟာ ကျွန်တော်တို့  ပြည်သူ တစ်ဦးချင်းစီ တိုင်းမှာ တာဝန်ရှိနေပါပြီ။ ထိုနည်းတူ ကမ္ဘာ့ကုလသမဂ္ဂနဲ့  နိုင်ငံတကာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေမှာလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို ပါးစပ်ကနေ ချီးကျူးနေ ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်နေရုံနဲ့  မရပါဖူး၊ လက်တွေ့ ကယ်တင် စောင့်ရှောက်ဖို့  လိုပါပြီ။

ကျွန်တော်တို့  ပြည်သူတွေကလည်း ကိုယ်ရဲ့ အမျိုးသား ခေါင်းဆောင် လူထု ခေါင်းဆောင်ကို လစ်လျူမရှူထားကြပါနဲ့။

source by : ကိုနစ်နေမန်း

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */