ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့  သမိုင်းဝင် နေရာတစ်ခု ဖြစ်တဲ့ ဗုဒ္ဒဘာသာဝင်တို့  အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက် ဆုတောင်းဖို့  ကြိုးစားခဲ့ပါတယ်။ အဲ့ဒီ အောင်မြေ နေရာ ရောက်တဲ့ အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတစ်ဦး တစ်ယောက်တည်း ထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာတွေ့ ရပါတယ်။
ဒါနဲ့  အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့  ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရား လုံခြုံရေး နှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေ အကာအ၀န်းထဲမှာ ၀င်ရောက် ဆုတောင်း နေသူက နအဖ မိသားစုဝင် တစ်ဦးဖြစ်လို့ ဆိုတာ သိရပါတယ်။အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့  မည်သူ့ ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီး အနီးအနားကို ငှက်များ ပျံသန်း ရောက်ရှိ လာတာကို မောင်းထုတ် နေတာ တွေ့ ရပါတယ်။
မေးချင်တာကတော့ - ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက် သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်း ၀တ်ပြုခွင့် မပေးရ လောက်အောင် ပြည်သူပိုင် နေရာ မြေဒေသကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မောင်ပိုင် စီးထားရ သလား ဆိုတာပါ။
(ရွှေတိဂုံ မြတ်စေတီတော် အောင်မြေမှာ ၀တ်ပြု ဆုတောင်းခွင့် မရခဲ့တဲ့ ပြည်သူတစ်ဦး)။
source by : ကိုနစ်နေမန်း
ရွှေတိဂုံဘုရား အောင်မြေနေရာအား နအဖမိသားစုဝင်တစ်ဦးမှ အပိုင်စီးနေရာယူထားခြင်း။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |
0 ရဲ့ အမြင်:
Post a Comment