အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများ ထောင်ရှေ့တွင် ပိုများလာ

Tuesday, May 19, 2009 ·

တင်ကျော်ကျော်စိုး | အင်းစိန်ထောင်တွင်း တရားစွဲဆို ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အဖွဲ့ကြီးက လွှတ်ပေးရန် တောင်းဆို မှုကြောင့် ပြည်သူများမှာ အားတက်လာပြီး ယနေ့ အင်းစိန်ထောင်ရှေ့တွင် ပိုမို စုမိလာ နိုင်ခဲ့သည်။


ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု သတင်း
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း ကိစ္စတိုင်းတွင် တုံဏှိဘာဝေ နေလေ့ ရှိသည့် အာဆီယံက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ရန်ကုန်မြို့ ခံများမှာ အထူးအားတက်မိကြသည် ဟု သိရသည်။

အင်းစိန်ထောင်ရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ တစ်ဦးကမူ “ကျွန်တော် တို့က မနေ့က မရောက်ဘူး ဒီနေ့မနက် အဆီယံကပါ လွှတ်ပေးဖို့ တောင်းဆိုနေပြီ ပြောတာနဲ့ လာကြတာ ဒီကိုရောက်ဖို့ တစ်နာရီလောက် လမ်းလျှောက်လာ ရတယ်” ဟု Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သူ့ကို တရားစွဲဆို ထားသူများနှင့် ရုံးတင် စစ်ဆေးနေသည့် သတင်းကို ယမန်နေ့က မြန်မာ့အသံ နှင့် မြန်မာ့ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီး ယနေ့ ထုတ် သတင်းစာများတွင် ဖေါ်ပြထားသဖြင့် ပြည်သူများက ပို၍ ထောက်ခံမှုရှိ နိုင်ကြောင်း သတင်းသမား တစ်ဦးက ပြောသည်။

ယနေ့ မနက် အစောပိုင်း ကတည်းက အင်းစိန်ထောင် ရှေ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားပြီး ဦးဝင်းတင် အနီးကပ် စောင့်ကြည့် နေသည် ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတ ဆာကိုဇီ၏ ဇနီးဖြစ်သူကလည်း တောင်းဆို ထားသည်။

source by : Freedom News Group

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */