ရွေးကောက်ပွဲ ၁၉ နှစ်ပြည့်ရန်ကုန်မြို့ တွင် ဖေါက်ခွဲရေးသမား၂၉ ဦးရောက်နေပြီဟု စစ်အစိုးရ လိုလားသော အုပ်စုများကစာဝေ |
ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲဆို ထားခြင်းသည် နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိသဖြင့် ဥပဒေ နှင့် အညီ ဆက်လက် အရေးယူမည်ဟု ကြေညာခဲ့သည်။
နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် နေအိမ် အကျယ်ချုပ်ဖြင့် ကန့်သတ် ထားသော ကာလအတွင်း၂၀၀၉ ခုနှစ် မေလအတွင်း သူမ၏ နေအိမ်သို့ တရားမ၀င် လျှို့ဝှက် ၀င်ရောက် လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်ထော အား နှစ်ရက်တိုင်နေထိုင်ခွင့်ပြုခြင်း၊ လက်ခံ စကားပြောခြင်း အစားအသောက်များ ကျွေးမွေးခြင်း တို့ကြောင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ချက်ကို ဆက်လက် လုပ်ဆောင်မည်ဟု ကြေညာ သွားခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများအား ယခင် လများက လွှတ်ပေးခဲ့ပြီးဖြစ်သောကြောင့် စစ်အစိုးရ အနေဖြင့် လမ်းပြမြေပုံပါ အချက်များ အတိုင်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ပြီး ပဉ္စမ အဆင့် ဖြစ်သည့် ရွေးကောက်ပွဲကို ဆက်လက်၍ လုပ်ဆောင်သွားမည် ဟု ကြေညာခဲ့သည်။
ထိုကြေညာချက် နှင့် ပတ်သက်၍ ရန်ကုန်မြို့ ရှိ သတင်းစာဆရာ ကြီးတစ်ဦးက “ဝေ့လည် ကြောင်ပတ်နဲ့ ပြောသွားတာ လေ UNSC ရဲ့ တောင်းဆိုချက် ကို အီရန် တို့ မြောက်ကိုရီးယား တို့လို ဗြောင် မဆန့်ကျင်ရဲ ဘူးပေါ့။နိုင်ငံရေး အကျဉ်းသားတွေကိုလဲ ပြန်လွှတ်ဖို့ မစဉ်းစားဖူးပေါ့ နိုင်ငံရေး အကျိုး သက်ရောက်မှု ကတော့ နအဖက မရှိဘူးပြောတယ် ။ဒါပေယ့် ဖြစ်လာမယ့် အကျိုးဆက် ကိုတော့ နအဖ ရင်ဆိုင် ရမှာပဲ ဟု Freedom News Group သို့ ပြောသည်။
သတင်းတွင် ယမန်နေ့ကလည်း အင်းစိန် ထောင်တွင်းရှိ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ခင်ရီ နှင့် တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်သိန်း ဒုရှေ့နေ ချုပ် ဦးမြင့်နိုင်တို့ ၁၀/က ၁၀/ခ ပုဒ်မတို့  နှင့် ပတ်သက်၍ ပြောဆိုမှုများကို ထုတ်လွှင့်ခဲ့သည်။
(ထို သတင်းနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် နိုင်ငံရေး လှုပ်ရှားသူ ဦးကျော်လင်းဦး၏ သုံးသပ်ချက်)
ဒေါ်စုကို တရားရုံးတင်ပြီး တရာစွဲတာဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုမရှိဘူးလို့ ပြောတာ အံ့သြတယ်။ ခု အဲဒါဘယ်လောက် အကျိုး သက်ရောက်မှုတွေ ရှိနေလဲဆိုတာ အာစီယံ အပါအ၀င်၊ လုံခြံုံရေး ကောင်စီတို့၊ ဥရောပသမဂ္ဂ တို့၊ နောက်အမေရိကန်တို့က ကျယ်ကျယ်လောင်လောင်ပြောဆိုလာတာဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုပဲပေါ့။ နောက်ပြီး အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေအပါအ၀င် ကိုယ်စာလှယ်ပေါင်း ၁၀၀၀ ကျော်နဲ့တွေ့ဆုံးဆွေးနွေးရေးဖြစ်ခဲ့တယ်ဆိုတာလဲ အငြင်းပွားဖွယ်ပဲ။ အဲဒီလို စစ်အစိုးရဘက်က တရားဝင် ကြေငြာချက် ထုတ်တာကို ဘာမှ မပြောလိုပေမယ်၊ ဒါဟာ ပြသနာတွေကို ဖြေရှင်းတာ မဟုတ်ဘူး ဆိုတာ သူတို့ဟာ သူတို့လဲ သဘော ပေါက်ပါတယ်။ ဒီကြေငြာချက်ကြောင့် အခု လုံခြုံရေး ကောင်စီ အပါအ၀င် နိုင်ငံတကာက ဝေဖန်နေတဲ့ ဖိအား ပေးမှုတွေ ရပ်သွားမှမဟုတ်သလို၊ သူတို့ပြောသလို ဒေါ်စုကို ဥပဒေအရ ဆက်လက် အပြစ်ပေး ထောင်ချသွားမယ် ဆိုယင် ပြည်ပကနေ သာမကပဲ ပြည်တွင်းမှာပါ အုံကြွမှုတွေ ဖြစ်နိုင်တယ်။ စစ်တပ်အတွင်းက မကျေနပ်မှုတွေ ပေါက်ကွဲလာပြီး စစ်အစိုးရ အတွက် ခုထက်ပိုဆိုးတဲ့ အနေအထားကို ရောက်သွားမှာ ဖြစ်တယ်။ ခုဆိုယင် အပစ်အခတ်ရပ် တိုင်းရင်းသားတွေကို နယ်ခြား စောင့်တပ် ဖွဲ့ရေး ကိစ္စဟာ မရေရာတဲ့ အနေအထားမှာရှိနေတယ်။ ဒီအခြေအနေမှာ ဒေါ်စု နဲ့ အယင်ပြေလည်အောင် လုပ်ပြီးမှ တိုင်းရင်းသား အရေးကို ကိုင်တွယ် သင့်တယ်။ ဒါမှမဟုတ်ယင် တခြားနိုင်ငံတွေရဲ့ ပယောဂတွေ ပါလာပြီး တိုင်းရင်းသား တွေကို နယ်ခြား စောင့်ဖွဲ့ရေး၊ ဒါမှမဟုတ် လက်နက်ဖြုတ်သိမ်းရေးဟာ အောင်မြင်မှာ မဟုတ်ဘူး ဟု ဦးကျော်လင်းဦးက ပြောသည်။
source by : Freedom News Group









0 ရဲ့ အမြင်:
Post a Comment