လုံခြုံရေးအတွက် သတိပေးချက်များ။

Thursday, May 21, 2009 ·

သတိပေးချက် (၁)။

ဓါတ်ပုံမှတ်တမ်းများဖေါ်ပြရာမှာလည်း အမှန်တကယ်လှုပ်ရှားသူ နိုင်ငံရေးသမားများကို ကာကွယ် ပေးနိုင်မယ့် ပုံမျိုး တင်စေလိုပါတယ်။

ဓါတ်ပုံ မှတ်တမ်းကြောင့် ထောင်ထဲ ရောက်သွားတဲ့ ခေါင်းဆောင်တွေ လှုပ်ရှားကြသူတွေ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အချို့ လက်ကျန် ခေါင်းဆောင်အချို့ပုံကို သတိထား ဖေါ်ပြစေလိုပါတယ်။ ဓါတ်ပုံကို အနည်းငယ် ၀ါးလိုက်တာမျိုး၊ မျက်နှာ အနည်းငယ် မမြင်အောင် လုပ်တာမျိုးလုပ်ပြီးမှ တင်စေလိုပါတယ်။

နောက်ကျောမှပုံ၊ ဘေးမှ ရိုက်ထားတဲ့ပုံမျိုးဆိုရင် ပို အဆင်ပြေမယ်ထင်ပါတယ်။ ပုံတွေက တင်ပြီးတာနဲ့ စစ်ထောက်လှမ်းရေးရဲ့လက်ထဲ ထည့်လိုက်သလို ဖြစ်သွားရင် အားလုံး နောက်နေ့ ထောင်ထဲ ရောက်သွား နိုင်ပါတယ်။

ဒါကြောင့်လူတွေက မသွားရဲသေးဘဲ အနောက်ကနေ စောင့်ကြည့် နေကြတာပါ။ တကယ် ဖြစ်လာရင် အားလုံးသူ့ အလိုလိုပါလာမှာပါ။ ရွှေဝါရောင် တော်လှန်ရေးကို ကြည့်ရင် ကျွန်တော်တို့ မြန်မာတွေ ဘာကြောင့် ငြိမ်နေတာလဲ ဆိုတာရယ်။ တကယ်ဖြစ်ရင် အားလုံး ၀င်ပါလာတယ် ဆိုတာ အားလုံး ကိုယ်တွေ့ ဖြစ်ပါတယ်။

သတိပေးချက် (၂)။

အီးမေးလ်များ Reply ပြန်တဲ့ email ကို Proxy ကျော်ပြီး ပြန်စေချင်ပါတယ်။ Email ကနေ ပို့တဲ့ လူရဲ့ လိပ်စာ အနီးဆုံးကို email header ကနေတဆင့် သိနိုင်ပါတယ်။

သတိပေးချက် (၃)။

စစ်ထောက်လှမ်းရေးနဲ့ ပက်သက်တဲ့သူများက DoTs နည်းနဲ့ အများဆုံး တိုက်ခိုက်တဲ့အတွက် ကြိုပြင်ဆင် ထားစေချင်တယ်။ Data တွေ Backup ကြိုလုပ်ထားပြီး Web/Blog Site ခွဲ တစ်ခု ကြိုလုပ်ထားရင် ပိုအဆင်ပြေ နိုင်ပါတယ်။

သတိပေးချက် (၄)။

ကိုယ့်ဖက်က လှုပ်ရှားမှုသတင်းကို သိုသိုသိပ်သိပ် လုပ်ကြပါ။ ဦးဆောင်နေသူတွေ လှုပ်ရှားနေသူတွေ ဘယ်သွားမယ် ဘာလုပ်မယ် ဆိုတာတွေကို အင်တာဗျူးတွေမှာ ကြိုပြောနေတာဟာ နအဖကို ကြိုသတင်းပေး သလို ဖြစ်နေပါတယ်။ သတင်းဌာနတွေ အွန်လိုင်းတွေ ကနေ အသုံးချရာနေရာလိုဖြစ်နေပြီး နအဖကို တစ်ဘက်လှည့်နဲ့  အသိပေးနေသလို ဖြစ်နေပါတယ်။

သတင်းဌာနများ၊ အွန်လိုင်းပေါ်တွင် သတင်းရေးခြင်း ပြောခြင်းများကို ပညာသားပါပါ ဆောင်ရွက်ကြပါ။ နအဖဟာ ဒီဖက်က သတင်း လွှင့်တာတွေကို စုဆောင်းပြီး ကြိုတင် စီစဉ်မှုတွေ အကွက်ချနေပါတယ်။ သတင်းဖေါ်ပြလိုဇော သတင်းဦးလိုဇော သတင်းပါလိုဇောနဲ့  သတိမမူဘဲ မလုပ်ကြပါနဲ့ ။ ပြောချင်သလို အထိန်းသိမ်းမဲ့ မပြောကြပါနဲ့ ။ သတင်းကိုလည်း စီစစ်ပါ။ လာသမျှသတင်း အကုန်လုံး တင်တာ အကုန်လုံး ဖေါ်ပြတာတွေ သတိထားကြပါ။ နအဖ သဘောကျ သတင်းတွေ မဖြစ်ပါစေနဲ့ ။

မြန်မာပြည်အရေးဟာ သတင်းဖေါ်ပြနေရုံသက်သက် မီဒီယာအလုပ်မဟုတ်ပါဖူး။ မီဒီယာတွေမို့  ဘက်မလိုက်ဖူး သတင်း ဖြစ်ရင် ပြီးရော ဆိုပြီး မလုပ်ကြပါနဲ့ ။ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့  တိုက်ပွဲဝင်နေရဆဲ ဖြစ်လို့  မီဒီယာသမားတွေအနေနဲ့ လည်း တော်လှန်ရေး သမားလို စိတ်ထားပြီး တော်လှန်ရေး သတိရှိကြပါစေ။ မြန်မာပြည်ဟာ မလွတ်လပ်သေးပါဖူး။ လွတ်လပ်တဲ့နိုင်ငံတွေမှာ ရှိနေတဲ့ ကျင့်သုံးနေတဲ့ မီဒီယာ ကျင့်ထုံးတွေ အတိုင်း ကျင့်သုံးလို့ မရပါဖူး။ မိမိရဲ့  မီဒီယာ လုပ်ဆောင်မှုကြောင့် အာဏာရှင်ကို ဆန့် ကျင်နေတဲ့ သူတွေ ဒုက္ခ ပြန်မရောက် ပါစေနဲ့ ။

တော်လှန်ရေးအသိ တော်လှန်ရေး သတိနဲ့  အထူးသတိထားကြပါ။

(ပြည်တွင်းမှ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရသူများထဲမှာ အချို့ မှ ပြောကြား သတိပေးလာတာ ဖြစ်ပါတယ်)။

source by : ကိုနစ်နေမန်း

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */