“သူ့ကြောင့်မို့ လူတယောက် - - - အဖမ်းခံရတာ မလိုလားဘူး”

Friday, May 15, 2009 ·

ဒေါ်စု၏နေအိမ်သို့ ၀င်ရောက်မှုဖြင့် အဖမ်းခံထားရသူ ဂျွန်ဝီလျံယက်တောကို အမေရိကန် ကောင်စစ်ဝန် ယမန်နေ့က သွားရောက် တွေ့ဆုံစဉ် အာဏာပိုင်တို့ ၀ိုင်းဝန်း လေ့လာနေပုံ။

ဘီဘီစီ အင်တာဗျူး မိုးမခ | ရှေ့နေကြီး ဦးကြည်ဝင်းသည် ယမန်နေ့ကရော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ယနေ့ နံနက်ပိုင်း တွင်လည်း အင်းစိန်ထောင် အတွင်းရှိ တရားရုံးတွင် ထပ်မံတွေ့ဆုံခွင့် ရခဲ့သည်။ အာဏာပိုင်တို့ ယနေ့ စွဲဆို လိုက်သည့် အမှုနှင့် ပတ်သက်ပြီးလည်း တိုင်ပင် ပြောဆို ကြသည်ဟု သိရသည်။

တရားစွဲတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောပါသလဲ။

ဒေါ်စုက အဲဒီ (နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူ ဘေးအန္တရာယ် ကာကွယ်တဲ့ ဥပဒေ) ပုဒ်မ ၂၂ ကို ဖတ်ပြီးပြီ။ သူ သိတယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာလည်း အဲဒါကို အတူတူဖတ်ကြတယ်။ သတ်မှတ်ထားတဲ့ တားဆီးချက်က

(၁) အချက်က သံရုံးများ၊

နံပတ် (၂)က နိုင်ငံရေး အဖွဲ့အစည်းများ၊

နံပတ် (၃) က နိုင်ငံရေး အဖွဲ့အစည်းများနဲ့ နွယ်သူများ

(ခ)ကျတော့ ဒီခြံထဲမှာ နေရမယ်။ ဘယ်မှ မသွားရဘူး။ ပြင်ပကိုလည်း တယ်လီဖုန်း မိုဘိုင်းလ် တို့နဲ့ ဆက်သွယ်မှုများ ဘယ်နည်းနဲ့မှ မပြုရဘူး ဆိုပြီးတော့ တားထားတယ်။

အဲဒီတော့ သူက အဲဒီ တားမြစ်ချက် အမိန့်လည်း သူသိတယ်။ သူပြောပြတယ်၊ ကျမ ဒါတွေ မကျူးလွန်ပါဘူး တဲ့။ ဟုတ်တယ်လေ ဘယ်လိုလုပ် ကျူးလွန်မှာလဲ။

ဟိုဆရာက ရေကူးပြီးလာတယ်၊ ရေကူးလာတုန်းကလည်း မြင်တာ မဟုတ်ဘူး၊ ကမ်းပေါ်ရောက်ပြီးမှ မြင်တာ၊ လာပါ လာပါလို့လည်း လက်ရပ်ခေါ်တာ မဟုတ်ဘူး။ သူ့ဟာသူ ဘယ်လိုလုပ် လုံခြုံရေးလိုင်းကို ဖြတ်သန်းပြီး ရောက်လာလည်း မသိဘူး။

ဒေါ်အောင်ဆန်းစုကြည်က လူစိမ်းတယောက်လာတယ် ဆိုရင် အာဏာပိုင်တွေဘက်ကို အကြောင်းကြားရမယ့် တာဝန်ရော မရှိဘူးလား။

မရှိဘူးဗျ။ ရှိတယ်လို့လည်း ရေးမထားဘူး။ အပ်ကို အပ်ရမယ်လို့ မဆိုဘူး၊ လုံးဝ။ ကန့်သတ်ချက်မှာ လူစိမ်းတွေ လာရင် တိုင်ကြားရမယ် ဆိုတဲ့ဟာ ထည့်ထားရင်တော့ သူတာဝန်ရှိမှာပေါ့။

သူပြောပြတာနော်၊ ဒေါ်စု ကိုယ်တိုင်က ပြောပြတာ၊ ဒီမှာ ကျမတို့လူတွေလည်း ဖမ်းတာ ဆီးတာ အများကြီး ဖြစ်နေတယ်၊ အဲဒီတော့ သူ့ကြောင့်မို့ လူတယောက် အာဏာပိုင်တွေလက်ထဲ အဖမ်းခံရတာ မလိုလားဘူး၊ မဖြစ်လည်း မဖြစ်ချင်ဘူး၊ မလုပ်ချင်ဘူးပေါ့၊ ဒါပဲ။

source by : မိုးမခ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */