ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် ဖုဖယားမြို့နယ်ရှိ လေးဆယ့်လေး ကီလို ကျေးရွာအား ထိုင်းနယ်ခြား စောင့်စစ်တပ်မှ ဖျက်ဆီးခိုင်းသဖြင့် နယ်မြေအတွင်း တောင်ယာစိုက်ခင်းများတွင် အလုပ်လုပ် နေကြသော မြန်မာအလုပ်သမား အမြောက်အများ နေအိမ်များကို ဖျက်ဆီးပြီး သစ်တောများအတွင်း ပုန်းအောင်း နေထိုင်နေရကြောင်း သိရသည်။
နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)ရှိသဖြင့် နေအိမ်ကို ဖျက်စရာမလိုပဲ တစ်နေ့ကို ဘတ်ငွေ (၈၀)ဖြင့် စိုက်ပျိုးရေးအလုပ် လုပ်နေသော ဒေါ်မြင့်ဝင်းက “ဘတ်မရှိတဲ့လူတွေ အကုန်လုံးကို ဖျက်ခိုင်းပါတယ်။ ကလေး တွေနဲ့ တောထဲမှာ ပုန်းနေရတယ်။ သုံးလေးဝင်းက ဖျက်ရတာဆိုတော့ အိမ်ခြေ (၁၀၀) လောက် ရှိလိမ့် ထင်တယ်။ ဖျက်တာ သုံးရက်လောက်ရှိပါပြီ။ မနက်ဖြန်လောက် ဆိုရင် ပြန်လာကြည့်မယ်ထင်တယ်။ အခုခြောက်အိမ် ခုနစ်အိမ်လောက်ပဲရှိပါပြီ” ဟု ပြောသည်။
တောင်ယာတွင် အလုပ်လုပ်နေသော ပဲခူးတိုင်း ဝေါမြို့နယ်မှ အသက်၁၅ နှစ်အရွယ် မမိုးမိုးအေးက “သမီးတို့ ရာသီပင် စိုက်ပါတယ်။ သမီးရောက်တာ (၂)နှစ်လောက်ရှိပါပြီ။ တစ်နေ့ကို ဘတ်(၈၀)ရပါတယ်။ လုပ်လိုက် စားလိုက်ပါပဲ။ အိမ်ကိုလည်း ပိုက်ဆံပြန်မပို့နိုင်ပါဘူး” ဟုပြောသည်။
အမည်မဖေါ်လိုသော စေတနာ့ဝန်ထမ်းတစ်ယောက်က “အဲဒီလေးဆယ့်လေးကီလိုရွာမှာ ရွှေ့ပြောင်း အလုပ်သမားပေါင်း ရှစ်ထောင် ကနေ တစ်သောင်းလောက်အထိရှိမယ်။ ဖုဖယားမြို့နယ် တစ်ခုလုံးဆိုရင်တော့ ခုနစ်သောင်းလောက်ရှိပါမယ်။ ဘတ်မရှိတဲ့အိမ်တွေကို ဖျက်သိမ်းခိုင်းတယ်။ မဖျက်လို့ရှိရင် မီးဝင်ရှို့မယ်လို့ နယ်ခြားစောင့်တပ်က ရွာလူကြီးတွေကို ပြောသွားပါတယ်။ အခု လောလော ဆယ်တော့ လူအရောက်အပေါက် နည်းပြီး ကားတွေဝင်ထွက်လို့မရတဲ့ သစ်တောတွေထဲမှာ မြန်မာအလုပ်သမားတွေ ပုန်းရှောင် နေရပါတယ်။ တောထဲမှာ တစ်ထောင့်လေးငါးရာလောက်ရှိမယ်ထင်တယ်။ နောက်ရက်တွေမှာ ဒီထက်များလာမယ်လို့ ခန့်မှန်းရပါတယ်။ အိမ်တွေက ဖျက်တုန်းပဲရှိပါသေးတယ်ခင်ဗျ” ဟု ပြောပြသည်။
အဆိုပါဒေသအတွင်း လူတစ်ရာတွင် ဆယ်ဦးခန့်သာ အလုပ်လုပ်ကိုင်နေထိုင်ခွင့်လက်မှတ် (ဘတ်) ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ပေးရန်မှာလည်း မလွယ်ကူနိုင်သကဲ့သို့ ဘတ်မရှိသဖြင့် အလုပ်သမားများ မှာလည်း အလုပ်အကိုင်ဆက်လက်လုပ်ကိုင်ရန် ခက်ခဲနေကြောင်း သိရသည်။ ထို့အပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ဖြစ်စေ၊ လုပ်ငန်းရှင်များအနေဖြင့် ဖြစ်စေ ဤကိစ္စရပ်များအား ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကိုင် ဆောင်ရွက် နိုင်မှ အားလုံး အတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း စေတနာဝန်ထမ်းများက ပြောသည်။
source by : http://ghre.org/mm/index.php?option=com_content&view=article&id=279:2009-04-04-08-48-57&catid=1:latest-news&Itemid=54
ထိုင်းနယ်ခြားစောင့်တပ်မှ မြန်မာအလုပ်သမားများနေထိုင်ရာရွာကို ဖျက်ဆီးခိုင်းသဖြင့် အလုပ်သမားများ တိမ်းရှောင် နေထိုင်နေရ
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment