မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရမှု နှင့် သေဆုံးမှု များရှိ

Wednesday, April 15, 2009 ·

ညွန့်သက်ထားဦး | မြန်မာ သင်္ကြန် အကျနေ့ဖြစ်သည့် ဒုတိယမြောက်နေ့ တွင် ရန်ကုန်မြို့တွင် ယာဉ်တိုက်မှု တစ်ရာထက် မနည်းရှိခဲ့ပြီး ရန်ကင်း ပြည်ထဲရုံး အနီးရှိ ရန်ကင်း ပိုက်လုံးကြီးခုံး အဆင်းတွင်မူ အရှိန်မထိန်း နိုင်သည့် ဟိုင်းလ(စ်) ကားတစ်စီးက ဆရာစံလမ်းနှင့် စက်မှု ၁ လမ်းထောင့်ရှိ ပန်းခြံကို ၀င်တိုက်ရာ ထိုကား ပေါ်ပါလာ သူ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရပြီး ရန်ကင်းစင်တာ အနီးရှိ ပုပ္ပား ဆေးခန်းသို့  အရေးပေါ် တင်လိုက်ရသည် ဟု မျက်မြင် တွေ့ရှိသူများက Freedom News Group သို့ ပြောသည် ။

တောင်ဥက္ကလာ မီးသတ် အနီးရှိ သစ္စာလမ်းထောင့် ယာဉ်တိုက် မှုမှာ အစိုးရ ရုံးများသုံး E 2000ကားက သင်္ကြန်လည် ပတ်သည့် အမိုးဖြုတ် အဖြုရောင် ပါဘလစ်ကာ ကားကို ၀င်တိုက်ခြင်း ဖြစ်ပြီး ပါဘလစ်ကာ ကားပေါ်ပါလာသည့် အမျိုးသမီး တစ်ဦးဒဏ်ရာ အပြင်းအထန်ရသည် ဟု သတင်းရရှိသည်။

မန္တလေးတွင်မူ ယနေ့ ည ရှစ်နာရီခန့် က ညဘက် လျှောက်လည်သည့် စက်မှုဇုန်ထုတ် ဂျစ်ကားတစ်စီး အရှိန်လွန်၍ ကျုံးဘေးရှိ တရုတ်တန်း ဈေးဟောင်း ရထားသံလမ်း အုတ်တံတိုင်းကို ၀င်တိုက်မိရာ ထိုကား ပေါ်တွင် လိုက်ပါလာသူ တစ်ဦးသေဆုံးသည်။

ရန်ကုန် သင်္ကြန်တွင် ခိုက်ရန်ဖြစ်ပွားမှု များရှိရာ ရန်ကုန်-အင်းစိန် လမ်းမကြီးသုခ လမ်းထိပ်ရှိ ခိုက်ရန် ဖြစ်ပွားမှုတွင် ရေပက်ခံကားနှစ်စီးမှ လူငယ်များ လမ်းတစ် လျှောက် အချင်းများလာကြခြင်း ဖြစ်ပြီး ထိုနေရာ အရောက်တွင် ကားရပ်၍ ကားပေါ် ပါလာသူများ မှ အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ကျရာ ရပ်ကွက်သားများက ဒန်အိုးများကို တီး၍ တားမြစ်ရသည်။

ယခုနှစ် ရန်ကုန် အတာသင်္ကြန် မှာ စည်ကားမှုရှိပြီး နေပြည်တော် သင်္ကြန်ကို စည်ကား အောင်ပြုလုပ်မည် ဟု ဆိုသော်လည်း နေပြည်တော် ၀န်ထမ်း တစ်ဦးက သာမန် မျှသာဖြစ်သည် ဟုပြောသည်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */