စာပေ စီစစ်ရေး မိသားစုများ သင်္ကြန် ပျော်ပါးနိုင်ရန် ဂျာနယ် တစ်စောင်လျှင် နှစ်သောင်း အနည်းဆုံး ထည့်ရ

Monday, April 6, 2009 ·

ညွန့်သက်ထားဦး | နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံ ၏ စာပေ ဆင်ဆာဘုတ် ဖြစ်သည့် စာပေ စီစစ်ရေး ရုံးအဖွဲ့ဝင် မိသားစု များ၏ သင်္ကြန် အကြိုနေ့ မတိုင်ခင် ရုံးတွင်း စတုဒီသာ အလှူလုပ်ရန် နှင့် သင်္ကြန် ကာလ အတွင်း ပျော်ပါး နိုင်ရန် အတွက် ဂျာနယ်များကို တရားဝင် အလှူကောက်ခံခြင်း ပြုရာ ဂျာနယ် တစ်စောင်လျှင် အနည်းဆုံး နှစ်သောင်းမှ တစ်သိန်း ထိထည့် ၀င်ရသည်ဟု ဆိုသည်။

ဗဟန်းဝင်္ကပါလမ်းရှိ စာပေစီစစ်ရေးရုံးတွင် အကြိုနေ့ မတိုင်ခင် စတုဒီသာ ကျွေးမွေးပွဲ နှင့် ဖျော်ဖြေပွဲ အတွင် ဂျာနယ် မဂ္ဂဇင်းများ ကလည်း ရံပုံ ငွေ ထည့်ဝင် ရသလို ထိုနေ့ ဖျော်ဖြေပွဲ အတွက် အဆိုတော် များကလည်း အခမဲ့လာ ရောက် ဖျော်ဖြေရမည် ဟုသိရသည်။ နာမည်ကျော် လူငယ် ပေါ(ပ်) အဆိုတော် တစ်ဦးက “သမီးတို့ လည်း သင်္ကြန်နဲ့ မအားရတဲ့ထဲမှာ ဘယ်ဆိုချင်ပါ့ မလဲ၊ ဒါပေမယ့် သူတို့ ကလာဆို ပေါ့ခေါ် တော့လည်း သွားဆို ရတာပေါ့ သမီးတို့ သီချင်း စာသားတွေ ဆင်ဆာ ကျဖို့ ကသူတို့ လက်ထဲမှ ပဲ ရှိတာ ဆိုတော့ ဘယ်တတ် နိုင် မလဲ” ဟုFreedom News Group သို့ ပြောသည်။

စာပေစီစစ်ရေး အလှုအတွက် ဂျာနယ် ၊မဂ္ဂဇင်း များမှ တရားဝင် အလှုကောက်ခံခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို့မှ သတင်းထောက် တစ်ဦးကမူ “အလှုခံကတည်း ဘယ်လောက် လှူရမလဲ ဆိုတာ ပြောပြီးသား ပေါက်တဲ့ ဂျာနယ်ဆို အနည်းဆုံး ငါးသောင်း ပေးရတယ်၊ ကျွန်တော် တို့ က ဂျာနယ် နှစ်စောင် ထုတ်တယ် တစ်စောင်က သိပ်ရောင်း မကောင်းသေးလို့  ငါးသောင်းပဲ ယူပါလို့ မနေ့  ကသွားပြီး တောင်းပန် ပြောရတယ် ”ဟု ပြောသည်။

စာပေ စီစစ်ရေးသည် ယခင်အပတ် က Eleven Media Group မှ လာဘ်ငွေ သိန်းဆယ် ဂဏန်းထက် မနည်းယူ၍ သူနှင့် နာမည်တူ သည့် Lucky Eleven ၀ီစကီ၏ ကြော်ငြာများကို အခြားဂျာနယ်များတွင် ကြော်ငြာခွင့် မရရန် ပိတ်ပင်တားမြစ် ပေးခဲ့သည် ဟု ရန်ကုန် စာပေ အသိုင်းအ၀ိုင်းတွင် ပြောဆို နေကြသည်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */